Health

ညဘက် အိပ်မပျော်စေတဲ့ အကြောင်းအရင်း ၈ ချက်

Want create site? Find Free WordPress Themes and plugins.

လေ့လာတွေ့ရှိချက်တွေအရ ၂၇ ရာခိုင်နှုန်းသောသူတွေဟာ အမြဲတမ်းလိုလို ညအိပ်မပျော် ဖြစ်နေကြပြီး ၇၃ ရာခိုင်နှုန်း ကတော့ တခါတရံ ညဘက် အိပ်မပျော်တတ်တာကို တွေ့ရှိခဲ့ကြပါတယ်။

ညအိပ်မပျော်တိုင်း ကျန်းမာရေးမကောင်းလို့ ချည်းပဲ မဟုတ်ပါဘူး။ မအိပ်ခင် မသိဘဲ လုပ်မိလိုက်တဲ့ အပြုအမူတွေကြောင့် ညဘက် အိပ်မပျော်တတ်ကြတာပါ။ ဒါကြောင့် ပညာရှင်တွေက ညမအိပ်ခင် မလုပ်သင့်တဲ့ အပြုအမူတွေကို ပြောပြထားပါတယ်။

(၁) ဆေးလိပ်သောက်ခြင်း

 

 

နီကိုတင်းဓာတ်ဟာ ကဖင်းဓာတ်လိုပါပဲ ခန္ဓာကိုယ် လန်းဆန်းနေအောင် လှုံ့ဆော်ပေးပါတယ်။ နှလုံးခုန်နှုန်း မြန်စေသလို၊ သွေးခုန်နှုန်းနဲ့ ဦးနှောက်ကို လှုံ့ဆော်စေတဲ့ဓာတ်ပါ။ ဒါကြောင့် မအိပ်ခင် ဆေးလိပ်သောက်မယ်ဆိုရင် ညအိပ်ပျော်မှာ မဟုတ်ပါဘူး။ အရမ်းပင်ပန်းနေလို့ အိပ်ပျော်သွားရင်တောင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ပါဘူးတဲ့။

ဆေးလိပ်သောက်သူတွေဟာ သာမန်လူတွေထက် ညအိပ်မပျော်တဲ့ရောဂါ ဖြစ်နိုင်ချေ ပိုများပါတယ်။ ဆေးလိပ်မသောက်ဘဲ မနေနိုင်ရင်တောင် အိပ်ခါနီး ၂ နာရီလောက်ဆို မသောက်သင့်ပါဘူး။

(၂) ရေသောက်ခြင်း

 

 

ခန္ဓာကိုယ် ရေဓာတ်ရအောင် ရေများများသောက်ဖို့ လိုတယ်ဆိုပေမယ့် ညအိပ်ခါနီး ရေအရမ်း သောက်တာ မကောင်းပါဘူး။ အိပ်ခါနီး ရေများများသောက်ထားရင် ညဘက် ခဏခဏထပြီး ဆီးသွားရသလို မျက်ရည်အိတ် ဖောင်းတာမျိုးလည်း ဖြစ်တတ်ပါတယ်။

ဒီလိုပြောလိုက်လို့ ညနေတည်းက ရေမသောက်ဘဲ နေစရာ မလိုပါဘူး။ ည မအိပ်ခင်အချိန်လေး ကပ်ပြီးတော့ ရေအများကြီး မသောက်ဖို့ပဲ လိုတာပါ။

(၃) တရေးတမောအိပ်ခြင်း

 

 

နေ့ခင်းနေ့လည် တရေးတမော အိပ်တာက ကျန်းမာရေးနဲ့ သင့်တော်ပေမယ့် ညနေစောင်းရောက်မှ တရေးတမော အိပ်လိုက်မိတာက ညအိပ်မပျော်အောင် လုပ်လိုက်မိသလိုပါပဲ။ ဒါကြောင့် တရေးတမော အိပ်ချင်တယ်ဆိုရင် နေ့လည် ၁ နာရီကနေ ၄ နာရီအတွင်းပဲ အိပ်ပါ။ ညအိပ်မရတဲ့သူတွေကို လေ့လာကြည့်ရင် အချိန် ခါမဟုတ် အိပ်တတ်ကြသူတွေ ဖြစ်နေတတ်ပါတယ်။

(၄) လျှပ်စစ်ပစ္စည်း သုံးခြင်း

 

 

ညမအိပ်ခင် ဖုန်းသုံးတာဖြစ်ဖြစ်၊ ကွန်ပျူတာသုံးတာဖြစ်ဖြစ် အိပ်မပျော်စေပါဘူး။ မအိပ်ခင်လေး ဖုန်းသုံးမယ့်အစား အကျိုးလည်းရှိအောင် စာဖတ်တဲ့အကျင့်ကို လုပ်ပါ။ ပြီးတော့ ညမအိပ်ခင် မနက်ဖြန်လုပ်မယ့် အစီအစဉ်တွေကို ကြိုဆွဲထားတာ၊ ကြိုစဉ်းစားထားတာကလဲ အိပ်မပျော်စေတဲ့ အကြောင်းရင်းတွေပါ။

(၅) လေ့ကျင့်ခန်းလုပ်ခြင်း

ပုံမှန်အားဖြင့်တော့ မအိပ်ခင် လေ့ကျင့်ခန်းလုပ်တာက သင့်ကို နှစ်နှစ်ခြိုက်ခြိုက်တောင် အိပ်ပျော်စေတာပါ။ ဒါပေမယ့်လည်း အလွန်အကျွံ လုပ်မိတဲ့အခါ အိပ်မပျော်ဘဲ မျက်စိကြောင် နေတတ်ပြန်ပါတယ်။ အထူးသဖြင့် လေ့ကျင့်ခန်းလုပ်ပြီး ရေပူနဲ့ ရေချိုးလိုက်ရင် အာရုံကြောစနစ်ကို နိုးကြွသွားစေလို့ အိပ်မပျော်ဖြစ်ရတာပါ။

(၆) ဆေးသောက်ခြင်းနဲ့ စိတ်လှုပ်ရှားခြင်း

ညအိပ်မပျော်လို့ဆိုပြီး အိပ်ဆေးတွေသောက်တာက ခဏတာအတွက်ပဲ အဆင်ပြေပေမယ့် ရေရှည် ဆွဲသောက်တဲ့အခါ အိပ်ဆေးမသောက်ဘဲ မနေနိုင်တဲ့ရောဂါ ဖြစ်တတ်ပါတယ်။ အိပ်ဆေးကို စွဲလန်းသွားပြီး ဆေးမှမသောက်ရင် အိပ်မပျော် တော့တဲ့အထိ ဖြစ်သွားတာပါ။ ဒီလိုပါပဲ ညအိပ်ရာ မဝင်ခင် စိတ်လှုပ်ရှား အော်ဟစ်လိုက်ရင် နှလုံးခုန်နှုန်းမြန်လာပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်မှုကို နှောင့်ယှက်ပါတော့တယ်။

(၇) ရေပူနဲ့ ရေချိုးခြင်း

လူတော်တော်များများက ညအိပ်ရာ မဝင်ခင် ရေပူနဲ့ရေချိုးတာ အညောင်းအညာပြေပြီး အိပ်ပျော်တယ်လို့ ထင်တတ် ကြပါတယ်။ ဒါပေမယ့် ဆရာဝန်တွေရဲ့ လေ့လာစမ်းသပ်ချက်တွေအရ ပုံမှန်အပူချိန်ထက် မြင့်လွန်း၊ နိမ့် လွန်းတဲ့ရေနဲ့ ချိုးလိုက်ရင် တကိုယ်လုံး ပေါ့ပါးလန်းဆန်းသွားလို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်အောင် နှောင့်ယှက်တတ်ပါတယ်။

(၈) အိမ်မွေးတိရစ္ဆာန်တွေနဲ့ အတူအိပ်ခြင်း

အိမ်မွေးတိရစ္ဆာန် ချစ်သူတွေကတော့ သူတို့ကလေးလေးတွေနဲ့ အတူအိပ်၊ အတူစားရတာကို သဘောကျကြတာပါ။ ဒါပေမယ့်လည်း သူတို့နဲ့အတူတူ အိပ်တာကြာလာတဲ့အခါ ရောဂါပိုးမွှားတွေကို ကူးစက်နိုင်သလို၊ သူတို့လေးတွေက မကြာခဏ လှုပ်ရှားတာကြောင့် သင့်အိပ်စက်မှုကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။

Ref: Bright Side

Did you find apk for android? You can find new Free Android Games and apps.
Loading