နှုတ်ခမ်းနီ အမြဲဆိုးလေ့ ရှိတဲ့ အမျိုးသမီးတွေအတွက် Lip Scrub က တကယ် အရေးပါပါတယ်။ Scrub လုပ်တာက ဆဲလ်အသေ ကွာကျပြီး အသစ်ပြန်ဖြစ်စေတာကြောင့် ပုံမှန်လုပ်ပေးမယ်ဆိုရင် ပန်းသွေးရောင် သမ်းတဲ့ နှုတ်ခမ်းသားကို ပိုင်ဆိုင်မှာဖြစ်ပြီး အိမ်မှာပဲ အလွယ်တကူ လုပ်ကြည့်နိုင်မယ့် နည်းလမ်းတွေ ဝေမျှပေးလိုက်ပါတယ်။
(၁) အုန်းသီးနဲ့ ပျားရည်
အုန်းဆီ၊ ပျားရည်၊ သကြားနဲ့ရေ အနည်းငယ်ရောပြီး လုပ်ကြည့်ပါ။ လွယ်ကူသလို ထိရောက်မှုလည်း ရှိပါတယ်။ ညင်သာတဲ့ ဘရပ်ရှ်နဲ့ ပွတ်တိုက်ဖို့တော့ မမေ့နဲ့နော်။
(၂) သစ်ကြံပိုးခေါက်
သကြားညို လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ သံလွင်ဆီ ဇွန်းတဝက်၊ ပျားရည် ဇွန်းတဝက်၊ သစ်ကြံပိုးခေါက်မှုန့် ဇွန်းတဝက်စာ ရောပြီး နှုတ်ခမ်းကို ပွတ်ကြည့်ပါ။
(၃) သကြား
သကြားညိုတဇွန်း၊ သကြားဖြူတဇွန်း၊ ပျားရည် တဇွန်း၊ သံလွင်ဆီ ဇွန်းဝက်ရောပြီး ခွက်ထဲမှာ ထည့်မွှေပါ။ ပြီးရင်တော့ Scrub လုပ်ကြည့်လို့ရပါတယ်။
(၄) သံပုရာသီး
ပျားရည် ဇွန်းဝက်၊ သကြားဖြူ ဇွန်း ဝက်၊ ညှစ်ထားတဲ့ သံပုရာရည် ဇွန်းတဝက်ကို ရောနှောပါ။ နူးညံ့တဲ့ဘရပ်ရှ် (သို့မဟုတ်) သင့်လက်နဲ့ နှုတ်ခမ်းသားကို ညင်သာစွာ ပွတ်တိုက်ပေးပါ။
(၅) ကော်ဖီ
ကော်ဖီချစ်သူတွေအတွက်ကတော့ ကော်ဖီမှာ အသုံးဝင်တာတွေ အများကြီးရှိတယ်နော်။ ကော်ဖီနဲ့ Body scrub လုပ်တာအပြင် အခုတော့ Lip scrub လုပ်လို့ရမယ့် နည်းလမ်း ဝေမျှပေးမယ်နော်။ ကော်ဖီမှုန့်စစ်စစ် (သကြားမပါ) လက်ဖက်ရည်ဇွန်း တဇွန်းစာနဲ့ သံလွင်ဆီ ဇွန်းတဝက်စာ ရောပြီး နှုတ်ခမ်းကို နှိပ်နယ်ပေးရုံပါပဲ။
(၆) ချောကလက်
သကြား ၂ ဇွန်း၊ ချောကလက်မှုန့် ဇွန်း ဝက်နဲ့ သံလွင်ဆီ ၁ ဇွန်းလိုအပ်ပါတယ်။ သကြားနဲ့ချောကလက်မှုန့်ုကို ရောပါ။ ပြီးရင်တော့ သံလွင်ဆီ ရောနှောပြီး Scrub လုပ်ကြည့်လို့ ရပါတယ်။
(၇) လက်ဖက်စိမ်း
လက်ဖက်စိမ်းထုပ် ၂ ထုပ်၊ သကြားဖြူ (သို့) ညို ၁ ဇွန်း၊ သံလွင်ဆီ ဇွန်းဝက်၊ ပျားရည် ၂ ဇွန်း၊ လာဗင်ဒါဆီ ၁၀ စက်လောက် လိုအပ်ပါတယ်။ ပြီးရင်တော့ Scrub လုပ်ကြည့်ပါ။
အရမ်းကို လွယ်ကူပြီး မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ စမ်းကြည့်လို့ရပါတယ်။ တခုသတိပြုရမှာက Scrub လုပ်တာက ဆဲလ်အသေတွေ ကွာကျပြီး အသစ်ဖြစ်တာကြောင့် အစိုဓာတ် ပြန်ရအောင် လုပ်ဖို့တော့လိုပါတယ်။ အဲဒီအတွက် Llip Balm လေးတွေသုံးသင့်ပါတယ်။
Ref ; brit.co/homemade-lip-scrubs