Health

ဉာဏ်ရည် ထက်မြက်သူတွေက အခြားသူတွေထက် အရက် ပိုသောက်ကြောင်း လေ့လာတွေ့ရှိ

ဒီသုတေသန လေ့လာချက်ဟာ လူသားတွေ ကမ္ဘာပေါ် စတင်ဖြစ်တည်ခဲ့တဲ့ အချိန်နဲ့ နှိုင်းယှဉ် လေ့လာခဲ့ကြတာဖြစ်ပြီး သဘာဝဖြစ်စဉ် အသစ်တခုလည်း ဖြစ်ပါတယ်။ ရှေးလူသားတွေ လက်ထက်ကတည်းက အရက်ကို ဖန်တီးသောက်သုံးခဲ့ကြတဲ့ အမူအကျင့်ဟာ စွဲစွဲမြဲမြဲ ပြုလုပ်ခဲ့ကြတဲ့ ဓလေ့တခုလည်း ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက မက်ဆိုပိုတေးမီးယားနဲ့ တရုတ်နိုင်ငံမှာ အရက် သောက်သုံးခြင်းနဲ့ ဖန်တီးနိုင်မှု စွမ်းအားဟာ ထပ်တူညီမျှကြောင်းကို ယုံကြည်ခဲ့ကြပါတယ်။

လက်ရှိအချိန်မှာတော့ UK နဲ့ US နိုင်ငံတွေမှာ လူငယ်တွေရဲ့အသိဉာဏ်ဖွံ့ဖြိုးမှုနှုန်းဟာ အယ်လ်ကိုဟော သောက်သုံးမှုနဲ့ ဆက်စပ်နေတာကြောင့် အရွယ်ရောက်ပြီးသူတိုင်းကို လွတ်လပ်ခွင့် အတိုင်းအတာ တခုအနေနဲ့ ပေးအပ်ထားဆဲ ဖြစ်ပါတယ်။ လူမှုဆက်ဆံရေး နယ်ပယ်မှာဆိုရင်လည်း အယ်လ်ကိုဟော သောက်သုံးမှုဟာ အဆင်ပြေချောမွေ့စေပြီး လူ့အဖွဲ့အစည်းတခုရဲ့တိုးတက်မှုနဲ့ တနည်းမဟုတ် တနည်းနဲ့ ဆက်စပ်နေကြောင်း သုတေသနမှတ်တမ်းတွေအရ သိရပါတယ်။

ရှေးခတ် ရောမနဲ့ တခြားသော အင်ပါယာတွေမှာ ရှေးယခင်တည်းက အရက်သောက်သုံးခြင်းနဲ့ အုပ်ချုပ်မှု စွမ်းအားကို သြဇာရှိစေခဲ့ပြီး မိမိတို့တိုင်းပြည်ကို စည်ပင်ဝပြောစေခဲ့ကြောင်း သမိုင်း အချက်အလက်တွေအရ သိရပါတယ်။

အယ်လ်ကိုဟော ဓာတ်ဟာ စိတ်ကူး အကြံဉာဏ်ကောင်းတွေကို ပိုမိုပိုင်ဆိုင်နိုင်စေတာကြောင့် လုပ်ငန်း အကြောင်းတွေ ဆွေးနွေးကြတဲ့အခါ ဆွေးနွေးမှုရဲ့ရလဒ်ကောင်းတွေကို ဖော်ဆောင်နိုင်တယ်လို့လည်း သုတေသနအချက်အလက်တွေက ဖော်ပြနေပါတယ်။

လူအများစုဟာဆိုရင်လည်း စိတ်ဖိစီးမှုတွေနဲ့ လုပ်ငန်းဆိုင်ရာ အခက်အခဲ အကြပ်အတည်းတွေကို အယ်လ်ကိုဟော သောက်သုံးခြင်းဖြင့် ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ကြပြီး ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်သူတွေကတော့ သူတို့ရဲ့သောက်သုံးမှုနှုန်းထားဟာ သူ့အကန့်အသတ်နဲ့သူ တည်ရှိနေတာပဲ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း သုတေသနလေ့လာချက်တွေရဲ့ တခြားသောတဖက်မှာ အယ်လ်ကိုဟော အလွန်အကျွံ သောက်သုံးခြင်းဟာ ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတဲ့ အချက်ကိုတော့ လွန်ဆန်လို့ မရနိုင်သေးပါဘူး။

Ref ; thedailynet.com

Loading