ကိုယ်တွင်း အရည်ဓာတ် မခန်းခြောက်အောင် နေ့စဉ် ရေ ၂ လီတာလောက် သောက်ပေးသင့်တယ်လို့ သတ်မှတ်ကြ ပါတယ်။ ကော်ဖီ၊ လက်ဖက်ရည် သောက်နေကျသူဆို တနေ့ကို ပျှမ်းမျှ ၂.၇ လီတာလောက် သောက်ကြတယ်လို့ ဆိုပါတယ်။
အရည်ဓာတ်ဆိုတာ ကိုယ်ခန္ဓာအတွက် အလိုအပ်ဆုံးမို့ အရင်တုန်းကတော့ ရေကို သောက်နိုင်သလောက်သောက်ပေးတာ အကောင်းဆုံးပဲလို့ ဆိုကြပေမယ့် ဒါဟာ လွဲမှားနေတဲ့ အကြံပြု ချက်တခုဆိုတာ သိလာရပါပြီ။
ရေကို နေ့စဉ် လုံလုံလောက်လောက် သောက်သုံးသင့်တယ်ဆိုပေမယ့် “တန်ဆေးလွန်ဘေး” ဆိုတဲ့ စကားအတိုင်း ဘယ်အရာမှ အလွန်အကျွံဖြစ်တာ မကောင်းပါဘူး။ ရေမသောက်လို့ ရေဓာတ်ခန်းခြောက်ခြင်း ဖြစ်နိုင်သလို ရေအသောက် လွန်လို့လည်း ရေဓာတ်လွန်ကဲခြင်း ဖြစ်လာရပါတယ်။
ခန္ဓာကိုယ်က ပုံမှန်ထက် ရေအရမ်းသောက်ချင်လာတာမျိုးနဲ့ ရေသောက်ပေမယ့် ပြန်မစွန့်ပစ်ဘဲ ကိုယ်ထဲအိုင်နေတာ မျိုးအခြေအနေတွေမှာ ရေဓာတ်လွန်ကဲခြင်း ဖြစ်နိုင်ပါတယ်။
တချို့ရောဂါအခြေအနေတွေကြောင့်လည်း မလိုအပ်တဲ့ အရည်တွေကို ခန္ဓာကိုယ်က ပြန်မစွန့်ထုတ်နိုင်တာမျိုးကြောင့်လဲ ဖြစ်နိုင်ပါတယ်။ Schizophrenia, MDMA (ecstasy လို့ လူသိများပါတယ်), antipsychotic drugs, diuretics ဆေးဝါး တွေက လိုအပ်တာထက် ရေများများပိုသောက်မိစေပါတယ်။
ရေသောက်များလာခြင်းရဲ့ နောက်ထပ်အကြောင်းရင်းကတော့ ကိုယ်တွင်းအငံဓာတ်နဲ့ Electrolytes တွေ အားပျော့ သွားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေမှာ သွေးတွင်းဆိုဒီယမ်ပမာဏ အလွန်အမင်းကျ ဆင်းသွားပြီး Hyponatremia ဖြစ်စဉ်ကို ဖြစ်စေနိုင်ပါတယ်။
ဒီ့ထက်ဆိုးရွားသွားတယ်ဆိုရင် အသက်အန္တရာယ် သေဆုံးတဲ့ထိ ဖြစ်နိုင်ပါတယ်။ သေဆုံးတဲ့ ဖြစ်စဉ်မျိုးက ရှားပါးတယ် ဆိုပေမယ့်လည်း သတိလျော့လို့မဖြစ်ပါဘူး။
ကျန်းမာတဲ့လူတယောက်ရဲ့ ဆီးအရာင်က အဝါရောင်ဖျော့ဖျော့ရှိပြီး လုံးဝအရောင်မပါတော့ဘူးဆိုရင် သင့်ခန္ဓာကိုယ်မှာ ရေဓာတ်လွန်ကဲနေတဲ့အခြေအနေဆိုတာ ပြနေပါပြီ။ ရေဓာတ်လွန်ကဲခြင်းဖြစ်နိုင်သူတွေကတော့ ချွေးအရမ်းထွက်တဲ့ လှုပ်ရှားမှုတွေကို ပြုလုပ်နေတဲ့ ပြေးခုန်ပစ် အားကစားသမားတွေ၊ လှေလှော်သမားတွေ၊ စစ်ရေးလေ့ကျင့်နေရတဲ့ စစ်သားတွေနဲ့ တောင်တက်သမားတွေဟာ ဖြစ်နိုင်ချေ အခွင့်အလမ်းများပါတယ်။
ရေဓာတ်လွန်ကဲခြင်းရဲ့ ရှေ့ပြေးလက္ခဏာတွေက မူးဝေအော့အန်ခြင်းနဲ့ ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ စိတ်မတည်မငြိမ် ဖြစ်လာခြင်းတွေရှိပြီး စိုးရိမ်စရာအခြေအနေရောက်နေပြီဆိုရင်တော့ ကြွက်သားတွေ အားနည်းလာမယ်၊ ကြွက်တက်မယ်၊ လှုပ်ရှားနေရာက မလုပ်နိုင်လောက်အောင် တုံ့ခနဲရပ်သွားမယ်၊ သတိမေ့မျောသွားရာကနေ သတိပြန်မလည်လာတော့ပဲ ကိုမာ (coma) ထိဖြစ်သွားနိုင်ပါတယ်။
အသက်အန္တရာယ် စိုးရိမ်ရတဲ့ထိဖြစ်နိုင်တဲ့ ရေဓာတ်လွန်ကဲခြင်းဖြစ်လာပြီဆိုရင် ဘယ်လိုကုသမလဲ။ ပုံမှန်ထက် ရေမကြာ ခဏမသောက်ဖြစ်တော့အောင် ရပ်တန့်လိုက်ပါ၊ ဆီးကတစ်ဆင့် အရည်ဟောင်းတွေ ပြန်စွန့်ထုတ်နိုင် အောင် ဆီးများများ သွားနိုင်အောင် ကြိုးစားပါ။
သောက်နေတဲ့ဆေးတွေကြောင့်လို့ထင်ရင် ဖြတ်လိုက်ပါ၊ အရေး ပေါ် အခြေအနေထိ ဖြစ်မလာခင် နီးစပ်ရာဆေးရုံ၊ ဆေးခန်းမှာ သွားရောက်ကုသသင့်ပါတယ်။
Ref: Healthline