လေ့ကျင့်ခန်းတွေ လုပ်နေပေမယ့် ကိုယ်အလေးချိန် မကျတာမျိုးတွေ လေ့ကျင့်ခန်းလုပ်ရမှာ ပျင်းပြီး အလွန်အကျွံ Diet လုပ်နေသူတွေအတွက် အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံး ဝိတ်ချနည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ကိုယ်အလေးချိန် လျှော့ချနေသူတွေအတွက် ပထမဦးဆုံး လုပ်ရမယ့် အလွယ်ကူဆုံး နည်းလမ်းကတော့ အိပ်ရေးဝဝ အိပ်ဖို့ပဲ ဖြစ်ပါတယ်။ လေ့လာချက်တွေအရ တနေ့မှာ အိပ်ချိန် ၇ နာရီခန့် ရှိခြင်းက ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို မှန်ကန်စေတဲ့အပြင် ကယ်လိုရီတွေကိုပါ လောင်ကျွမ်းစေနိုင်တယ်လို့ ဆိုပါတယ်။
(၂) ပရိုတင်းဓာတ်ဟာ သာမန်လူတွေအတွက်ရော ဝိတ်ချနေသူတွေ အတွက်ပါ မရှိမဖြစ် လိုအပ်တဲ့ ဓာတ်တမျိုး ဖြစ်ပါတယ်။ ပရိုတင်းဓာတ်ဟာ ကယ်လိုရီလောင်ကျွမ်းမှုနဲ့ အဆီပိုတွေကို ချေဖျက်ပေးရာမှာ အထောက်အပံ့ ဖြစ်စေတာကြောင့် ပရိုတင်းဓာတ် ပါဝင်တဲ့ ကြက်ဥ၊ပဲအမျိုးမျိုးနဲ့ အစေ့ အဆံတွေကို အသားတွေအစား ပိုမိုစားပေးသင့်ပါတယ်။
(၃) ကယ်လိုရီတွေကို မြန်မြန်ဆန်ဆန်နဲ့ အလွယ်ကူဆုံး လောင်ကျွမ်းပေးနိုင်တဲ့ နည်းလမ်းကတော့ လမ်းများများ လျှောက်တာမျိုးနဲ့ အိမ်အလုပ်တွေကို ကိုယ်တိုင်ဝင်လုပ်တာမျိုး၊ ဓာတ်လှေကား အသုံးမပြုဘဲ လှေကားပဲ အသုံးပြုတာမျိုး စတာတွေပဲ ဖြစ်ပါတယ်။ ဒီနည်းလမ်းတွေဟာ တနာရီမှာ၂၀ ကနေ ၅၀ ကယ်လိုရီအထိ လောင်ကျွမ်းစေနိုင်ပါတယ်။
(၄) ကိုယ်အလေးချိန် လျှော့ချနေသူတွေကြား နိုင်ငံတကာမှာ ရေပန်းစားနေတဲ့ နည်းလမ်း တခုကတော့ “6/60 Rule” ဆိုတဲ့နည်းလမ်းပဲဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ အရမ်းခ က်ခက်ခဲခဲကြီးတော့ မဟုတ်ပါဘူး။ မိနစ် ၆၀ ကြာ အလုပ်ထိုင် လုပ်ပြီးတိုင်း ၆ မိနစ်ခန့် ထပြီး ကိုယ်လက်လှုပ်ရှား ပြုလုပ်ပေးတာပဲ ဖြစ်ပါတယ်။
(၅) ဝိတ်ချနေသူတွေအတွက် နောက်ထပ်အလွယ်ကူဆုံး နည်းလမ်းကတော့ ပီကေဝါးတာပဲ ဖြစ်ပါတယ်။ ပီကေဝါးခြင်းဟာ မျက်နှာပေါ်က အဆီပိုတွေကို လျော့ကျစေနိုင်တဲ့အပြင် မေးနှစ်ထပ် ဖြစ်ခြင်းနဲ့ လည်ပင်းတဝိုက်က ကြွက်သားတွေကို သန်မာစေပြီး ကယ်လိုရီလောင်ကျွမ်းမှုကို အထောက်အကူ ဖြစ်စေပါတယ်။
ဆက်စပ် သတင်းလင့်ခ် – ဘောလိဝုဒ် အကသင်ပြသူ “Ganesh Acharya” ရဲ့ ပေါင် ၁၈၀ ကျော် ဝိတ်ချနည်း
Ref ; www.rd.com