သကြားညိုဟာ သင့်မျက်နှာအရေပြားအတွက် ကောင်းကျိုးတွေ အများကြီး ရှိပါတယ်။ သူက Alpha Hydroxy Acid (AHA) ကြွယ်ဝပြီး အရေပြားကို ထိုးဖောက်ဝင်ရောက်ကာ ဆဲလ်အသစ်တွေ ပြန်လည် ဖြစ်စေပါတယ်။ ဒါ့အပြင် အရေပြားကို ဆိုးကျိုးဖြစ်စေတဲ့ ဓာတ် မပါဝင်သလို Exfoliate လုပ်ဖို့အတွက် အကောင်းဆုံး ပါဝင်ပစ္စည်း တခုပါ။ ဒါဆိုရင် သကြားညို သုံးပြီး Scrub လုပ်လို့ရမယ့် နည်းလမ်းတွေ မျှဝေ ပေးပါမယ်။
(၁) အုန်းဆီ သုံးမယ်
လိုအပ်တာက သကြားညို ခွက်တဝက်စာ၊ သဘာဝအုန်းဆီ စစ်စစ် ခွက်တဝက်စာ၊ နှစ်သက်ရာ ဆီ (နှင်းဆီရည်၊ လာဗင်ဒါဆီ၊ သံလွင်ဆီ) ၂ စက်၊ ၃ စက်တို့ကို ခွက်တခုထဲမှာ ရောမွှေပြီး မျက်နှာမှာ ၁၀ မိနစ်ခန့် လိမ်းပေးပါ။ ဒီနည်းလမ်းအတိုင်း တပတ် တကြိမ်လောက် လုပ်ပေးနိုင်ပါတယ်။
(၂) အုတ်ဂျုံမှုန့် သုံးမယ်
သကြားညို လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ အုတ်ဂျုံမှုန့် ၁ ဇွန်း၊ ပျားရည် (အချိုမပါ) ၁ ဇွန်း၊ သံလွင်ဆီ (သို့မဟုတ်) ကြိုက်နှစ်သက်ရာ ဆီ ၁ ဇွန်း လိုအပ်ပါတယ်။ သကြားညိုနဲ့ အုတ်ဂျုံမှုန့်ကို Blender နဲ့ ကြိတ်ချေပြီး ခွက်ထဲ ထည့်ပါ။ နောက်ထပ် ပါဝင်ပစ္စည်းတွေကို ခွက်ထဲ ရောမွှေပြီး မျက်နှာကို နှိပ်နယ်ပေးပါ။ တပတ် ၂ ကြိမ် လောက် စမ်းကြည့်နိုင်ပါတယ်။
(၃) ပန်းသီး ရှာလကာရည် သုံးမယ်
အဆီပြန်တဲ့ သူတွေအတွက် ဒီ Scrub က သင့်တော်ပါတယ်။ သကြားညို လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ အုတ်ဂျုံမှုန့် ခွက်ဝက်ခန့်၊ ပန်းသီး ရှာလကာရည် ၁ ဇွန်း၊ သံပုရာရည် ၁ ဇွန်း အသုံးပြုရပါမယ်။ ပါဝင်ပစ္စည်း အကုန်ရောနယ်ပြီး ၁၀ မိနစ်ခန့် မျက်နှာကို ပေါင်းတင်ပေးပါ။ တပတ် ၂ ကြိမ်လောက် စမ်းကြည့်နိုင်ပါတယ်။
Ref ; www.stylecraze.com