သွေးအမျိုးအစားတူသူတွေရဲ့ စိတ်နေသဘောထားနဲ့ ကျန်းမာရေးတွေဟာ များသောအားဖြင့် တူနေတတ်ပါတယ်။၁၉၃၀ ခုနှစ်မှာ ဂျပန်နိုင်ငံ မှာရှိတဲ့ Tokegi Furukawa က သွေးအမျိုးအစားတွေနဲ့ လိုက်ပြီး လူတွေရဲ့ စိတ်သဘောထားနဲ့ ခံနိုင်ရည်တွေ မတူဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။
သွေးအမျိုးအစားနဲ့လိုက်ပြီး စိတ်နေသဘောထားမတူတဲ့အကြောင်းတွေကို ဂျပန်ရိုးရာအရ “ketsueki-gata”လို့ ခေါ်ပါတယ်။
သွေးအမျိုးအစားအလိုက် သင့်ရဲ့ ခံနိုင်ရည်၊ရောဂါဖြစ်နိုင်ချေတွေကို သိပ္ပံပညာရှင်တွေဟာ ၂၀ရာစုအလယ်လောက်က စတင်ပြီး သိရှိခဲ့တဲ့ အချက်အလက်တွေကို ပြောပြပေးချင်ပါတယ်။
(၁) အေသွေး
အကယ်၍များသင်ဟာ အေသွေးပိုင်ရှင်တယောက်ဖြစ်ခဲ့မယ်ဆိုရင် သင်ဟာ အေသွေးနဲ့ အေဘီသွေးပိုင်ရှင်တွေကို သွေးနီဥ လှူဒါန်းနိုင်ပါတယ်။ အေသွေးပိုင်ရှင်တွေဟာ စိတ်ဖိအားပေးတဲ့ ဟော်မုန်းထုတ်လုပ်မှုများပြီး တခြားသွေး ပိုင်ရှင်တွေထက် အစာအိမ်ကင်ဆာဖြစ်နိုင်ချေ ၂၀ ရာခိုင်နှုန်းမြင့်ပါတယ်။
ကင်ဆာဖြစ်နိုင်ချေများတဲ့အပြင် ပန်ကရိယကင်ဆာနဲ့ သွေးကင်ဆာလည်းဖြစ်နိုင်ပါတယ်။ဘီဘီစီသတင်းမှာ ဖော်ပြချက် အရ အေသွေးပိုင်ရှင်တွေဟာ ငှက်ဖျားရောဂါတွေကိုလည်း ခုခံနိုင်ချေနည်းတယ်လို့ ဆိုပါတယ်။ဂျပန်ရိုးရာ “ketsueki-gata”နည်းအရဆိုရင်တော့ အေသွေးပိုင်ရှင်တွေဟာ စိတ်အားထက်သန်တယ်။ ဖန်တီးနိုင်စွမ်းမြင့်မား တယ်။ စဉ်းစား တွေးခေါ်တတ်တယ်။ စိတ်ရှည်ပြီး တာဝန်ယူချင်တဲ့စိတ်ရှိတယ်လို့ ဆိုကြပါတယ်။
(၂) ဘီသွေး
သင်ဟာ ဘီသွေးပိုင်ရှင်ဆိုရင်တော့ သင့်ရဲ့သွေးကို ဘီသွေးနဲ့ အေဘီသွေးပိုင်ရှင်တွေကို လှူဒါန်းနိုင်ပါတယ်။ ဘီသွေး ပိုင်ရှင်တွေဟာ အိုသွေးပိုင်ရှင်တွေထက် နှလုံးရောဂါဖြစ်နိုင်ချေပိုရှိပါတယ်။ ဟားဗက်တက္ကသိုလ်ရဲ့ လေ့လာချက်ရ ဘီသွေးပိုင်ရှင်အမျိုးသမီးတွေဟာ သားအိမ်ကင်ဆာဖြစ်နိုင်ချေလည်း ပိုများတယ်လို့ သိရပါတယ်။
ဂျပန်ရိုးရာ “ketsueki-gata”နည်းအရ ဘီသွေးပိုင်ရှင်တွေဟာ ဝါသနာပါရာကို စွဲစွဲလမ်းလမ်း လုပ်တတ်ကြပါတယ်။ တက်ကြွမှုရှိတဲ့အပြင်ဖန်တီးနိုင်စွမ်းမြင့်ပြီးတော့ ခွန်အားကြီးတယ်လို့ ဆိုပါတယ်။
မကောင်းတဲ့အချက်တွေကတော့ ဘီသွေးပိုင်ရှင်တွေဟာ တကိုယ်ကောင်းဆန်တယ်။ တာဝန်ယူချင်စိတ်မရှိဘူး။ အညှိုးကြီးပြီး စိတ်အပြောင်းအလဲမြန်ကြပါတယ်။
(၃) အေဘီသွေး
သင်ဟာ အေဘီသွေးပိုင်ရှင်ဆိုရင် သင့်ရဲ့ သွေးတွေကို လူတိုင်းကို လှူဒါန်းနိုင်ပါတယ်။ အေဘီသွေးပိုင်ရှင်တွေဟာ အိုသွေးပိုင်ရှင်တွေထက် နှလုံးရောဂါဖြစ်နိုင်ချေ ၂၃ ရာခိုင်နှုန်းပိုမြင့်ပါတယ်။ လေ့လာမှုတွေအရ အေဘီသွေးပိုင်ရှင်တွေဟာ မှတ်မိနိုင်စွမ်း၊ဘာသာစကားနဲ့စိတ်ပါဝင်စားမှုနှုန်းတွေမှာ တခြားသွေးပိုင်ရှင်တွေထက် ၈၂ ရာခိုင်နှုန်းနိမ့်တယ်လို့ သိရပါတယ်။
ဂျပန်ရိုးရာ “ketseuki-gata”နည်းအရဆိုရင်တော့ အေဘီသွေးပိုင်ရှင်တွေဟာ အထာကျတယ်။ ထိန်းချုပ်နိုင်တယ်။ ကျိုးကြောင်းဆက်စပ်တွေးခေါ်နိုင်ပြီး အရာရာကိုလက်ခံနိုင်စွမ်းမြင့်တယ်လို့ ဆိုပါတယ်။
မကောင်းတဲ့ အချက်တွေကတော့ တာဝန်ယူချင်စိတ်မရှိဘူး။ဆုံးဖြတ်နိုင်စွမ်းသိပ်မရှိဘဲ မေ့လွယ်တယ်လို့ဆိုပါတယ်။
(၄)အိုသွေး
အို(+)သွေးပိုင်ရှင်ဟာ ကမ္ဘာမှာ အများဆုံးဖြစ်ပြီး အို(-)ပိုင်ရှင်တွေကတော့ လူတိုင်းကို သွေးလှူနိုင်တဲ့ သူတွေ ဖြစ်ပါတယ်။ အိုသွေးပိုင်ရှင်တွေဟာ ကိုယ်တွင်းပြည်တည်နာ၊ကာလဝမ်းရောဂါတွေဖြစ်နိုင်ချေများပေမယ့် ပန်ကရိယ ကင်ဆာတို့ ငှက်ဖျားရောဂါတို့ ဖြစ်နိုင်ချေကတော့ နည်းပါတယ်။
ဂျပန်ရိုးရာ “ketsueki-gata”အရတော့ ဘီသွေးပိုင်ရှင်တွေဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတယ်။ ဆုံးဖြတ်ချက်ကိုယ်တိုင် ချနိုင်တယ်။
အိုသွေးတွေက စိတ်ဓာတ်ခိုင်မာပြီး အလိုက်သိပေမယ့် သူတို့ဟာ တစ်ကိုယ်ကောင်းဆန်တယ်။ သွေးအေးပြီး ခန့်မှန်းရ ခက်တယ်လို့ ဆိုပါတယ်။
Ref;mnn.com