မနက်ခင်းဟာ နေ့တနေ့တာကို လန်းလန်းဆန်းဆန်းနဲ့ ဖြတ်ကျော်ဖို့အတွက် အရေးပါတဲ့အချိန်ပါ။ နံနက်အိပ်ရာထချိန်မှာ မလန်းဆန်းဘဲ နုံးချိသလို၊ အိပ်ချင်မူးတူးဖြစ်နေသလို ခံစားနေရတယ်ဆိုရင် တနေ့တာကို ပေ့ါပါးစွာ ဖြတ်ကျေ်ာနိုင်မှာ မဟုတ်ပါဘူး။
ဒါကြောင့် တနေ့တာလုံးတက်ကြွနေဖို့အတွက် ရှောင်ကြဉ်နိုင်မယ့် နည်းလမ်းတွေကို ဝေမျှလိုက်ပါတယ်။
(၁) အိပ်ရာမဝင်ခင် တီဗီ ကြည့်ခြင်း
ညဘက်မအိပ်မီ တီဗီ၊ ရုပ်ရှင်ဇာတ်လမ်းတွဲ၊ အင်တာနက်နဲ့ ဂိမ်းတွေဆော့မယ်ဆိုရင် သင်ကောင်းမွန်စွာ အိပ်စက်ဖို့ အခက်အခဲဖြစ်စေပါတယ်။ လျှပ်စစ်ပစ္စည်းတွေက လာတဲ့ အလင်းတန်းတွေကသင့်မျက်စိကိုထိခိုက်စေတာကြောင့် အိပ်ရေးမဝခြင်းကို ခံစားရစေပါတယ်။
(၂) နေ့လည်မှာ ကော်ဖီသောက်ခြင်း
ကော်ဖီ စွဲလမ်းတဲ့သူတွေက တနေ့ကို ကော်ဖီ ၃ ခွက်လောက် သောက်လေ့ ရှိပါတယ်။ မနက်ခင်းမှာ လန်းဆန်းစေဖို့ ကော်ဖီသောက်တာ သင့်တော်ပေမယ့် နေ့လည် ၂ နာရီကျော်မှာ ကော်ဖီ သောက်မိတယ် ဆိုရင် သင့်အိပ်စက်ချိန်ကို အနှောင့်အယှက် ဖြစ်စေပါတယ်။
(၃) အိပ်ယာမဝင်ခင် အရက်သောက်ခြင်း
အယ်လ်ကိုဟော သောက်သုံးခြင်းက သင့်ကိုနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေတယ်လို့ အထင် မှားနေပါတယ်။ အမှန်တော့ အရက်သောက်သုံးခြင်းက သင့်အိပ်ချိန်တွေကို ကမောက်ကမ ဖြစ်စေပြီး နိုးလာတဲ့အခါ မလန်းမဆန်း ခံစားရစေပါတယ်။
(၄) အိမ်မွေးတိရစ္ဆာန်နဲ့ အတူ အိပ်ခြင်း
သင်ချစ်တဲ့ ခွေးလေးတွေ၊ ကြောင်တွေနဲ့အတူ အိပ်စက်ခြင်းဟာလည်း ကလေးငယ်တွေနဲ့ အတူ အိပ်သလို သင့်မသိစိတ်ကို စိုးရိမ်ပူပန်စေပါတယ်။ သင်အိပ်စက်ပုံ ပြောင်းလဲသွားတာနဲ့ တိရစ္ဆာန်လေးတွေကို ထိခိုက်မှာ စိတ်ပူတဲ့အခါ နှစ်နှစ်ခြိုက်ခြိုက် မအိပ်ပျော်စေပါဘူး။
(၅) မအိပ်ခင် အစာစားခြင်း
အိပ်ရာမဝင်ခင် အစာတွေ ပြည့်အင့်စွာ စားမိမယ်ဆိုရင် သင့်ရဲ့အစာချေစနစ်ကို နှောင့်နှေးစေပြီး ကောင်းမွန်စွာ အိပ်ပျော်နိုင်မှာ မဟုတ်ပါဘူး။
(၆) စိတ်ဖိစီးမှု များခြင်း
အချစ်ရေး၊ စီးပွားရေးနဲ့ မိသားစုပြဿနာကြောင့် စိုးရိမ်ပူပန်ရတာက အိပ်စက်ခြင်းကို ဟန့်တားသလို သင့်ကို တနေ့တာလုံး မလန်းမဆန်း ဖြစ်စေပါတယ်။ ဒါ့အပြင် စိုးရိမ်ပူပန်မှုတွေက ပင်ပန်းနွမ်းနယ်ခြင်းကို ဖြစ်စေတာကြောင့် စိတ်ပူတာတွေ လျှော့ချဖို့ တရားထိုင်ပေးပါ။
Ref ; www.bustle.com