Health

ဆီနဲ့ပလုပ်ကျင်းခြင်း (Oil Pulling) ကပေးတဲ့ ကျန်းမာရေးကောင်းကျိုးများ

Want create site? Find Free WordPress Themes and plugins.

ဆီနဲ့ ပလုပ်ကျင်းခြင်း (Oil Pulling) ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း၃၀၀၀လောက်ကတည်းက အိန္ဒိယနိုင်ငံမှာ အသုံးပြုခဲ့ကြတဲ့ ရှေးရိုးရာနည်းလမ်းတခုဖြစ်ပါတယ်။

ဆီနဲ့ ပလုပ်ကျင်းတယ်ဆိုတာဟာ အုန်းဆီ ၊ သံလွင်ဆီ ၊ နှမ်းဆီစတဲ့ ဆီတမျိုးမျိုးနဲ့ ပလုပ်ကျင်းတာပဲဖြစ်ပြီး မိနစ်(၂၀)ခန့် အကြာမှာ ပြန်လည်ထွေးထုတ်ပေးရမှာဖြစ်ပါတယ်။ ပြီးရင်တော့ ရေနွေး ဒါမှမဟုတ် ရေအေး နဲ့ ပလုပ်ကျင်းပြီး သွားတိုက် ပေးရမှာဖြစ်ပါတယ်။

ဆီနဲ့ ပလုပ်ကျင်းခြင်းဟာ ရိုးရှင်းတဲ့ နည်းလမ်းတခုဖြစ်ပေမယ့် ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေနိုင်တာကြောင့် ဧရာဝတီရဲ့စာဖတ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

(၁) ဆီနဲ့ ပလုပ်ကျင်းခြင်းဟာ ခံတွင်းထဲက ဘတ်တီးရီးယားပိုးမွှားတွေကို သေစေနိုင်ပြီး ခံတွင်းအနံ့ဆိုးခြင်းကို သက်သာ ပျောက်ကင်းစေနိုင်ပါတယ်။ သွားတွေကို သဘာဝအတိုင်း ဖြူဖွေးစေနိုင်ပြီး မကြာခဏ သွားကျင်သွားကိုက်တတ်သူတွေ အနေနဲ့ ပုံမှန်ပြုလုပ်ပေးသင့်ပါတယ်။

(၂) ဆီနဲ့ ပလုပ်ကျင်းခြင်းဟာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို လျော့ကျစေနိုင်ပြီး ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို ကောင်းမွန်စေတယ်လို့ ဆေးပညာလေ့လာချက်တွေအရ သိရပါတယ်။ ပုံမှန်ပြုလုပ်ပေးမယ်ဆိုရင် စိတ်ဖိစီးမှုတွေကို လျော့ကျစေနိုင်ပြီး ကိုယ်တွင်းအင်္ဂါတွေ ရောင်ရမ်းခြင်းကိုလည်း သက်သာပျောက်ကင်းစေနိုင်ပါတယ်။

(၃) ဆေးသုတေသနမှတ်တမ်းတွေအရ မကြာခဏခေါင်းကိုက်တတ်သူတွေနဲ့ စိတ်ဖိစီးမှုများခြင်းကြောင့် အာရုံကြောပိုင်း ဆိုင်ရာ ကျန်းမာရေးပြဿနာတွေ ခံစားနေရသူတွေ ဆီလုပ်ကျင်းခြင်းကို ပုံမှန်ပြုလုပ်တဲ့အခါ သိသိသာသာ သက်သာ ပျောက်ကင်းသွားတယ်လို့ ဖော်ပြထားပါတယ်။

(၄) ဆီနဲ့ပလုပ်ကျင်းခြင်းဟာ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပြီး သွေးလှည့်ပတ်မှုကို ကောင်းမွန် စေတာကြောင့် ပုံမှန်ပြုလုပ်ပေးမယ်ဆိုရင် အသားအရေကိုပါ ကြည်လင်ချောမွေ့လာစေနိုင်ပါတယ်။

၁၉၉၀ ခုနှစ်နောက်ပိုင်းမှာ အိန္ဒိယရဲ့ ရှေးရိုးရာဆီနဲ့ ပလုပ်ကျင်းခြင်းကို တမ္ဘာလုံးအတိုင်းအတာနဲ့ လက်ခံပြုလုပ်လာခဲ့ကြပြီး ဒီနည်းလမ်းကို ပုံမှန်သာ ပြုလုပ်ပေးသွားမယ်ဆိုရင်တော့ အခုဖော်ပြပေးခဲ့တဲ့ ကျန်းမာရေးကောင်းကျိုးတွေကို ခံစားရစေမှာပဲ ဖြစ်ပါတယ်။

Ref. www.foodmatters.com

Did you find apk for android? You can find new Free Android Games and apps.
Loading