အရပ်ပုသူတွေပဲ ဖြစ်ဖြစ်၊ လက်ရှိ အရပ် အနေအထားထက် ထပ်ရှည်ချင်သူတွေပဲ ဖြစ်ဖြစ် အရပ်ရှည်စေမယ့် နည်းလမ်းဟာ သိပ်များများစားစားတော့ မရှိပါဘူး။ အရပ်ရှည်စေဖို့ ဆေးဝါးတွေကို မှီခိုနေတာထက် သဘာဝနည်းလမ်းတွေက ပိုမို အကျိုးပြုစေမှာ ဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ အရပ် ရှည်ချင်သူတွေအတွက် အရပ်ရှည်နိုင်မယ့် သဘာဝ နည်းလမ်းကောင်းတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
(၁) ပရိုတင်းဓာတ်ဟာ အရပ်ရှည်စေဖို့ အဓိက လိုအပ်တဲ့ ဓာတ်တမျိုး ဖြစ်တာကြောင့် အရပ် ရှည်ချင်သူတွေ အနေနဲ့ အသား ၊နွားနို့၊ ကြက်ဥ၊ ထောပတ်၊ ငါး အစရှိတဲ့ ပရိုတင်းဓာတ် ပါဝင်မှု များတဲ့ အစားအစာတွေကို များများစားပေးသင့်ပါတယ်။
(၂) အရပ်ရှည်စေဖို့ အစားအသောက်အပြင် လေ့ကျင့်ခန်းကိုပါ တွဲဖက်ပြုလုပ် ပေးသင့်ပါတယ်။ လေ့ကျင့်ခန်း ပုံမှန် ပြုလုပ်ပေးခြင်းဟာ အရိုးအဆစ်တွေကို သန်မာစေတဲ့အပြင် ခြေဆစ် လက်ဆစ်တွေကို ရှည်လာစေနိုင်ပါတယ်။
(၃) ဆေးပညာဆိုင်ရာ လေ့လာချက်တွေအရ ယောဂကျင့်ခြင်းဟာလည်း အရပ်ရှည်စေဖို့အတွက် အထောက်အကူ ဖြစ်စေတယ်လို့ သိရပါတယ်။ ယောဂကျင့်ခြင်းဟာ ခန္ဓာကိုယ်တွင်း သွေးလှည့်ပတ်မှုကို မှန်ကန်စေပြီး ကျောရိုးတွေကို သန်မာစေတာကြောင့် အရပ်ရှည်စေဖို့ အထောက်အကူ ဖြစ်စေပါတယ်။
(၄) အသင့်စား အစားအစာတွေ စားသောက်မှုများတာနဲ့ အရက်၊ ဘီယာစတဲ့ အယ်လ်ကိုဟောတွေကို သောက်သုံးခြင်းဟာ အရပ်ရှည်စေနိုင်တဲ့ (Growth Homone) ဟော်မုန်းတွေ ဖွံ့ဖြိုးမှုကို အနှောင့်အယှက် ဖြစ်စေပြီး အရိုးတွေကြီးထွားခြင်းကို နှောင့်နှေးစေတာကြောင့် မသောက်သုံးသင့်ပါဘူး။
(၅) အရပ်ပုသူတွေ ဘာကြောင့်အရပ်ပုရသလဲဆိုတဲ့ သုတေသနလေ့လာချက်တွေမှာ အစားအသောက်ကြောင့် ဆိုင်သလို အထိုင်များခြင်းကြောင့်လည်း ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ အထိုင်များတဲ့အခါ ခါးရိုးဟာ ပုံမှန်ထက် ကောက်သွားတာကြောင့် အရပ်ပုသွားစေတာ ဖြစ်ပြီး အထိုင်များသူတွေအနေနဲ့ ခါးကိုမတ်မတ် ထိုင်ပေးသင့်ပါတယ်။
(၆) အိပ်ရေးဝဝ အိပ်စက်ခြင်းက Growth Hormone ကို ထွက်စေတာကြောင့် တရက်ကို ပျမ်းမျှအားဖြင့် ၈ နာရီခန့် အိပ်စက်သင့်ပါတယ်။ အိပ်တဲ့အခါ ဘေးတစောင်း အိပ်တာထက် ကျောရိုးကို ဆန့်ပြီး ပက်လက်အနေအထားနဲ့ အိပ်စက်ခြင်းက အရပ်ရှည်စေဖို့ အထောက်အကူ ဖြစ်စေပါတယ်။
Ref ; lifetippr.com