Health

အီး-စီးကရက် (Vape သောက်ခြင်း) က ကျန်းမာရေးကို ထိခိုက်စေနိုင်သလား

မကြာသေးခင် နှစ်များက စတင်ပြီး လူငယ်တွေကြားမှာ ဆေးလိပ်အစားထိုး အီး-စီးကရက် သောက်ခြင်းဟာ ခေတ်စားလာပါတယ်။ ဒီလို ခေတ်စားပြီးတဲ့ နောက်မှာ မြန်မာနိုင်ငံက လူငယ်တွေ ကြားမှာလည်း ခေတ်မှီချင်လို့၊ အမှန်တကယ် ဆေးလိပ်ဖြတ်ချင်လို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ အီး-စီးကရက်တွေကို သောက်လာကြပါတယ်။

၂၀၀၄ ခုနှစ်မှာ ဈေးကွက်ထဲ စဝင်လာတဲ့ အီ-စီးကရက်တွေဟာ ၂၀၁၅ ခုနှစ်မှာ တကမ္ဘာလုံး အနေအထားနဲ့ သုံးစွဲသူ သန်းနဲ့ချီပြီး ရှိလာတာပါ။ အီး-စီးကရက်တွေမှာ အရသာမျိုးစုံရှိပြီး သောက်သုံးသူ လူငယ်တွေဟာ ကိုယ်ကြိုက်တဲ့ အရသာကို ရွေးချယ်ခွင့် ရှိတာကြောင့် တခဲနက် သုံးစွဲလာကြတာဖြစ်ပါတယ်။

ဆေးလိပ်မသောက်တဲ့ အမျိုးသမီးတွေအနေနဲ့လည်း အီး-စီးကရက်ကိုတော့ ခေတ်မီအောင် သောက်လေ့ ရှိကြပါတယ်။ အီး-စီးကရက်လို့ခေါ်တဲ့ Vape ထဲမှာ အငွေ့ဖြစ်စေတဲ့ အဆီများကို ထည့်သောက်ရတာ ဖြစ်ပြီး အဆီအမျိုးအစားပေါင်း ၈၀၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။

မြန်မာလူငယ်တွေကြားမှာတော့ အနံ့အရသာ အနေနဲ့ စတော်ဘယ်ရီအနံ့၊ ချောကလက်အနံ့များကို သုံးစွဲမှုများကြတာကို တွေ့ရပါတယ်။ ဈေးနှုန်းအနေနဲ့ တသောင်းကျော်ကနေ သိန်းဂဏန်းအထိ ဈေးနှုန်း အစားစား ရှိကြပါတယ်။

ဒါပေမယ့် အင်္ဂလန်နိုင်ငံက ပြည်သူ့ကျန်းမာရေးဌာနရဲ့ သုသေသနအရ Vape သောက်ခြင်းဟာ ဆေးလိပ်သောက်ခြင်းထက် ပိုစိတ်ချရတယ် ဆိုပေမယ့် အပြည့်အဝတော့ စိတ်ချရခြင်း မရှိဘူးလို့ ပြောလာပါတယ်။

Birmingham တက္ကသိုလ်က ကျောင်းသားတွေဟာလည်း အီး-စီးကရက်မှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေကို လေ့လာတဲ့အခါ ဒီဓာတုပစ္စည်းတွေဟာ အဆုတ်နဲ့ပတ်သက်တဲ့ ကင်ဆာဖြစ်ပွားမှုနှုန်း အရမ်းမြင့်မားတယ်လို့ သိရပါတယ်။

အီး-စီးကရက်ဟာ ပုံမှန်ဆေးလိပ်တွေထက် ပိုမို စိတ်ချရတယ်ဆိုတဲ့ ဆောင်ပုဒ်နဲ့ ဈေးကွက်ထဲကို ဝင်လာတာ ဖြစ်ပါတယ်။ အီး-စီးကရက်ကို နှစ်ရှည် သောက်ခြင်းအားဖြင့် နာတာရှည် အဆုတ်ရောဂါ၊ အဆုတ်ကင်ဆာ စတာတွေ ဖြစ်နိုင်လို့ လျော့သောက်ဖို့ အကြံပေးချင်ပါတယ်။

Ref; bbc.com

Loading