Health

ဆံသားပါးပြီး ထိပ်ပြောင်ခြင်းကို လျော့ပါးစေမယ့် အိမ်တွင်းနည်းလမ်း

Want create site? Find Free WordPress Themes and plugins.

ဆံကေသာကောင်းခြင်းဟာလည်း အမျိုးသမီးတွေအတွက် ကောင်းခြင်းထဲကတခုပါ။ ဒီလိုမှမဟုတ်ဘဲ ဆံပင်တွေပါးပြီး ကျွတ်နေမယ်ဆိုရင်တော့ မကြာခင်မှာပဲထိပ်ပြောင်လာတော့မှာပါ။

ဆံပင်ပါးထိပ်ပြောင်ရတာဟာ မျိုးရိုးဗီဇကြောင့်ဖြစ်တတ်သလို အသက်ကြီးလာခြင်း၊ ဟော်မုန်းမညီမျှခြင်း၊ ကိုယ်အလေးချိန်လျှော့ချမှုကြောင့် အာဟာရဓာတ်မညီမျှခြင်းနဲ့ ဆေးဝါးကုသမှုတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။

ဒါကြောင့် ထူထဲနက်မှောင်တဲ့ဆံကေသာကို ပိုင်ဆိုင်ပြီး ဆံပင်ကျွတ်တာတွေသက်သာစေမယ့် နည်းလမ်းတွေကို ဝေမျှပေးလိုက်ပါတယ်။

 ကြက်ဆူဆီ

ကြက်ဆူဆီကဆံသားတွေကို သန်စေတဲ့အစွမ်းရှိပါတယ်။ လိုအပ်တာက ကြက်ဆူဆီ ၂ဇွန်း၊ ၃ ဇွန်းလောက်ကို ဦးရေပြားမှာလိမ်းပြီး တညအိပ်ရုံပါပဲ။

အုန်းဆီ

အုန်းဆီ ၃ ဇွန်းစာကိုလိမ်းပြီး ဦးရေပြားကိုသေချာနှိပ်နယ်ပေးပါ။ ၅ နာရီကြာတဲ့အခါ ခေါင်းလျှော်လို့ရသလို ညဘက်လိမ်းအိပ်လည်း ရပါတယ်။ အုန်းဆီက အင်တီအောက်ဆီးဒင့်ဓာတ်တွေကြွယ်ဝစွာပါဝင်ပြီး ဗောက် ထခြင်းကိုသက်သာစေပါတယ်။ ဆံချည်မျှင်တွေ ပြင်ပဒဏ်ကြောင့်ပျက်စီးတာကိုလည်း ကာကွယ်ပါတယ်။ အပေါ်ကနည်းလမ်းတွေအတိုင်း သံလွင်ဆီ၊ ပူစီနံဆီ၊ လက်ဖက်စိမ်းဆီ စတာတွေနဲ့ စမ်းကြည့်ုလို့ရပါတယ်။

ပန်းသီးရှာလကာရည်

ပန်းသီရှာလကာရည် ၂ ဇွန်းနဲ့ ရေ ၁ခွက်ကိုရောပါ။ ခေါင်းလျှော်ပြီးစဆံသားကို ပန်းသီးရှာလကာဖျော်ရည်နဲ့ ၂ မိနစ်ခန့်နှိပ်နယ်ပေးပါ။ ပြီးရင်တော့ရေဆေးချပါ။ ပန်းသီးရှာလကာရည်က ဆံသားကြီးထွားမှုကို အဟန့်အတား ဖြစ်စေတဲ့ ပိုးမွှားတွေကို ကာကွယ်ပေးပါတယ်။

ရှားစောင်းလက်ပတ်

လိုအပ်တာက သဘာဝရှားစောင်းလက်ပတ်စစ်စစ်ကို ဦးရေပြားမှာလိမ်းပြီးနှိပ်နယ်ပေးပါ။ ပြီးရင်တော့ ရေဆေးချရမှာ ဖြစ်ပါတယ်။ တပတ်ကို ၂ ကြိမ်၊ ၃ ကြိမ်လောက် လုပ်လို့ရပါတယ်။ ရှားစောင်းက အစိုဓာတ်ကို ပြည့်ဝစေတာကြောင့် ဆံသားခြောက်သွေ့ခြင်းကနေ ကင်းဝေးစေပါတယ်။

ဂျင်း

ဂျင်းလက် ၂ ဆစ် (သို့) ၃ ဆစ်နဲ့ သံလွင်ဆီ ၂ ဇွန်း လိုအပ်ပါတယ်။  ဂျင်းကို ပါးပါးခြစ်ပြီး ဆီထဲမှာ စိမ်ပါ။ ဂျင်းအဖတ်တွေနဲ့ ဆီတွေရောထားတဲ့အရောအနှောကို ဦးခေါင်းမှာ ၃ မိနစ်ခန့်နှိပ်နယ်ပါ။ နာရီဝက်ကြာတဲ့အခါ ရှန်ပူသုံးပြီးဆေးကြောနိုင်ပါတယ်။ ဂျင်းက ဗောက်ထတာကိုသက်သာစေပြီး ဆံပင်တွေပြန်လည်သန်မာစေပါတယ်။

www.stylecraze.com

Did you find apk for android? You can find new Free Android Games and apps.
Loading