Health

စမတ်ဖုန်း အသုံးပြုမှုကို လျှော့ချနိုင်မယ့် နည်းလမ်း ၅ ခု

Want create site? Find Free WordPress Themes and plugins.

လက်ရှိမှာ လူတိုင်းဟာ စမတ်ဖုန်း အသုံးပြုမှု အရမ်း များနေပါတယ်။ ဒါဟာ ကျန်းမာရေးအတွက်ရော လူမှုဆက်ဆံရေးအတွက်ပါ မကောင်းတဲ့ အမူအကျင့်ဖြစ်ပါတယ်။ ဒါကြောင့် ဒီတခါမှာ ဖုန်းအသုံးပြုမှုကို လျော့ချဖို့အတွက် နည်းလမ်းကောင်းတွေကို ဖော်ပြပေးချင်ပါတယ်။

စမတ်ဖုန်းတွေ အသုံးများတာနဲ့ လူမှုကွန်ရက်ကို အသုံးများတာဟာ ကိုယ့်ကိုသူတပါးရဲ့ လွှမ်းမိုးမှု အရမ်းများလာမှာဖြစ်ပြီး သင့်ရဲ့ ပျော်ရွှင်မှုတွေကို ဒီဖုန်းအသုံးပြုမှု တခုတည်းနဲ့ အကုန်ဆုံးမခံပါနဲ့လို့ အကြံပေးချင်ပါတယ်။

(၁) Notification တွေကို ပိတ်ထားပါ

အခုနောက်ပိုင်းမှာ လူတိုင်းနီးပါးဟာ အင်တာနက်ဒေတာကို ဖွင့်ထားကြပြီး Notification တခု တက်တာနဲ့ ကြည့်မယ်ဆိုပြီး ဖုန်းကို ကိုင်မိလိုက်ရာကနေ တော်တော်နဲ့ ပြန်မချနိုင်တော့ပါဘူး။ ဒါ့ကြောင့် မလိုအပ်တဲ့ Notification တွေ တက်လာတိုင်း အချိန်မကုန်စေဖို့ ပိတ်ထားလိုက်ပါ။

(၂) ဖုန်းသုံးတဲ့ အချိန်ကိုသိပါစေ

အခုနောက်ပိုင်းမှာ ဖုန်းအသုံးပြုတဲ့အချိန်ကို သိနိုင်တဲ့ Applications တွေထွက်နေပါပြီ ။ Andriod အတွက် Quality Times,IOS အတွက်တော့ Moments ဆိုတဲ့ နာမည်နဲ့ Play Stores မှာ ဒေါင်းလုဒ်ပြုလုပ်ပြီး အသုံးပြုနိုင်ပါတယ်။

ဒီ Apps တွေက သင် ဖုန်းအသုံးပြုတဲ့ အချိန်ပမာဏကို တွက်ထားပေးမှာဖြစ်ပြီး သုသေသနတွေအရ လူတွေဟာ ကိုယ်ဖုန်းအသုံးပြုတဲ့ အချိန်ပမာဏကို သေချာသိသွားတဲ့အခါ အသုံးပြုမှုကို လျှော့ချ ကြပါတယ် လို့ သိရပါတယ်။

(၃) ကိုယ်ပိုင်အချိန် သတ်မှတ်ပါ

ညစာစားရင်း ဖုန်းသုံးတာ သူငယ်ချင်းတွေနဲ့ မုန့်ဆိုင်ထိုင်ရင်း ဖုန်းသုံးတာတွေဟာ တော်တော်ကို မကောင်းတဲ့ အကျင့်ပါ။ ဒီအကျင့်တွေကို ပြင်တဲ့ အနေနဲ့ ကိုယ်ပိုင်အချိန် သတ်မှတ်ပါ။ ဒါမှ မဟုတ်ရင် ကိုယ့်ကိုယ်ကို အလုပ်များအောင် နေသင့်ပါတယ်။

ဥပမာ အိမ်သန့်ရှင်းရေးလုပ်တာ၊ မိသားစုဝင်တွေနဲ့ စကားပြောတာ၊ ဇာတ်ကားကြည့်တာ စာအုပ်ဖတ်တာ စတာတွေကို လုပ်ပြီး ဖုန်းကို မကိုင်ဖြစ်အောင် နေပါ။

(၄) ဖုန်းနဲ့ နှိုးစက် မပေးပါနဲ့

ဒါကတော့ တော်တော်အရေးကြီးတဲ့ အချက်ပါ။ နှိုးစက်အတွက် နာရီကိုပဲ အသုံးပြုသင့်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် ညဖက် ဖုန်းကို အိပ်ခန်းထဲ ယူမလာသင့်ပါဘူး။ ဖုန်းကို နှိုးစက်အဖြစ် ထားတဲ့အခါ ညဖက်မှာ သင်ဟာ Alarm ပေးထားတာ သေချာရဲ့လားဆိုပြီး ဖုန်းကို ယူစစ်ရင်းနဲ့ တညလုံးဖုန်းကို မချနိုင်ဘဲ အိပ်ရေးပျက်နိုင်ပါတယ်။

ဖုန်းနဲ့ နှိုးစက်ပေးထားတဲ့ အတွက် သင်အိပ်ရာ နိုးနိုးချင်းကိုင်တဲ့ အရာကဖုန်း ဖြစ်နေမှာပါ။ ဒါဟာ သင့်အတွက် မကောင်းပါဘူး။

(၅) အင်တာနက် လူမှုကွန်ရက်တွေက ရုန်းထွက်ပါ

ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့ စိတ်ပညာ ပါမောက္ခတဦးဖြစ်တဲ့ Dr.Larry D Rosen ရဲ့ အကြံပြုချက် အရ ဖုန်းအသုံးပြုမှုကနေ ရုန်းထွက်နိုင်မယ့် အကောင်းဆုံးနည်းလမ်းကတော့ နေ့တိုင်း ဖုန်းစသုံးပြီး ၁၅မိနစ်ကြာတာနဲ့ သတိပေးတဲ့ Alarm ကို လုပ်ထားပါ။

အင်တာနက် လူမှုကွန်ရက်ကို အသုံးပြုနေရင်း Alarm မြည်လာတာနဲ့ ဖုန်းကိုချပြီး သင်ပုံမှန် လုပ်နေကျအလုပ်တွေကို ပြန်လုပ်ပါ လို့ဆိုပါတယ်။ ဒီနည်းလမ်းဟာ သဘာဝကျပြီး သင့်ကို ဖုန်းစွဲလမ်းမှုတွေ လျော့ချပေးနိုင်မှာ သေချာပါတယ်။

Ref;mashable.com

Did you find apk for android? You can find new Free Android Games and apps.
Loading