အိပ်စက်ခြင်းဟာ ကျန်းမာရေးအတွက် ဘယ်လောက်ပဲ အရေးကြီးတယ်ဆိုဆို ယနေ့ခေတ်မှာတော့ စောစောအိပ်ရာဝင်ပြီး အိပ်စက်ဖို့ဆိုတာဟာ စိန်ခေါ်မှုတခုလို ဖြစ်နေပါပြီ။
အခုဖော်ပြပေးမယ့် အချက်တွေကတော့ အိပ်ရာဝင်နောက်ကျသူတွေအတွက် စောစောအိပ်ရာဝင်ခြင်းရဲ့ အံ့အားသင့် ဖွယ်ရာ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ဖော်ပြပေးမှာပဲ ဖြစ်ပါတယ်။
(၁) စောစောအိပ်ရာဝင်ခြင်းရဲ့ ပထမဆုံးအကျိုးကျေးဇူးကတော့ မျက်နှာအသားအရေမှာ ဖြစ်တတ်တဲ့ ဝက်ခြံ၊ အမည်းစက် နဲ့ အရေးအကြောင်း ပြဿနာတွေကို လျော့နည်းသွားစေမှာပဲ ဖြစ်ပါတယ်။
ညဆယ်နာရီနောက်ပိုင်းမှာ အသားအရေ အတွက် အကျိုးပြုတဲ့ ဟော်မုန်းတွေဟာ ထွက်ရှိတာကြောင့် ဆယ်နာရီမတိုင်ခင် အိပ်စက်အနားယူပေးခြင်းက သင့်အသားအရေအတွက် အကျိုးပြုစေမှာ ဖြစ်ပါတယ်။
(၂) သုတေသနလေ့လာချက်တွေအရ ညဘက်တွေမှာ စောစောစီးစီးအိပ်ရာဝင်ခြင်းဟာ စိုးရိမ်ပူပန်မှုများခြင်းနဲ့ စိတ်ဖိစီးမှုများခြင်းတွေကို လျော့ကျစေနိုင်တယ်လို့ ဆိုပါတယ်။ တနေကုန် လုပ်ငန်းခွင်ထဲမှာ စိတ်ဖိစီးမှုတွေနဲ့ ကြုံတွေ့ရတဲ့ ရက်မျိုးတွေအတွက် စောစောစီးစီးအိပ်ရာဝင်ခြင်းက စိတ်ပိုင်းဆိုင်ရာကိုရော ရုပ်ပိုင်းဆိုင်ရာကိုပါ အထောက်အကူဖြစ် စေမှာ ဖြစ်ပါတယ်။
(၃) ကောင်းမွန်စွာ အိပ်စက်အနားယူခြင်းဟာ ခန္ဓာကိုယ်ရဲ့ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့ပါ ဆက်စပ် နေပါတယ်။ ဆီးချို၊နှလုံးရောဂါနဲ့ စိတ်ကျရောဂါတို့ဟာ အိပ်ချိန်နည်းသူတွေမှာ ဖြစ်နိုင်ခြေများတဲ့ ရောဂါတွေဖြစ်ပြီး အိပ်ရာစောစောဝင်တတ်သူတွေမှာတော့ ဒီရောဂါတွေဖြစ်နိုင်ခြေဟာ နည်းပါးပါတယ်။
(၄) အိပ်ရာစောစောဝင်ပြီး အိပ်ရေးဝဝအိပ်စက်ခြင်းဟာ အာရုံကြောပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေ ဖြစ်ပွားခြင်းကို လျော့နည်းစေပြီး အရွယ်မတိုင်ခင် မှတ်ဉာဏ်ဆုံးရှုံးခြင်းကို လျော့နည်းစေပါတယ်။
(၅) ခန္ဓာကိုယ်က အိပ်စက်နေချိန်အတောအတွင်းမှာ ဦးနှောက်ကတော့ အလုပ်လုပ်နေရဆဲ ဖြစ်ပါတယ်။ နောက်တနေ့ အတွက် ပြုလုပ်ရမယ့် အစီအစဉ်တွေကို အိပ်စက်နေချိန်မှာ ဦးနှောက်ဟာ စီစဉ်ဆောင်ရွက်နေရတာဖြစ်တာကြောင့် သင့်အနေနဲ့ အိပ်ရာစောစောဝင်ခြင်းဟာ သင့်ဦးနှောက်ကို အကူအညီပေးရာလည်း ရောက်ပါတယ်။
အိပ်ရာစောစောဝင်ပြီး အိပ်ရေးဝဝအိပ်စက်သူတွေဟာ သာမန်ထက် ဖန်တီးနိုင်မှုစွမ်းရည်နဲ့ ကောင်းမွန်တဲ့ ဆုံးဖြတ်ချက် ချနိုင်စွမ်းတွေ မြင့်မားကြတယ်လို့ အိပ်စက်မှုဆိုင်ရာ လေ့လာချက်တွေမှာ ဖော်ပြထားပါတယ်။
Ref. www.careeraddict.com