သင့်ရဲ့ ဆံကေသာတွေ ဖြောင့်စင်းနေစေဖို့ Beauty Saloon တွေသွားပြီး အချိန်ကုန်ခံနေဖို့ မလိုတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုရင်တော့ အခုဖော်ပြမယ့် နည်းလမ်းကောင်းတွေက သင့်ဆံသားတွေကို သဘာဝအတိုင်းဖြောင့်စင်း နေစေဖို့ အထောက်အကူပြုစေမှာ ဖြစ်လို့ပဲ ဖြစ်ပါတယ်။
(၁) နွားနို့နဲ့ ကြက်ဥမှာ ပရိုတင်းဓာတ်များစွာပါဝင်ပြီး ပရိုတင်းဓာတ်ဟာ ဆံသားတွေ ဖြောင့်စင်းနေစေဖို့အတွက်တော့ များစွာ အထောက်အကူပြုနိုင်ပါတယ်။ နွားနို့တဖန်ခွက်နဲ့ ကြက်ဥတလုံးတို့ကို ရောစပ်ပြီး ခေါင်းမလျှော်ခင် ဆံသားအနှံ့ သုတ်လိမ်းပေးပြီး နာရီဝက်ခန့်အကြာမှ ခေါင်းလျှော်ပေးခြင်းဖြင့် အံ့အားသင့်ဖွယ် ရလဒ်ကောင်းကို ပိုင်ဆိုင်နိုင်မှာပါ။
(၂) ရှားစောင်းလက်ပတ်ဟာ ဆံသားကို အားဖြည့်ပေးနိုင်တဲ့ သဘာဝပစ္စည်းတခုဖြစ်ပြီး ရှားစောင်းလက်ပတ်ဂျယ်လ် အနည်းငယ်နဲ့ အုန်းဆီတို့ကို ရောနှောပြီး ဆံသားပေါ်မှာ သုတ်လိမ်းပေးပါ။ နာရီဝက်ခန့်ထားပြီး လျှော်နေကျ ခေါင်းလျှော်ရည်နဲ့ လျှော်ပေးခြင်းအားဖြင့် သဘာဝအတိုင်း ဖြောင့်စင်းနေတဲ့ ဆံနွယ်တွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။
(၃) ပန်းသီးရှာလကာရည်ဟာ ဆံပင်တွေကို သန့်ရှင်းစင်ကြယ်နေအောင်လုပ်ပေးနိုင်တဲ့ သဘာဝ Cleanser ပဲဖြစ်ပြီး ဆံသားတွေ ဖြောင့်စင်းနေစေဖို့အတွက်လည်း ကူညီပေးနိုင်ပါတယ်။ ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်းသုံးဇွန်းခန့်နဲ့ ရေတဖန်ခွက်တို့ကို ရောပြီး ဆံသားတွေပေါ်မှာ သုတ်လိမ်းပေးပြီးမှ ခေါင်းလျှော်ပေးပါ။ ဒီနည်းလမ်းအတိုင်း တပတ်မှာ နှစ်ကြိမ်ခန့်ပြုလုပ်ပေးရုံနဲ့ သိသာထူးခြားတဲ့ ရလဒ်ကောင်းကို ရရှိစေမှာဖြစ်ပါတယ်။
(၄) အုန်းနို့ရည်ကို အသုံးပြုပြီး ခေါင်းလျှော်ခြင်းဟာ ရှေးယခင်တည်းက အမျိုးသမီးတွေ အသုံးများခဲ့ကြတဲ့ ဆံပင်တွေကို ဖြောင့်စင်းစေတဲ့ နည်းလမ်းကောင်းတခုပဲ ဖြစ်ပါတယ်။ အုန်းနို့ရည်တဖန်ခွက်ခန့်နဲ့ ပြောင်းဖူးမှုန့်လက်ဖက်ရည်ဇွန်းတဇွန်း ခန့်တို့ကို ရောစပ်ပြီး ဆံသားပေါ်မှာ လိမ်းကျံပေးပြီး တနာရီခန့်ထားပြီးမှ ခေါင်းလျှော်ပေးရမှာ ဖြစ်ပါတယ်။
(၅) မျက်နှာပေါင်းတင်တဲ့အခါမှာ အသုံးပြုတဲ့ သဘာဝရွှံ့စေးဟာ ဆံသားတွေအတွက်တော့ သဘာဝဆံပင်ပျော့ဆေးလို့ လည်း ပြောလို့ရပါတယ်။ ရွှံ့စေးမှုန့် လက်ဖက်ရည်ဇွန်းသုံးဇွန်းခန့်ကို ရေနဲ့ ခပ်ပျစ်ပျစ်ဖျော်ပြီး ဆံသားတွေပေါ်မှာ ခြောက်သွေ့သွားတဲ့အထိထားပြီးမှ ခေါင်းလျှော်ပေးခြင်းအားဖြင့် ပျော့ပျောင်းပြီး ဖြောင့်စင်းတဲ့ ဆံကေသာတွေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
Ref: timesofindia.indiatimes.com