Health

အမျိုးသမီးတွေက အမျိုးသားဆရာဝန်တွေကြောင့် နှလုံးရောဂါခံစားရနိုင်ချေပိုများ

နှလုံးရောဂါခံစားနေရတဲ့ အမျိုးသမီးတွေဟာ အရေးပေါ်အခြေအနေမှာ အမျိုးသားဆရာဝန်တွေနဲ့တွေ့ရင် သေဆုံးနိုင်တယ်လို့ သတင်းမှာရေးသားထားပါတယ်။

ဒီလေ့လာချက်က နှလုံးအရေးပေါ်ဌာနကို ရောက်လာတဲ့ လူနာပေါင်း ၅ သိန်းကျော်ကို အခြေခံပြီး သုတေသန လုပ်ထားတာဖြစ်ပါတယ်။ ၁၉၉၁ခုနှစ် ကနေ ၂၀၁၀ ခုနှစ်အတွင်း ဖလော်ရီဒါပြည်နယ်မှာ စစ်တမ်းကောက်ခဲ့တာပဲ ဖြစ်ပါတယ်။

ဟားဗတ်တက္ကသိုလ်က လေ့လာသူတွေက ဆရာဝန်နဲ့ လူနာကြား ယောင်္ကျား၊၊ မိန်းမဆိုတဲ့ လိင်ကွဲပြားမှုကို လိုက်လျောညီထွေဖြစ်ဖို့ ဦးနှောက်က ကြိုးစားနေတဲ့ အချိန်ကာလအတွင်းမှာ ဖြစ်ပေါ်လာတဲ့အရာကနေ တဆင့် ဒီလိုကောက်နုတ်ချက် လုပ်ခဲ့တာဖြစ်ပါတယ်။

National Academy of Science မှာ ဖော်ပြထားတဲ့အကြောင်းအရာထဲမှာဆိုရင် နှလုံးရောဂါခံစားရတဲ့ အမျိုးသမီးတွေက မိန်းမဆရာဝန်တွေ ကုသပေးတဲ့အခါ ပိုပြီးထိရောက်သလို ကောင်းမွန်တဲ့အဖြေထွက်တယ်လို့ ဖော်ပြထားပါတယ်။

အမျိုးသားဝေဒနာရှင်တွေကတော့ အမျိုးသမီးတွေလောက် လိင်ကွဲပြားမှုအပေါ်ခံစားချက်သိပ်မရှိပါဘူး။ ဒါဆိုရင်ဘာကြောင့် အမျိုးသမီးတွေက အမျိုးသားဆရာဝန်တွေ ကုသတဲ့အခါမှာ ပိုဆိုးရွားသွားရတာလဲ။ အမျိုးသမီးတွေခံစားရတဲ့ရောဂါလက္ခဏာက အမျိုးသားတွေနဲ့ကွာခြားလို့လား။ ရောဂါဖြစ်တဲ့အခါမှာ ကုသမှုကို မြန်မြန်မခံယူလို့လား။ ဒီလိုရောဂါဖြစ်နေတဲ့အချိန်မှာတောင် ကျား၊မ ခွဲခြားမှုက ရှိနေသေးတာလားလို့ အားမလိုအားမရဖြစ်နေကြပါတယ်။

ဒီလိုအခြေအနေမျိုးတွေကြောင့် အရေးပေါ်အခန်းထဲမှာ အမျိုးသမီးဆရာဝန်တွေလည်း ရှိနေဖို့လိုလာပါပြီ။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ အမေရိကန်လို တိုးတက်တဲ့နိုင်ငံမျိုးမှာတောင် ဒီလိုကျား၊ မ ခွဲခြားတဲ့ခံစားချက်မျိုးက ရှိနေသေးတယ်။

Loading