Health

မျက်နှာပေါ်ကအရေးအကြောင်းတွေက နှလုံးကျန်းမာရေးနဲ့ ဆက်စပ်နေလား

Want create site? Find Free WordPress Themes and plugins.

မျက်နှာပေါ် အရေအကြောင်းပေါ်လာတာကို ဘယ်သူမှသဘောကျကြမှာမဟုတ်ပါဘူး။ အထူးသဖြင့် မျက်လုံး တဝိုက်ဖြစ်တတ်တဲ့ အရေးအကြောင်းတွေက တခြားနေရာတွေထက် သိသိသာသာ ပေါ်လွင်တတ်ကြပါတယ်။ ပျိုရွယ်နုနယ်မှုတွေ တဖြည်းဖြည်းကုန်ဆုံးလာတာကို မီးမောင်းထိုးပြလိုက်သလိုဖြစ်လို့ မိန်းကလေးတွေကတော့ စိုးရိမ်ပြီး အကောင်းစားအလှပြင်ပစ္စည်းတွေနဲ့ ဟန့်တားနိုင်သလောက် ဟန့်တားတတ်ကြပါတယ်။

ဒါပေမယ့် အရေးအကြောင်းတွေရဲ့နောက်ကွယ်မှာ သင်တို့မသိသေးတဲ့ တခြားအကြောင်းအရာတခုလည်း ပေါ်ထွက် လာခဲ့ပါတယ်။ တကယ်တော့ မျက်နှာပေါ်က အရေးအကြောင်းတွေက ဇရာကိုဖော်ညွန်းရုံတင်မဟုတ်ဘဲ နှလုံးရောဂါ ဖြစ်နိုင်ချေကိုပါ သွယ်ဝိုက်သောနည်းနဲ့ အချက်ပေးနေတယ်ဆိုတာ ဆေးပညာလေ့လာချက်အသစ်အရ သိရှိလိုက်ရပါပြီ။

 

 

လေ့လာချက်မှာ ရှိရင်းစွဲအသက်အရွယ်ထက် နဖူးပေါ်အရေးအကြောင်းပိုများသူတွေမှာ တခြားသူတွေနဲ့ နှိုင်းယှဉ်ရင် နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေဖြစ်ဖို့ အခွင့်အလမ်း ၁၀ ဆရှိတယ်လို့ ဆိုပါတယ်။

ဒီလေ့လာချက်မှာ လူဦးရေ သုံးထောင့်နှစ်ရာကျော်ကို ဆယ်စုနှစ် ၂ ခုကြာ အသက် ၃၂ နှစ်မှ ၆၂ နှစ်ထိ အချိန်အတွင်းလေ့လာချက်အရ အဆိုပါရလဒ်ထွက်ပေါ်လာခဲ့တာပါ။ ရလဒ်ကို စိစစ်လေ့လာကြည့်တဲ့အခါ အရေးအကြောင်းပုံမှန် ထက် ပိုများသူတွေဟာ နှလုံးရောဂါဖြစ်နိုင်ချေ ပိုများတာကို တွေ့ခဲ့ကြပါတယ်။

 

 

ဘာကြောင့် အသက်ကြီးလာရင် ပေါ်လာတတ်တဲ့ အရေးအကြောင်းတွေနဲ့ နှလုံးရောဂါဆက်စပ်နေရတာလဲ။ နဖူးမှာရှိတဲ့ သွေးကြောလေးတွေဟာ သေးငယ်လွန်းပြီး သွေးကြောထဲ အဆီတွေ၊ ကိုလက်စထရောတွေ၊ တခြားအန္တရာယ်ဖြစ်တဲ့ ဓာတ်ပစ္စည်းတွေ သွေးကြောထဲပိတ်လာတာနဲ့ နဖူးပေါ်က အရေးအကြောင်းတွေ အရင် ထင်ရှားလာပါတယ်။

ကိုလက်စထရောတွေ နှလုံးသွေးကြောမှာ အောက်ဆီဂျင်နဲ့ဓာတ်ပြုသွားရာက နှလုံးရောဂါအစပြုတာပါ။ ဓာတ်ပြုသွားတဲ့ ကိုလက်စထရောတွေဟာ နှလုံးသွေးကြောတလျှောက် သံချေးတက်သလို ပိတ်ဆို့သွားတာမို့ နှလုံး သွေးကြောကတဆင့် နှလုံးနဲ့တခြားအင်္ဂါတွေဆီပေးပို့နေတဲ့ အောက်ဆီဂျင်တွေ အပြည့်အဝမရတော့ဘဲ နှလုံး သွေးကြောနဲ့ဆိုင်တဲ့ရောဂါတွေ ဖြစ်လာခဲ့ပါတယ်။

 

 

ဒါကြောင့် သွေးကြောတွင်း ကိုလက်စထရောများလာတာကို သွယ်ဝိုက်သောနည်းနဲ့ နဖူးပေါ်ကအရေးအကြောင်းတွေ ထွက်ပေါ်လာကြတာပါ။ ကိုလက်စထရောဟာ နှလုံးရောဂါဖြစ်နိုင်တဲ့ အဆိုးရွားဆုံး အန္တရာယ်တခုပါ။ သွေးတွင်း ကိုလက်စထရောနည်းနည်းရှိရုံနဲ့တင် အောက်ဆီဂျင်နဲ့ ဓာတ်ပြုပြီး သွေးကြောတွေကို ပိတ်ဆို့စေတာမို့ အထူးသတိပြုသင့်ပါတယ်။

တကယ်လို့ သင့်မျက်နှာပေါ် အထူးသဖြင့် နဖူးပေါ်မှာ အရေးအကြောင်းတွေ တခြားသူတွေထက် ပိုများနေရင် ပတ်ဝန်းကျင်၊ အစားအသောက်၊ နေထိုင်မှုပုံစံတွေကြောင့်ဖြစ်နိုင်တာမို့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေထိုင်မှုပုံစံနဲ့ ကျန်းမာရေးစစ်ဆေးချက်တွေ ပြုလုပ်ကြဖို့ အကြံပြုလိုက်ပါတယ်။

Ref: Alkaline Diet

Did you find apk for android? You can find new Free Android Games and apps.
Loading