တခါတလေမှာ အရသာရှိလွန်းလို့ တွဲဖက်စားနေပေမယ့် ကိုယ့်ကျန်းမာရေးကို ထိခိုက် စေတတ်တဲ့ စားစရာတွေ ရှိပါတယ်။ သတိမထားဘဲ ဆက်ပြီးစားနေရင် ကျန်းမာရေးအတွက် မကောင်းနိုင်တာကြောင့် ဂရုစိုက်ပြီး စားရမယ့် တွဲဖက်မစားသင့်တဲ့ အစားအသောက်တွေကို ဖော်ပြပေးချင်ပါတယ်။
(၁) Sandwich နဲ့ Coffee
မနက်ဖက် အချိန်မရလို့ Sandwich နဲ့ Coffee သောက်ပြီး ကျောင်းသွားတာ ရုံးသွားတာဟာ ကောင်းတဲ့ အမူအကျင့် မဟုတ်ပါဘူး။ ပေါင်မုန့်ချည်းပဲစားရင်တော့ ပေါင်မုန့်မှာ ကယ်လ်စီယမ် ကြွယ်ဝစွာ ပါဝင်ပြီး အစာချေစနစ်ကို ကောင်းမွန်စေပေမယ့် Coffee နဲ့ တွဲပြီး စားသောက်လိုက်တာနဲ့ ဒီအကျိုးကျေးဇူးတွေ ရမှာ မဟုတ်တော့ပါဘူး။ ကော်ဖီအစား Green Tea ကို သောက်ဖို့ တိုက်တွန်းချင်ပါတယ်။
(၂) ခရမ်းချဉ်သီးနဲ့ သခွားသီး
ပူအိုက်တဲ့ ရာသီတွေမှာ စားသောက်မှုအများဆုံးဟာ ခရမ်းချဉ်သီးသုပ်နဲ့ သခွားသီးသုပ်ပါ။ ဒီအသီးနှစ်မျိုးစလုံးမှာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အချက်တွေ ရှိပေမယ့် နှစ်မျိုး စလုံးကို တခါတည်း တွဲစားရင်တော့ သင့်ခန္ဓာကိုယ်ရဲ့ ဓာတုဇီဝလမ်းကြောင်းကို အနှောင့်အယှက် ဖြစ်စေပါတယ်။ ဒီလိုစားသုံးခြင်းဟာ အစာတွေကို အလွန်အမင်း လောင်ကျွမ်းစေပြီး အစာအိမ်ကို ရောင်ရမ်းစေပါတယ်။ တကယ်လို့ စားချင်တယ်ဆိုရင် ရက်ခြားပြီးစားဖို့ တိုက်တွန်းချင်ပါတယ်။
(၃) ဘီယာနဲ့ မြေပဲဆံ
အရက်ဘီယာ သောက်တဲ့ လူတိုင်းတွဲဖက်စားနေကျကတော့ ဘီယာနဲ့ မြေပဲဆံပါ။ ဆားငန်ငန်နဲ့ ဒီမြေပဲဆံတွေဟာ သူ့အတိုင်းစားရင်တောင်မှ ကျန်းမာရေးအတွက် မကောင်းပါဘူး။ အရက်ပါတဲ့ အရည်တိုင်းဟာလည်း ရေဓာတ် ခမ်းခြောက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အရက်၊ဘီယာတွေကို သောက်သုံးမယ်ဆိုရင် ရေဆောင်ထားဖို့ တိုက်တွန်းချင်ပါတယ်။
(၄) ဒိန်ချဉ်နဲ့ နာနတ်သီး
ချဉ်တဲ့ အရသာပါဝင်တဲ့ အသီးတွေကို စားသုံးတာဟာ သင့်ရဲ့ အစာချေစနစ်ကို နှေးကွေးစေပါတယ်။ အထူးသဖြင့် မနက်ခင်းပိုင်းတွေမှာ မစားသင့်ပါဘူး။ နာနတ်သီးမှာ ပါဝင်တဲ့ Bromelian နဲ့ enzymic complex ဟာ ဒိန်ချဉ်စတဲ့ နို့ထွက်ပစ္စည်းတွေနဲ့ ရောနှောမိသွားရင် မူးမော်တာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် နာနတ်သီးအစား မက်မန်းသီးခြောက်တို့ ဇီးသီးခြောက်တို့ကို အသုံးပြုစေချင်ပါတယ်။
(၅) နွားနို့နဲ့ ငှက်ပျောသီး
ကျန်းမာရေးကို ဂရုစိုက်တဲ့သူတွေ တော်တော်များများစားသုံးကျတဲ့ အစားအသောက်အတွဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွမ်းကျင်ပညာရှင်တွေရဲ့ ပြောစကားအရတော့ ချိုတဲ့ အသီးအနှံတွေ ဟာလည်း အစာချေစနစ်ကို နှေးကွေးစေပါတယ်။ ဒါကြောင့် ဘာနဲ့မှ တွဲဖက်ပြီး မစားဖို့ အကြံပေးထားတဲ့ အပြင် နွားနို့ဟာလည်း သီးသန့်သောက်ရင် ကျန်းမာရေးအတွက် ပိုမိုကောင်းမွန်တဲ့ အကျိုးရလဒ်တွေကို ရရှိနိုင်ပါတယ်။ ငှက်ပျောသီးကို သရေစာအဖြစ် စားသောက်တာဟာလည်း ကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။
Ref;brightside.com