Health

မျက်ရည်ခမ်းခြောက်ခြင်းမရှိအောင် ၁ မိနစ်ကို အကြိမ် ၂၀ လောက် မျက်တောင်ခတ်ပေးသင့်

Want create site? Find Free WordPress Themes and plugins.

တီဗီကြည့်တဲ့အခါ သင့်မျက်လုံး တမိနစ်ကို ဘယ်နှကြိမ်လောက်ခတ်တယ်လို့ ထင်ပါလဲ။ ပညာရှင်တွေကတော့ ၁ မိနစ်ကို အနည်းဆုံး ၁၅ ကြိမ်ကနေ အကြိမ် ၂၀ ခတ်တဲ့သူတွေက မျက်ရည်ခမ်းခြောက်မှုကင်းဝေးပြီး ကျန်းမာတဲ့ အမြင်အာရုံရှိသူပါတဲ့။

တီဗီကြည့်နေတဲ့အချိန် ကွန်ပျူတာလည်းသုံးနေမယ်၊ ဖုန်းလည်း မလွတ်တမ်းပွတ်နေဦးမယ်ဆိုရင် အမြင်အာရုံ အားလျော့ကျလာပြီး ၁ မိနစ်ကို ၄ ကြိမ်ခွဲလောက်ပဲ ခတ်နိုင်ပါတော့တယ်။ တကယ်တော့ မျက်တောင်အကြိမ် ရေများများခတ်နိုင်လေ မျက်လုံးထဲက အမှုန်အမွှားတွေ ကင်းစင်ပြီး အမြင်အာရုံပိုကြည်စေလေပါ။

မျက်တောင်တချက်ခတ်လိုက်တိုင်း မျက်လုံးက စက္ကန့်အနည်းငယ် ပိတ်သွားပြီး အရည်တွေထွက်လာကာ မျက်လုံးကို အရည်ဓာတ်ရစေတာပါ။ ဒါကြောင့် သင့်မျက်လုံးက ၁ မိနစ်ကို မျက်တောင်ခတ်ချိန်နည်းသွားလေ မျက်ရည်ခမ်း ခြောက်လေ ဖြစ်တာပါ။ စာတပုဒ်ကို အာရုံစူးစိုက်ဖတ်နေမိတဲ့အချိန်၊ သင်္ချာပုဒ်စာတပုဒ်ကို စဉ်းစား တွက်ချက်နေချိန်၊ စာရေးနေချိန်မှာ မျက်တောင်ခတ်ဖို့ မေ့လျော့နေတတ်ကြပါတယ်။

အီလက်ထရောနစ်ကိရိယာတခုခုကို အာရုံစူးစိုက်မိနေတဲ့အခါမျိုးမှာလည်း မျက်တောင်ခတ်ဖို့ မေ့လျော့နေတတ်ပြီး ပုံမှန်ခတ်သင့်တဲ့အကြိမ်အရေအတွက်ထက် ထက်ဝက်လောက်လျော့နည်းသွားတာမို့ မျက်ရည်ခမ်း ခြောက်ခြင်းလို မျက်လုံးဝေဒနာတွေ ခံစားလာရပါတယ်။ မျက်လုံးအရည်ဓာတ်ပြည့်ဝနေဖို့ဆိုရင် ၁ မိနစ်ကို အနည်းဆုံး ၁၅ ကြိမ်ကနေ အကြိမ် ၃၀ လောက်ထိ ခတ်ကြဖို့ တိုက်တွန်းထားပါတယ်။

မျက်လုံးမှာ မျက်ရည်ခမ်းခြောက်ခြင်း၊ မကြာခဏယားယံတာတွေက မျက်တောင် ပုံမှန်မခတ်ခြင်းရဲ့ အဓိက အကြောင်းရင်း တွေပါ။ နောက်ထပ် ပိုဆိုးလာရင် မျက်ရည်ဂလန်းကို ပိတ်ဆို့သွားပြီး မျက်ရည်မထွက်တော့တဲ့ ထိတောင် ဖြစ်သွား နိုင်ပါတယ်။

အမြင်အာရုံကြည်လင်စေပြီး မျက်ရည်ခမ်းခြောက်ခြင်း၊ ယားယံခြင်းမျိုးမဖြစ်အောင် မျက်တောင်မကြာခဏခတ် ပေးသင့်သလို အီလက်ထရောနစ်ပစ္စည်းတွေ (တီဗီ၊ ကွန်ပျူတာ၊ ဖုန်း၊ စသဖြင့်) တွေကို တပြိုင်တည်းသုံးခြင်း ကို ရှောင်ရှားသင့်ပါတယ်။ တကယ်လို့ မျက်လုံးအခြေအနေပိုးဆိုးလာရင် ကျွမ်းကျင်တဲ့ မျက်စိဆရာဝန်နဲ့ ပြသ သင့်သလို မျက်လုံးမှာ စိုစွတ်နေအောင် နေ့စဉ် မျက်စဉ်းခတ်ခြင်းမျိုး လုပ်ပေးသင့်ပါတယ်။

အမြင်အာရုံကောင်းအောင် အားဖြည့်ပေးမယ့် ထိပ်တန်းအစားအစာတွေကတော့ ငါးအမျိုးမျိုး၊ အခွံမာသီးနဲ့ ပဲတောင့်ရှည်၊ အစေ့အဆန်များ၊ ဗီတာမင်စီ ပေါကြွယ်ဝတဲ့ အချဉ်ဓာတ်အသီးများ၊ အစိမ်းရောင်အသီးအရွက်များ၊ မုန်လာဥနီ၊ ကန်စွန်းဥ၊ အမဲသား၊ ဥအမျိုးမျိုးနဲ့ ရေ အလုံအလောက်သောက်ပေးဖို့ လိုအပ်ပါတယ်။

Ref: Alkaline Diet

Did you find apk for android? You can find new Free Android Games and apps.
Loading