စွဲလမ်းစေတဲ့အကျင့်တွေထဲမှာ မနက်တိုင်း ကော်ဖီတခွက်သောက်နေကျသူဆိုရင် မသောက်ရမနေနိုင်ဖြစ်တတ်တာလည်း ပါ ပါတယ်။ ကော်ဖီက လူကိုအကျိုးပြုတယ်လို့ လေ့လာချက်တချို့မှာဖော်ပြထားပေမယ့် စွဲလမ်းမှုက ပိုပါတယ်။ ဒါကြောင့် ကော်ဖီကိုမသောက်ဘဲ ရပ်လိုက်တဲ့အခါ ၄ ပတ်အကြာမှာ ဘယ်လိုတွေ ကိုယ်ခန္ဓာမှာ ပြောင်းလဲသွားမလဲဆိုတာ လေ့လာ စောင့်ကြည့်ခဲ့ကြပါတယ်။
ပထမဆုံးအပတ်
ကော်ဖီနေ့တိုင်း သောက်နေကျသူအတွက် အခက်အခဲဆုံး အချိန်ကာလပါ။ မနက်နိုးတဲ့အခါ သောက်နေကျ ကော်ဖီတခွက်မသောက်ရတာဟာ လန်းလန်းဆန်းဆန်းမဖြစ်ဘဲ တခုခုလိုအပ်နေသလို ခံစားရပါတယ်။ ဘယ် အရာကိုမှ အာရုံမစူးစိုက်နိုင်ဘဲ ကော်ဖီသောက်မှ လန်းဆန်းမယ်လို့ လက်ခံနေသေးတဲ့အချိန်ပါ။ နောက်ပိုင်း မနက်ပိုင်းသောက်နေကျ ကော်ဖီနေရာမှာ လက်ဖက်စိမ်း၊ အသီးအရသာလက်ဖက်ရည်၊ အသီးသုပ်တွေက အစားထိုးစားကြည့်ပါ။
ဒုတိယအပတ်
ပထမအပတ်ကထက် ကော်ဖီသောက်ချင်စိတ်ပိုဖြစ်ပေါ်လာတာကို ခံစားရတယ်။ ဒါပေမယ့်လည်း မသောက်ဖြစ်အောင် တောင့်ခံထားတယ်။ ကော်ဖီအစားသောက်တဲ့ လက်ဖက်ရည်တွေလည်း မတိုးတော့ဘူး။
တတိယအပတ်
သုံးပတ်မြောက်မှာတော့ အိပ်မပျော်တာမျိုးမဖြစ်တော့ဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်လာတယ်။ အရင်အပတ် တွေကဆို ဟိုဘက်လှည့်ဒီဘက်လှည့် ဖြစ်နေတာမျိုး မဟုတ်တော့ဘဲ ကောင်းကောင်းအိပ်ပျော်လာပါတယ်။
စတုတ္ထအပတ်
အလုပ်လုပ်ရတာ ပိုလန်းဆန်းလာတယ်။ အရင်က ကော်ဖီသောက်မှ တက်တက်ကြွကြွလုပ်နိုင်ပေမယ့် ခုတော့ ကော်ဖီမသောက်လည်း အာရုံစူးစိုက်ပြီး လုပ်နိုင်လာပါတယ်။
၄ ပတ် ကော်ဖီမသောက်ဘဲ နေတဲ့အခါ–
အရင်ထက် ၆ နာရီလောက် မနိုးဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်လာတယ်။
ကော်ဖီသောက်မှ လန်းဆန်းတာမျိုးမဟုတ်ဘဲ မသောက်ဘဲ အာရုံစူးစိုက်ပြီး တက်တက်ကြွကြွ အလုပ်တွေ လုပ်လာနိုင်တယ်။
ကောင်းကောင်းအိပ်ရလို့ မျက်ကွင်းညိုတာ၊ အသားရေ ညစ်တာမျိုးမရှိဘဲ ကြည်လင်လာတယ်။
တခုခု မစားဘဲ မနေနိုင်၊ မသောက်ဘဲ မနေနိုင်မဖြစ်တော့ဘဲ စွဲလန်းတဲ့စိတ်တွေ ပျောက်သွားတယ်။
နောက်ဆုံးအရေးကြီးတဲ့အချက်ကတော့ မနက်စာကို ကော်ဖီထက် ပိုအရေးကြီးတဲ့အစားအသောက်တွေ ခုံမင် လာတဲ့အချက်ပါ။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဖျော်ရည်သောက်လေ့ရှိတဲ့ အလေ့အကျင့်ကောင်းတွေလည်း ရလာပါတယ်။
ဒါကြောင့် ကော်ဖီကို နေ့စဉ် စွဲစွဲမြဲမြဲသောက်တာထက် တခါတရံမှ သောက်သင့်ပြီး သင့်ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အာဟာရပြည့်မနက်စာတွေနဲ့ အစားထိုးကြည့်ပါလို့ ညွှန်းဆိုပေးလိုက်ပါတယ်။
Ref: Bright Side Me
ဆက်စပ် ဖတ်ရှုရန်
- သင် သတိမထားမိတဲ့ ကော်ဖီ အလွန်အကျွံ သောက်သုံးခြင်းရဲ့ ဆိုးကျိုးများ
- အမြဲသောက်ခဲ့တဲ့ ကော်ဖီ .. မသောက်တော့ဘူးဆိုရင်
- ကော်ဖီကို နေ့တိုင်းသောက်ရင် ဘာဖြစ်မလဲ