မိန်းကလေးတိုင်းက သွယ်လျတဲ့ ခြေသလုံးကို နှစ်သက် ပိုင်ဆိုင်လိုကြပါတယ်။ တချို့က မွေးရာပါ ခြေသလုံး လှကြပေမယ့် ကိုယ်က ခြေသလုံးကြီးနေလို့ စိတ်ဓာတ်ကျစရာ မလိုပါဘူး။ စိတ်ရှည်ရှည်နဲ့ အချိန်ပေးပြီး လေ့ကျင့်ဖို့ပဲ လိုပါတယ်။ ဟောလိဝုဒ်က Celebrity တွေရဲ့ Trainer ဖြစ်တဲ့ Tracy Anderson က ဒီလွယ်ကူတဲ့နည်းလမ်း ၃ မျိုးကို ပြောပြလိုက်ပါတယ်။ ပုံမှန်လုပ်သွားမယ်ဆိုရင် ၂ လ အတွင်းမှာပဲ ပေါင်နဲ့ ခြေသလုံးက အဆီတွေကျသွားမှာပါ။
(၁) ခြေဖျားထောင် လေ့ကျင့်ခန်း
ကြမ်းပြင်မှာ ပက်လက်အိပ်ပြီး လက်တွေကို ဖြန့်ချထားပါ။ ဒူးကိုအပေါ်ကို ၉၀ ဒီဂရီ မြှောက်ထားရပါမယ်။ ခြေထောက်၂ ချောင်း ဟမနေအောင် သတိပြုပါ။ ခြေဖျားတွေကလည်း ကွေးဆန့် မထားဘဲ တည့်မတ် နေရပါမယ်။ ပြီးရင် ခြေတဖက်ကို အောက်ချပြီး ပုံပါအတိုင်း တင်ပါးနဲ့ ထိရပါမယ်။ တဖက်ကို ၁၀ ခါစီ ပြုလုပ်ပေးပါ။ ဒီလေ့ကျင့်ခန်းက ဝမ်းဗိုက်နဲ့ ပေါင်တွေ အဆီကျစေပါတယ်။
(၂) ခြေဖျားကွေး လေ့ကျင့်ခန်း
နံပါတ် ၁ လေ့ကျင့်ခန်းကလိုပဲ ကိုယ်နေဟန်ထား ရှိရပါမယ်။ ကြမ်းပြင်မှာ အိပ်ပြီး ခြေထောက်အပေါ် မြှောက်ထားရမှာပါ။ ခြေဖျားတွေကတော့ ထောင့်ချိုးပုံစံ ကွေးထားလို့ ရပါတယ်။ ပြီးရင် ခြေတဖက်ကို ချ၊ တင်ပါးနဲ့ထိ၊ ပြန်မြှောက်တင်၊ နောက်ခြေတဖက် ချ စသည်ဖြင့် ပုံထဲကအတိုင်း လိုက်လုပ်ပေးရပါမယ်။ ဒီလေ့ကျင့်ခန်းက ပေါင်နဲ့ခြေသလုံး အနောက်ဘက်ပိုင်းက ကြွက်သားတွေကို သန်မာစေပါတယ်။
(၃) ခြေအတွင်းပိုင်း လေ့ကျင့်ခန်း
လေ့ကျင့်ခန်း ၁ ကလိုပဲ ကိုယ်နေဟန်ထား ရှိရပါမယ်။ ကြမ်းပြင်မှာ အိပ်ပါ။ ခြေထောက်တွေအပေါ် မြှောက်ထားပါ။ ညာခြေကို အပေါ်၊ ဘယ်ခြေကို အောက်မှာထားပြီး ခြေထောက် ၂ ချောင်း ယှက်ထားရပါမယ် ။ ခြေ ၂ ချောင်းကြားထဲမှာ ဟမနေစေဖို့ သတိပြုပါ။ ပြီးရင်ခြေထောက်တွေကို အတွင်းထိ ကွေးပြီး ပြန်ဆန့်ရပါမယ်။ ၁၀ ကြိမ်လုပ်ပြီးရင် ဘယ်ခြေအပေါ် ညာခြေအောက်ထားပြီး ၁၀ ကြိမ်လုပ်ပါ။
လေ့ကျင့်ခန်းတွေက လွယ်ကူသလို ထိရောက်မှုလည်းရှိပါတယ်။ အိပ်ခါနီးတိုင်း လေ့ကျင့်ခန်းတခုကို ၁ မိနစ်သာ အချိန်ပေးရုံနဲ့ သင့်ခြေထောက်လေးဟာ အချိန်တခုအတွင်း သွယ်လျပြီး လှပလာမှာပါ။
Ref ; www.stylecraze.com