လူကြီးတွေကော လူငယ်တွေကော ကျန်းမာရေးနဲ့ ကိုက်ညီပြီး အညောင်းအညာပြေဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရေပူစမ်းတွေကို သွားကြပါတယ်။ ဒါကြောင့် ရေပူစမ်းသွားပြီး ရေပူစိမ်ရခြင်းရဲ့ ကောင်းကျိုးတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) ဓာတုပစ္စည်း မပါဝင်ပါဘူး
ရေပူစမ်းက ရေက မြေကြီးထဲက အပူအတိုင်း ထွက်လာတာဖြစ်လို့ ဘာဓာတုပစ္စည်းမှ မပါပါဘူး။ ဒါကြောင့် သဘာဝ ဓာတ်သတ္တုတွေ ကြွယ်ဝနေပါတယ်။ ဒီလိုရေပူစမ်းတွေမှာ သွားပြီး ရေပူ စိမ်တာဟာ အညောင်းအညာ ပြေတဲ့အပြင် စိတ်ကိုလည်း လန်းဆန်းစေပါတယ်။
(၂) ခန္ဓာကိုယ်ကို ပေါ့ပါးလန်းဆန်းစေတယ်
တရုတ်ရိုးရာ ဆေးပညာအရဆိုရင် ရေပူစိမ်ခြင်းကြောင့် ခန္ဓာကိုယ်တခုလုံးကို ပေါ့ပါး လန်းဆန်းစေတယ်လို့ ဆိုကြပါတယ်။ ဒါ့အပြင် ရေပူစိမ်ပြီး အနားယူခြင်းကြောင့် သင့်ရဲ့ စိတ်ဖိစီးမှုတွေကိုလည်း လျော့ကျစေပါတယ်။ သဘာဝအတိုင်းဖြစ်နေတဲ့ ရေပူစမ်းတွေရဲ့ အောက်ခြေမှာ ရှိတဲ့ ကျောက်တုံးလေးတွေ အပေါ်နင်းရင် အနှိပ်ခံရသလို ခံစားမှုမျိုးကို ရဦးမှာလည်း ဖြစ်ပါတယ်။
(၃) သတိမေ့ရောဂါတွေကို လျှော့ချပေးတယ်
ရေပူစမ်းမှာ ရှိတဲ့ ရေမှာပါဝင်တဲ့ ဓာတ်တွေကို ခန္ဓာကိုယ်က စုပ်ယူပြီးအခါမှာ ရရှိတဲ့ သံဓာတ်ဟာ အသက်ကြီးတဲ့ အချိန်မှာ ဖြစ်လွယ်တဲ့ သတိမေ့ရောဂါ စတာတွေကို လျှော့ချပေးပါတယ်။ ဒါ့အပြင် ရေပူစမ်းမှာ စိမ်ခြင်းကြောင့် စိတ်တည်ငြိမ်ခြင်းကိုလည်း ဖြစ်စေပါတယ်။
(၄) အသားအရေကို လှပချောမွတ်စေတယ်
ရေပူစိမ်ခြင်းကြောင့် အသားအရေ စိုစွတ်တဲ့ ကောင်းကျိုးကိုလည်း ရရှိနိုင်ပါတယ်။ သာမန်ရေနဲ့ ရေချိုးခြင်းဟာ ခန္ဓာကိုယ်မှာ ရေဓာတ်ခမ်းခြောက်မှုကို ဖြစ်ပေါ်စေပေမယ့် ရေပူမှာ ပါဝင်တဲ့ သံဓာတ်နဲ့ ဆီလီကာဓာတ်ကြောင့် အသားအရေကို လှပချောမွတ်စေပါတယ်။
(၅) သွေးလည်ပတ်မှု စနစ်ကို တိုးမြှင့်ပေးတယ်
ရေပူစိမ်တဲ့အခါမှာ သင့်ရဲ့ အသက်ရှုပုံဟာ ပုံမှန်ထက် အနည်းငယ် ပိုမြင့်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ သွေးလည်ပတ်မှု စနစ်ကို တိုးမြင့်ပေးပါတယ်။ ဒါဟာ လေ့ကျင့်ခန်းလုပ်တဲ့ အချိန်မှာ ဖြစ်တဲ့ သွေးလည်ပတ်မှု အတိုင်းပါပဲ။ ဒါကြောင့် သင့်ရဲ့ နှလုံးကျန်းမာရေးကို အထောက်အကူဖြစ်စေတဲ့ အပြင် သင့်ခန္ဓာကိုယ်က ကြွက်သားတွေကိုပါ တောင့်တင်းသန်မာစေပါတယ်။
ဒါအပြင် ရေပူစမ်းမှာ ၁ နာရီ ရေပူစိမ်ခြင်းဟာ ကယ်လိုရီ ၁၄၀ ကို လောင်ကျွမ်းစေပါတယ်။ ရေပူစမ်းမှာ စိမ်ရင်း အဖျော်ယမကာတွေကို သောက်သုံးလို့ သင့်ဝိတ်တက်လာမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် သံသယ ကင်းကင်းနဲ့ ရေပူစိမ်ရင်း အဖျော်ယာမကာတွေကို သောက်သုံးကာ အနားယူကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။
Ref; nhotsprings.com