ထိခိုက်လွယ်တဲ့ အသားအရေ (Sensitive skin) ပိုင်ရှင်တွေရဲ့ အသားအရေဟာ အမှားမခံတဲ့ အသားအရေ အမျိုးအစားပဲဖြစ်ပြီး ကိုယ်နဲ့မတည့်တဲ့ Product တွေကို သုံးမိတဲ့အခါ ချက်ချင်းဆိုသလို တုံ့ပြန်တတ်တာမျိုးလည်း ဖြစ်ပါတယ်။ အခုဖော်ပြပေးမှာကတော့ Sensitive skin ကို ပိုင်ဆိုင်ထားသူတွေ သတိထားသင့်တဲ့ အရေးကြီးတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။
(၁) Sensitive skin ပိုင်ရှင်တွေဟာ အလှကုန်ပစ္စည်းတွေထဲမှာ ပါဝင်တဲ့ ပါဝင်ပစ္စည်းတွေနဲ့ မတည့်တာမျိုးတွေ ဖြစ်တတ်တာကြောင့် ဝယ်မယ့်ပစ္စည်းကို သေချာ စမ်းသပ် စစ်ဆေးသင့်ပါတယ်။
(၂) နောက်တခုကတော့ အလှကုန်ပစ္စည်းတမျိုး ဝယ်လာပြီဆိုရင် မျက်နှာပေါ် ချက်ချင်း လိမ်းမကြည့်ဘဲ လည်ပင်းနဲ့ လက်တို့လို အသားအရေတွေပေါ်မှာ စမ်းသပ် လိမ်းကြည့်ပြီး ဘာတုံ့ပြန်မှုမှ မဖြစ်ပေါ်ဘူးဆိုတဲ့ အချိန်ကျမှ မျက်နှာ အသားအရေပေါ်မှာ လိမ်းသင့်ပါတယ်။
(၃) Sensitive skin ပိုင်ရှင်တွေဟာ တခြားသော အသားအရေ အမျိုးအစားတွေထက် ရေဓာတ် ပိုမိုလိုအပ်တာကြောင့် ရေများများ သောက်ပေးသင့်ပါတယ်။ သဘာဝအသီးအနှံတွေနဲ့ ပြုလုပ်ထားတဲ့ Detox water တွေဟာ အသားအရေမှာ ရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး အသားအရေကို ကြည်လင်စေတာကြောင့် အလျဉ်းသင့်သလို သောက်သုံးပေးသင့်ပါတယ်။
(၄) ထိခိုက်လွယ်တဲ့ အသားအရေ ပိုင်ရှင်တွေ သတိပြုရမယ့် နောက်တချက်ကတော့ မျက်နှစ်သစ်ပြီး မျက်နှာသုတ်ပုဝါနဲ့ ရေသုတ်တဲ့အခါ ရေခြောက်အောင် ခပ်ဖွဖွသာ သုတ်ပေးသင့်ပါတယ်။ မျက်နှာသုတ်ပုဝါကို ၃ ရက် ၁ ကြိမ်လောက် လျှော်ဖွပ်ပေးသင့်ပြီး အကောင်းဆုံးကတော့ တစ်ရှူးကို အသုံးပြုပြီး ခပ်ဖွဖွ ရေသုတ်ပေးတာပဲ ဖြစ်ပါတယ်။
(၅) နေ့စဉ် စားသောက်မှု ပုံစံကလည်း အသားအရေ ကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှု ရှိတာကြောင့် စားသောက်မှု ပုံစံကိုလည်း သတိထားသင့်ပါတယ်။ ဒါ့အပြင် ပြင်ပ ထိတွေ့မှုတွေဖြစ်တဲ့ နေရောင်ခြည်နဲ့ တိုက်ရိုက် ထိတွေ့တာမျိုးတွေကို ရှောင်ကြဉ်သင့်ပြီး ဆေးလိပ်ငွေ့တွေနဲ့ အိပ်ရေး မဝတာ၊ စိတ်ဖိစီးမှု များတာတွေကိုလည်း သတိပြုသင့်ပါတယ်။
ဆက်စပ် သတင်းလင့်ခ်များ
အသက် ၃၀ ကျော် အမျိုးသမီးများ မဖြစ်မနေ ပြုလုပ်သင့်တဲ့ အသားအရေ ထိန်းသိမ်းနည်း
အသက် ၂၅ နှစ်ကျော်တာနဲ့ နုပျိုလှပမှုကို ဆက်လက်ထိန်းထားနိုင်မယ့် နည်းလမ်း ၁၀ ခု
အသားအရေကို ကြည်လင်ချောမွတ်စေမယ့် အလွယ်တကူပြုလုပ်နိုင်တဲ့ Scrub (၅) မျိုး
Ref: www.stylecarze.com