Health

ပူစပ်စပ် အရသာကို တခဏအတွင်း ပြေပျောက်စေမယ့် အရည် ၃ မျိုး

Want create site? Find Free WordPress Themes and plugins.

အစပ်အရသာကို ကြိုက်လို့ပဲဖြစ်ဖြစ်၊ စိတ်ဖိစီးမှု ပြေပျောက်စေချင်လို့ပဲဖြစ်ဖြစ် မကြာခဏ စားဖြစ်ကြပါတယ်။ အထူးသဖြင့် မိန်းကလေးတွေဟာ အစပ်အရသာကို ခုံမင်နှစ်သက်ကြသလို စပ်တယ်လို့ ခံစားမိရင်တောင် ဆက်စားမိနေတတ်ကြသူတွေပါ။

အစပ်တွေစားပြီး ပါးစပ်ထဲ မီးတောက်သလို ခံစားမိတဲ့အခါ အစပ်ပြေအောင် ရေသောက် တတ်ကြပါတယ်။ ဒါဟာ မှားယွင်းတဲ့ အယူအဆပါပဲ။ ဒါဆို ဘယ်လိုအစပ်ပြေအောင် လုပ်နိုင်မလဲ။ အဖြေကတော့ အရမ်းရိုးရှင်းပါတယ်။ ပါးစပ်တခုလုံး ထူပူစပ်နေတာကို ပြေပျောက်စေမယ့် အကောင်းဆုံး အရည်တွေ ရှိပါတယ်။

(၁) နွားနို့

ကိုယ်မခံနိုင်လောက်တဲ့ အစပ်မျိုး စားမိတဲ့အခါ၊ အစပ်တွေ အများကြီးစားလိုက်မိလို့ ရေဘယ်လောက် သောက်သောက် အစပ်မပြေတဲ့အခါ နွားနို့ဟာ အကောင်းဆုံး အဖြေတခုပါ။ အနည်းငယ် သောက်လိုက်ရုံနဲ့ ခံစားနေရတဲ့ ပူစပ်စပ်အရသာကို တခဏတွင်း လျော့ကျသွားတာကို ခံစားမိမှာပါ။

စပ်တဲ့အစား အစာတွေမှာပါတဲ့ အဓိက ကွန်ပေါင်းတမျိုး Capsaicin ကြောင့် စားလိုက်တာနဲ့ နပ်ဗ့်အကြောတွေက တဆင့် အာရုံကြောထိအောင် ရောက်သွားပြီး ဦးနှောက်ကို ပူလောင်တဲ့ ခံစားချက်ကို သတင်းပို့ပါတော့တယ်။ ဒီအချိန်မှာပါတဲ့ casein ဓာတ်ကတော့ စပ်တဲ့ခံစားချက်ကို ရေဖျန်းလိုက်သလို ပြေပျောက်သွားစေပါတယ်။

 

(၂) ဒိန်ချဉ်

ဒိန်ချဉ်ကလည်းနို့ကို အချဉ်ဖောက်ထားတာမို့ သက်သာစေတဲ့ နည်းလမ်းက တူညီပါတယ်။ ဒါ့အပြင် အစပ်ကြောင့် ပူလောင်သွားတဲ့ လျှာအပေါ်ယံကိုပါ အလွှာတခုအနေနဲ့ ပြန်လည် ဖုံးအုပ် ပေးလိုက်တာမို့ စပ်တဲ့အရသာကို အချိန်တိုအတွင်း သက်သာစေသလို နောက်ထပ် မခံစားရအောင် တားဆီးပေးလိုက်နိုင်ပါတယ်။

(၃) ရေနွေးကြမ်း

မြန်မာလူမျိုးတွေက အရင်တည်းက စပ်တဲ့အစာတွေစားမိခဲ့ရင် ရေနွေးပူပူလေး သောက်တတ်ကြပါတယ်။ ဘာလို့ ရေနွေးပူပူတွေက အစပ်ကို သက်သာစေရတာလဲ။ ရေနွေးကြမ်းက ပူတယ်ဆိုပေမယ့် အပူစာ မဟုတ်ပါဘူး။ သောက်လိုက်တဲ့အခါမှာ ကိုယ်တွင်းအပူချိန် အေးမြသွားအောင် အအေးဓာတ်ကို သိုလှောင်ထားတာမို့ ပူစပ်တဲ့ အရသာကို ပြေပျောက်စေတာပါ။

နွားနို့၊ ဒိန်ချဉ်နဲ့ ရေနွေးကြမ်းတွေအပြင် ထမင်းအဖြူထည်၊ ခရက်ကာနဲ့ ပေါင်မုန့်တွေကလည်း ပူစပ်တဲ့အရသာကို ပြေလျော့စေတဲ့ အစားအစာတွေပါ။

Ref: Tips and Tricks

Did you find apk for android? You can find new Free Android Games and apps.
Loading