အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောင်မှုပုံစံဟာ သာမန်အားဖြင့် ကြည့်မယ်ဆိုရင်တော့ ဘာမှထူးထူးဆန်းဆန်း ရယ်လို့ မဟုတ်ပေမယ့် အခုဖော်ပြပေးမယ့် အချက်တွေကတော့ အမျိုးသားတွေနဲ့ မတူကွဲပြားပြီး ထူးခြားဆန်းကြယ်တဲ့ ခန္ဓာကိုယ်ဖွဲ့စည်းမှုတွေပဲ ဖြစ်ပါတယ်။
(၁) ချစ်ခြင်းမေတ္တာကို ပိုမိုခံစားနိုင်တဲ့ Oxytoxin ဟော်မုန်းပမာဏဟာ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုမိုထွက်ရှိတတ်တာကြောင့် အမျိုးသမီးတွေဟာ မိခင်စိတ်ကြီးမားကြပြီး အမျိုးသားတွေထက် ပိုမိုသံယောဇဉ်များ ချစ်ခင်တတ်ကြတာပဲ ဖြစ်ပါတယ်။
(၂) ယုံချင်ယုံ၊ မယုံချင်နေလို့တောင် ပြောရမလိုပါပဲ၊ အမျိုးသမီးတွေရဲ့ အကြားအာရုံဟာ အမျိုးသားတွေထက် ပိုမိုကောင်းမွန်ပြီး အိပ်စက်နေတဲ့ အချိန်အတောအတွင်းမှာတောင် ပတ်ဝန်းကျင်က အသံတွေကို ကြားနိုင်စွမ်း ရှိကြပါတယ်။
ဒါကြောင်မို့လို့လည်း မိခင်တွေဟာ ကလေးငိုသံသဲ့သဲ့ ကြားလိုက်တာနဲ့ အိပ်ရာကနေ ချက်ချင်းနိုးကြတာပဲဖြစ်ပါတယ်။
(၃) အရောင်တွေကို ခွဲခြားသိမြင်နိုင်စွမ်းမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အမြင်အာရုံပိုမိုကောင်းမွန် ကြတာကြောင့် အရောင်တွေကို အခြေခံတဲ့ ဂိမ်းကစားနည်းတွေမှာဆိုရင် အမျိုးသမီးတွေဟာ ပိုမိုထက်မြက်ကြတာပဲ ဖြစ်ပါတယ်။
(၄) အမျိုးသမီးတွေဟာ estradiol,cortisol,progesterone ဟော်မုန်းပမာဏဟာ အမျိုးသားတွေထက် ပိုမိုများပြား တာကြောင့် စိုးရိမ်ပူပန်မှုနဲ့ စိတ်အလိုမကျမှု၊ စိတ်ဖိစီးမှုတွေကို အမျိုးသားတွေခံစားရတာထက် ပိုမိုခံစားကြရပါတယ်။
(၅) အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်မှုမှာ ကိုယ်တွင်းရေဓာတ်ဟာ အမျိုးသားတွေထက် ပိုမိုလျော့နည်း တာကြောင့် အယ်လ်ကိုဟောပမာဏကို အမျိုးသားတွေလောက် မသောက်သုံးနိုင်ကြသလို အယ်လ်ကိုဟော ချေဖျက်နိုင်မှုမှာလည်း အားနည်းတာကြောင့် အယ်လ်ကိုဟောရဲ့ ဆိုးကျိုးကို အမျိုးသားတွေထက် ပိုမိုခံစားကြရပါတယ်။
(၆) အမျိုးသမီးတွေရဲ့ အရေပြားဟာ အမျိုးသားတွေလောက် အလွှာမထူထပ်တဲ့အပြင် အဆီဓာတ်မြင့်မားတာကြောင့် နေရောင်ခြည်နဲ့တိုက်ရိုက်ထိတွေ့တာ၊ ဖုန်မှုန့်နဲ့အညစ်အကြေးတွေကြောင့် အသားအရေထိခိုက်ပျက်စီးတာမျိုးတွေမှာ အမျိုးသားတွေထက် ပိုမိုအဖြစ်များခံစားကြရတာပဲ ဖြစ်ပါတယ်။
(၇) Glasgow တက္ကသိုလ်က စိတ်ပညာဆိုင်ရာပညာရှင်တွေနဲ့ Hertfordshire တက္ကသိုလ်က လေ့လာသူတွေရဲ့ လေ့လာတွေ့ရှိချက်တွေအရ အမျိုးသမီးတွေဟာ (multitasking) အလုပ်တွေကို တပြိုင်တည်း စဉ်းစားတွေးတော ပြုလုပ်နိုင်စွမ်း ကောင်းမွန်ကြပြီး အမျိုးသားတွေမှာတော့ ဒီလိုစွမ်းရည်မျိုးမရှိဘဲ တခုဆိုတခုသာ အာရုံစိုက်နိုင်တယ်လို့ ဆိုပါတယ်။
Ref. mysticalraven.com