Health

ကြို့ထိုးခြင်းကို တခဏအတွင်း သက်သာစေမယ့် နည်းလမ်းကောင်းများ

Want create site? Find Free WordPress Themes and plugins.

ကြို့ထိုးခြင်းကို တခါတရံမှာ လူတိုင်းလိုလို ဖြစ်ဖူးကြမှာပဲ ဖြစ်ပါတယ်။ ကြို့ထိုးတာ မရပ်မနားဖြစ်ပေါ်နေပြီဆိုရင်တော့ စိတ်အနှောင့်အယှက်လည်းဖြစ်ရသလို အလုပ်လုပ်နေတဲ့အချိန်မျိုးတွေမှာ ဖြစ်ပေါ်တဲ့အခါမှာလည်း အလုပ်ကို အာရုံစိုက်မရတဲ့အထိ ဖြစ်ပေါ်စေတတ်တာကြောင့် ကြို့ထိုးခြင်းကို တခဏအတွင်းသက်သာပျောက်ကင်းစေမယ့် နည်းလမ်းကောင်းတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

(၁) ကြို့ထိုးခြင်းကို လျင်လျင်မြန်မြန် ပျောက်ကင်းစေနိုင်မယ့် နည်းလမ်းတွေထဲမှာ အလွယ်ကူဆုံးလို့ပြောလို့ရတဲ့ နည်းလမ်းကတော့ သကြား လက်ဖက်ရည်ဇွန်း တဇွန်းခန့်ကို မျိုချပေးတာပဲ ဖြစ်ပါတယ်။

(၂) မရပ်မနားကြို့ထိုးနေတဲ့အခါ ပြုလုပ်ရမယ့် နောက်ထပ်နည်းလမ်းကောင်း တခုကတော့ မြေပဲထောပတ်တဇွန်းခန့်ကို မျိုချပေးတာပဲ ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာဆိုရင်လည်း ရှေးယခင်တည်းက အသုံးပြုခဲ့ကြတဲ့ နည်းလမ်းကောင်းတခုပဲ ဖြစ်ပါတယ်။

(၃) စက္ကူအိတ်ကို နှာခေါင်းဝမှာ တေ့ကာ အိတ်ထဲကို ဖြေးဖြေးမှန်မှန် အသက်ရှုထုတ်ပေးခြင်းဟာလည်း ကြို့ထိုးခြင်းကို ခဏအတွင်းသက်သာစေမှာဖြစ်ပါတယ်။ ကြို့ထိုးတာဟာ ခန္ဓာကိုယ်တွင်းမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်နည်းခြင်းကြောင့် ဖြစ်ပေါ်ရတာဖြစ်ပြီး ဒီနည်းလမ်းကို ပြုလုပ်ပေးခြင်းအားဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏကို ပြန်လည်မြင့်တက်စေမှာ ဖြစ်ပါတယ်။

(၄) စမုံစပါး လက်ဖက်ရည်ဇွန်းတဇွန်းခန့်ကို ဖြေးဖြေးချင်း ဝါးစားပေးခြင်းဟာ ကြို့ထိုးခြင်းကို ရပ်တန့်စေမယ့် vagus အာရုံကြောကို လှုံ့ဆော်ပေးနိုင်တာကြောင့် သက်သာပျောက်ကင်းစေမှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီနည်းလမ်းဟာ အိန္ဒိယလူမျိုးတွေရဲ့ ရိုးရာဆေးနည်းတခုလည်း ဖြစ်ပါတယ်။

(၅) ပျားရည် လက်ဖက်ရည်ဇွန်း တဇွန်းခန့်ကို ရေနွေးအနည်းငယ်နဲ့ရောကာ သောက်သုံးပေးခြင်းကလည်း ကြို့ထိုးခြင်းကို တခဏအတွင်း လျင်လျင်မြန်မြန် ပျောက်ကင်းစေမှာပဲ ဖြစ်ပါတယ်။

Ref. www.rd.com

Did you find apk for android? You can find new Free Android Games and apps.
Loading