ယနေ့ခေတ်မှာ ကျန်းမာရေးကို ဂရုစိုက်ရမယ်ဆိုတာ နားလည်လာကြပါပြီ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို ရွေးစားလာကြသလို ကိုယ်လက်ကြံ့ခိုင်ရေးအတွက် Gym ကိုသွား၊ ပုံမှန်ကျန်းမာရေး ဆေးစစ်ချက်တွေပါ ဂရုတစိုက်လုပ်လာတာ မြင်တွေ့ရမှာပါ။ ဒါပေမယ့်လည်း တချို့အရေးကြီးတဲ့ ကျန်းမာရေး အထောက်အကူပြု အချက်အလက်တွေလည်း ရှိနေပါတယ်။
ရေဟာ လူခန္ဓာကိုယ်အတွက် မရှိမဖြစ် အရေးကြီးဆုံးအရာပါ။ လူတယောက်ဟာ နေ့စဉ် အနည်းဆုံး ရေ ၈ ခွက် ကနေ ၁၀ ခွက်ထိ သောက်သုံးသင့်ပါတယ်။ ရေသောက်တဲ့အခါ သင့်တော်တဲ့အချိန်မှာ သောက်ပေးရင် ပိုထိ ရောက်တယ်လို့ ဆိုပါတယ်။
ခန္ဓာကိုယ်အတွက် အကျိုးများစေတဲ့ ရေသောက်ဖို့အကောင်းဆုံးအချိန်တွေကို ပြောပြပေးချင်ပါတယ်။ တနေ့ တာ ဘယ်အချိန်တွေမှာ ရေသောက်ရင် ခန္ဓာကိုယ်ကို အကျိုးပြုစေမလဲ။
မနက် ၈ နာရီ
ဗိုက်ထဲဘာမှ မစားရသေးခင် ရေသောက်ပေးရင် ရေဓာတ်ကို အပြည့်အဝ ပိုဖြည့်ဆည်း ပေးနိုင်ပါတယ်တဲ့။ ခန္ဓာကိုယ် လန်းဆန်းစေသလို မနက်စာအတွက်ပါ ပြင်ဆင်သင့်တဲ့အချိန်ပါ။ နေ့တနေ့ရဲ့ ပထမဆုံး အစားအစာကို စစားတဲ့ အချိန်ဖြစ်သလို ရေဓာတ်လည်း အပြည့်အဝ ဖြည့်သင့်တဲ့ အချိန်ကောင်းလေးပါ။
မနက် ၁၁ နာရီ
ဒီအချိန်မှာလည်း ရေသောက်ဖို့ မမေ့ပါနဲ့နော်။ မနက် ၁၁ နာရီဆိုတာ ထမင်းစာခါနီးဖြစ်လို့ ရေသောက်ပေးရင် နေ့လည်စာ ဗိုက်ပြည့်အောင် မစားမိစေလို့ အဆီပိုတွေ မတက်တော့ဘူးပေါ့။ ဒီ့ပြင် တနေ့ကို ရေ ၁ လီတာခွဲ သောက်ဖြစ်အောင်လည်း ကူညီပေးနိုင်ပါတယ်။
နေ့လည် ၁ နာရီ
တချို့တွေက နေ့လည်ထမင်းစားနေတုန်း ရေသောက်ရင် အစာမကြေဖြစ်တတ်လို့ မသောက်ဘဲ နေလေ့ ရှိပါ တယ်။ တကယ်တော့ ရလာတဲ့အကျိုးရလဒ်က ပြောင်းပြန်ပါ။ နေ့လည်စာစားရင်း သံပုရာရည်လေးညှစ်ထားတဲ့ ရေသောက်ပေးရင် အစာတောင် ပိုကြေစေတယ်လို့ ဆိုပါတယ်။
ညနေ ၄ နာရီ
ဒီအချိန်ဟာ နေ့လည်စာ စားချိန်နဲ့ ညစာကြား အချိန်ပါ။ ဒါကြောင့် ဒီလိုအချိန်ဆို အရည်တမျိုးမျိုး သောက်လေ့ ရှိကြပါတယ်။ ခန္ဓာကိုယ်အတွက် ရေဓာတ်ဖြည့်ဖို့ အကောင်းဆုံးအချိန်မို့ ရေများများ သောက်ပေးပါ။
ည ၈ နာရီ
ညစာမစားခင် ရေတဖန်ခွက် သောက်ပေးသင့်ပါတယ်။ ရိုးရိုးရေထက် လန်းလန်းဆန်းဆန်း ဖြစ်သွားအောင် သံပုရာသီး တစိတ်လောက် ညှစ်သောက်ပေးရင် ပိုအကျိုးများပါတယ်။ ဒီအချိန် ဇယားအတိုင်း ရေသောက်ပေးမယ် ဆိုရင် နေ့စဉ်လိုအပ်တဲ့ ရေပမာဏသောက် ဖြစ်သွားတာပေါ့။
Ref: Better Me