မကြာခဏဆိုသလို ပြုလုပ်မိတတ်တဲ့ တချို့သောအလေ့အကျင့်တွေဟာ ရေရှည်မှာ အသက် အန္တရာယ် ထိခိုက်စေတဲ့အထိပါ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်မို့လို့ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ အမူအကျင့်တွေကို ဗဟုသုတအနေနဲ့ ပြန်လည် မျှဝေပေးလိုက်ပါတယ်။
(၁) မကြာခဏ ဆိုသလို ဇက်ကို တဖျစ်ဖျစ် မြည်အောင် လှည့်တတ်တဲ့ အလေ့အကျင့်ဟာ ရေရှည်မှာ လည်ပင်း ကျီးပေါင်းတက်ခြင်းနဲ့ ရုတ်တရက် လေဖြတ်နိုင်ခြေတွေကို မြင့်တက် စေနိုင်ပါတယ်။
(၂) လက်သည်းကိုက်တတ်တဲ့ အလေ့အကျင့်ဟာ မကောင်းမှန်း သိရက်နဲ့ အမှတ်တမဲ့ဆိုသလို ပြုလုပ်မိတတ်တဲ့ အလေ့အကျင့်တခုလည်း ဖြစ်ပါတယ်။ လက်သည်းထဲမှာ မျက်စိနဲ့ မမြင်နိုင်တဲ့ ဘက်တီးရီးယားပေါင်းများစွာရှိပြီး အဲဒီဘက်တီးရီးယားတွေဟာ အစာအဆိပ်သင့်ခြင်း၊ ကျောက်ကပ်ရောဂါနဲ့ ဝမ်းလျှောရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။
(၃) အိပ်စက်တဲ့အခါ ဟောက်တတ်တဲ့ အလေ့အကျင့်ရှိသူတွေအနေနဲ့ ဟောက်ခြင်းကို လျစ်လျှူရှု မထားသင့်ပါဘူး။ အမေရိကန်နိုင်ငံရဲ့ အိပ်စက်ခြင်းဆိုင်ရာ သုတေသနအဖွဲ့ရဲ့ လေ့လာချက်တွေ အရ အိပ်စက်တဲ့အခါ ဟောက်တတ် သူတွေဟာ နှလုံးရောဂါ၊ ရုတ်တရက် အသက်ရှုကြပ်ခြင်း ရောဂါ၊ ဆီးချိုရောဂါနဲ့ လေဖြတ်တာတွေ ဖြစ်နိုင်ခြေများတာကြောင့် ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်သင့်တယ်လို့ ဆိုပါတယ်။
(၄) အကိုက်အခဲ ပျောက်ဆေးတွေ မကြာခဏဆိုသလို သောက်တတ်တဲ့ အလေ့အကျင့်ဟာ ရေရှည်မှာ ခန္ဓာကိုယ်တွင်း သွေးယိုစီးမှု၊ အစာအိမ်ရောင်ရမ်းတာ၊ သွေးပေါင်ချိန် မြင့်တက်တာမျိုးတွေနဲ့ Heart Attack ဖြစ်ကာ သေဆုံးနိုင်ခြေတွေကို မြင့်တက်စေနိုင်တာကြောင့် အကိုက်အခဲ ပျောက်ဆေးတွေကို ဆရာဝန်ညွှန်ကြားချက် မပါဘဲ မကြာခဏ သောက်သုံးခြင်းမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။
(၅) မနက်စာ မစားဘဲနေခြင်းဟာလည်း ကျန်းမာရေးကို ရေရှည်မှာ ထိခိုက်စေနိုင်တဲ့ အမူအကျင့်ပဲ ဖြစ်ပြီး လေ့လာချက်တွေအရ စိတ်ဖိစီးမှုရောဂါ၊ အဝလွန်ရောဂါ၊ ဆီးချိုနဲ့ နှလုံးရောဂါ ဖြစ်နိုင်ခြေတွေကို မြင့်တက်စေပါတယ်။
Ref ; www.boldsky.com