Health

အမျိုးသားတွေထက် အမျိုးသမီးတွေမှာ အိပ်ချိန် ပိုလိုအပ်တဲ့ အကြောင်းအရင်း

Want create site? Find Free WordPress Themes and plugins.

အမျိုးသားတွေဟာ အိပ်ချင်တဲ့အချိန်တိုင်း အိပ်ပျော်ပေမယ့် အမျိုးသမီးတွေကျတော့ အကြောင်းအရင်းတခုခု ရှိလာပြီ ဆိုတာနဲ့ အိပ်ဖို့ ခက်ခဲပါတယ်။ စိတ်ပူပန်မှု၊ စိတ်ဖိစီးမှုတွေ ခံစားရပြီဆိုတာနဲ့ တပြိုင်နက် အိပ်မပျော်တဲ့ ညတွေ ပိုများလာပြီပေ့ါ။

England Loughborough University က Sleep Research Centre က လေ့လာချက်တွေအရ အမျိုးသမီးတွေရဲ့ ဦးနှောက်ဟာ နေ့စဉ်နဲ့အမျှ လုပ်ငန်းဆောင်တာ အများကြီးကို ထမ်းဆောင်နေရတဲ့အတွက် အနားယူဖို့ အမှန်တကယ် လိုအပ်တယ်လို့ သိရပါတယ်။

အိပ်ချိန်နည်းတဲ့ အမျိုးသမီးတွေဟာ စိတ်တိုခြင်း၊ စိတ်ဖိစီးခြင်း စတာတွေကိုလည်း ခံစားရပါတယ်။ ဒါကြောင့် အမျိုးသမီးတယောက်အနေနဲ့ အမျိုးသားတဦးထက် မိနစ် ၂၀ အိပ်ချိန်ပိုရှိသင့်ပါတယ်။ ဘာကြောင့် လိုအပ်သလဲဆိုတဲ့ အကြောင်းအရင်းကိုလည်း အောက်မှာ ဖော်ပြထားပါတယ်။

(၁) အမျိုးသမီးတွေက ပိုအလုပ်များတယ်

အမျိုးသားတွေဟာ တချိန်မှာ အကြောင်းအရာတခုကိုသာ အာရုံစိုက်နိုင်ပေမယ့် အမျိုးသမီးတယောက်ကျတော့ တချိန်တည်းမှာပဲ အကြောင်းအရာ ၃ ခုလောက်ကို တွေးတောပြီး စိတ်ပူပန်တတ်ပါတယ်။ နေ့စဉ် အလုပ်အပြင်၊ မိသားစု၊ အိမ်ကိစ္စ စတာတွေကြောင့် အမျိုးသားတွေလောက် ကောင်းကောင်း အိပ်မပျော်တာ တွေ့ရပါတယ်။

(၂) ဟော်မုန်း အပြောင်းအလဲ

ကိုယ်ဝန်ဆောင်ခြင်း၊ သွေးဆုံးခြင်းကစလို့ အမျိုးသမီးဟော်မုန်း အပြောင်းအလဲတွေကြောင့် အိပ်ချိန်ပိုလိုအပ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုနဲ့ သက်သောင့်သက်သာ မဖြစ်မှုတွေအတွက် အမျိုးသမီးတို့ရဲ့ ဦးနှောက် အိပ်ချိန် ပိုလိုအပ်ပါတယ်။

(၃) နားချိန် အပြည့်အဝ မရရှိမှု

အိမ်ထောင်ပြုပြီးသား အမျိုးသမီးတယောက်အနေနဲ့ နားချိန်ရဖို့ဆိုတာ ပိုခက်ခဲပါတယ်။ ကလေးကို ပြုစုစောင့်ရှောက်ခြင်းနဲ့ အိမ်မှုကိစ္စတွေကြောင့် အိပ်ချိန်အလုံအလောက် မရတဲ့ ညတွေက များလာတဲ့အခါ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ခံစားလာရတတ်ပါတယ်။ ဒါကြောင့် အားလပ်ချိန်ှမှာ အမျိုးသားတွေအနေနဲ့ ကူညီပေးတာမျိုး လုပ်သင့်ပါတယ်။

(၄) ကိုယ်အလေးချိန် အပြောင်းအလဲ

အိပ်ရေး မဝခြင်းနဲ့ ကိုယ်အလေးချိန်တိုးခြင်းဟာ ဆက်စပ်မှု ရှိနေပါတယ်။ အိပ်ရေးမဝတဲ့ အမျိုးသမီးတွေဟာ အဝလွန်ရောဂါ ခံစားရနိုင်သလို အစာစားချင်စိတ် တိုးလာပြီး ကိုယ်အလေးချိန် တဖြည်းဖြည်း တိုးလာစေပါတယ်။

(၅) မတူကွဲပြားမှု

အမျိုးသားတွေနဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါ အမျိုးသမီးတွေဟာ မတူကွဲပြားမှုတွေ ရှိနေပါတယ်။ သူတို့ဟာ ခွဲခြမ်းစိတ်ဖြာ သုံးသပ်တတ်သလို တာဝန်အများကြီးကိုလည်း တချိန်တည်းမှာ လုပ်ဖို့ စဉ်းစားနေတတ်ပါတယ်။ ဒီလိုအတွေးတွေကို အရှိန်အဟုန်နဲ့ တွေးနေတာဟာ အိပ်ချိန်ရောက်တဲ့အထိ မရပ်တန့်ပါဘူး။ ဒါကြောင့် အိပ်မပျော်တဲ့ညတွေ များလာတတ်ပါတယ်။

ဒီလိုမျိုးတွေကြောင့် အိပ်မပျော်တဲ့အခါမှာ အမျိုးသမီးတွေအနေနဲ့ စိတ်အလိုမကျမှုကြောင့် တဖက်သားကို ပြဿနာရှာရင်း မပျော်ရွှင်တဲ့ အိမ်ထောင်ရေးမျိုး ဖြစ်လာတတ်ပါတယ်။

သမီးရည်းစား စုံတွဲတွေထဲမှာလည်း ချစ်သူကောင်မလေးက အကြာကြီးအိပ်လေ့ မရှိဘူးဆိုရင် ယောကျ်ားလေးဘက်က ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ သူတို့ စိုးရိမ်ပူပန်စရာမျိုး မဖြစ်အောင် ကူညီဖေးမပေးခြင်းအားဖြင့် ပျော်ရွှင်ရတဲ့ အချစ်ရေးကို ဖန်တီးနိုင်မှာပါ။

Ref ; www.sleepadvisor.org

Did you find apk for android? You can find new Free Android Games and apps.
Loading