ရာသီအကူးအပြောင်းတွေမှာ ဖြစ်တတ်တဲ့ အအေးမိတုပ်ကွေးရောဂါဟာ နေမကောင်းဖြစ်ရာကနေတဆင့် အလုပ်အကိုင် ပျက်တဲ့အထိပါ စိတ်အနှောင့်အယှက်ဖြစ်စေတာကြောင့် ကာကွယ်နိုင်မယ့် နည်းလမ်းကောင်းတွေကို ဖော်ပြပေး လိုက်ပါတယ်။
(၁) ကိုယ်အမြဲထိတွေ့အသုံးပြုနေရတဲ့ ပစ္စည်းအများစု (ဥပမာ- ဖုန်းမျက်နှာပြင်၊ ကီးဘုတ်ခလုတ်၊ တီဗီရီမုတ်) အစရှိတဲ့ ပစ္စည်းတွေမှာ မျက်စိနဲ့မမြင်နိုင်တဲ့ ရောဂါပိုးမွှားတွေဟာ အစဉ်သဖြင့် ကပ်ငြိနေနိုင်တာကြောင့် ပုံမှန်သန့်ရှင်းရေး ပြုလုပ်ပေးခြင်းအားဖြင့် ရာသီအကူးအပြောင်းမှာ ဘက်တီးရီးယားနဲ့ ရောဂါပိုးမွှားတွေကြောင့် ဖြစ်တတ်တဲ့ အအေးမိတုပ်ကွေး ရောဂါတွေကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
(၂) လက်သည်းကိုက်တတ်တဲ့ အလေ့အကျင့်ဟာ ရောဂါပိုးမွှားတွေကို ပါးစပ်ထဲသွင်းနေတာနဲ့ တူပါတယ်။ အအေးမိ တုပ်ကွေးရောဂါအများစုဟာ လက်မသန့်ရှင်းခြင်းနဲ့ မသန့်ရှင်းတဲ့လက်နဲ့ နှာခေါင်း၊ ပါးစပ်တွေကို မကြာခဏဆိုသလို ထိတွေ့မိတာကနေ ဖြစ်တာကြောင့် လက်သန့်ရှင်းရေးကို ဂရုစိုက်သင့်သလို လက်သည်းကိုက်တတ်တဲ့ အမူအကျင့် ကိုလည်း စွန့်လွှတ်သင့်ပါတယ်။
(၃) တနေ့မှာ နာရီဝက်ခန့် လမ်းပုံမှန်လျှောက်ပေးခြင်းဟာ ခန္ဓာကိုယ်ခုခံအားစနစ်ကို ကောင်းမွန်စေတာကြောင့် အအေးမိတုပ်ကွေးရောဂါကို အလွယ်တကူ မဖြစ်စေနိုင်ပါဘူး။
(၄) လေ့လာမှုတခုအရ ကြက်သွန်ဖြူဟာ အအေးမိတုပ်ကွေးရောဂါတွေကို ကာကွယ်ပေးနိုင်ပြီး ကြက်သွန်ဖြူမှာပါဝင်တဲ့ ဒြပ်ပေါင်းတွေဟာ အအေးမိတုပ်ကွေးကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေကို တိုက်ခိုက်နိုင်တာကြောင့် ရာသီအကူးအပြောင်း ကာလမှာ ကြက်သွန်ဖြူစားသုံးပေးခြင်းကလည်း အသုံးတည့်တဲ့ နည်းလမ်းတခုပဲဖြစ်ပါတယ်။
(၅) အမျှင်ဓာတ်ပါဝင်တဲ့ အသီးအနှံအများစုဟာ ဓာတ်တိုးဆန့်ကျင်သတ္တိကြွယ်ဝတာကြောင့် ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ကို ကောင်းမွန်စေတဲ့အပြင် အသီးအနှံတွေမှာ ပါဝင်တဲ့ ဗီတာမင်စီဓာတ်ဟာလည်း အအေးမိတုပ်ကွေးရောဂါတွေ ဖြစ်ပွားခြင်း ကနေ ၄၀ ရာခိုင်နှုန်းခန့် ကာကွယ်ပေးနိုင်တယ်လို့ လေ့လာချက်တွေက ဆိုပါတယ်။
Ref. www.rd.com