သင်ဟာ ဝိတ်လျှော့ဖို့ ကြိုးစားနေသူတဦးဆိုရင်တော့ သင့်အနေနဲ့ ညနေစာ စားရေး၊ မစားရေးဟာ တကယ်တော့ ခေါင်းခဲစရာကိစ္စတခုပဲ ဖြစ်ပါတယ်။
လူအများပြောနေကြသလို ညနေစာစားတာဟာ တကယ်ပဲ ဝိတ်တက် လာစေနိုင်သလား၊ မစားဘဲနေတော့ရော ကျန်းမာရေးကို ထိခိုက်စေနိုင်သလားဆိုတဲ့ မေးခွန်းတွေကြား ဗျာမများရအောင်လို့ ကျန်းမာရေး ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ရပါတယ်။
(၁) လေ့လာချက်တွေအရဆိုရင်တော့ ညနေစာဟာ မနက်စာလောက် အများကြီး မစားသင့်သလို ညနေစာကို များများစားတဲ့အခါ ကာဗိုဟိုက်ဒရိတ်မြင့်တက်လာပြီး ခန္ဓာကိုယ်အလေးချိန်ကို မြင့်တက်စေနိုင်တယ်လို့ ဆိုပါတယ်။ ကယ်လိုရီများတဲ့ အစားအစာတွေအစား အသီးအရွက်သုပ်နဲ့ စွပ်ပြုတ်လိုအစားအစာတွေကတော့ ဝိတ်လျှော့နေသူတွေအတွက် အသင့်တော်ဆုံးအစားအစာတွေပဲ ဖြစ်ပါတယ်။
(၂) နောက်ထပ် အရေးကြီးတာတခုကတော့ ညနေစာစားတဲ့အခါ မိမိစားနေတဲ့ အစားအစာပေါ် အာရုံံစိုက်ထားဖို့ပဲ ဖြစ်ပါတယ်။ တီဗီကြည့်ရင်း အစာစားတာမျိုးနဲ့ စကားပြောရင်း အစာစားတာမျိုးတွေဟာ ပုံမှန်ထက်ပိုပြီး စားမိစေတာကြောင့် စားနေတဲ့ အစားအစာပေါ်အာရုံစိုက်ကာ ဖြည်းဖြည်းချင်းဝါးပြီးမှ စားသင့်ပါတယ်။
(၃) အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်ရဲ့ သုတေသနလေ့လာချက်တွေအရ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်ဟာ မနက်ပိုင်းနဲ့ နေ့လည်ပိုင်းမှာ အစားအစာကနေ စွမ်းအင်သုံးစွဲဖို့လိုအပ်တာကြောင့် အစားအစာပိုမိုစားသုံးဖို့လိုအပ်ပြီး ညနေပိုင်းမှာတော့ အနားယူအိပ်စက်ချိန်သာ ပိုမိုလိုအပ်တာကြောင့် အစားအစာကို များများစားသုံးဖို့ မလိုအပ်ဘူးလို့ ဆိုပါတယ်။
(၄) ညနေစာကို လုံးဝမစားသုံးဘဲ နေခြင်းဟာလည်း အစာအိမ်ထဲမှာ အက်ဆစ်ဓာတ်တွေများလာရာကနေ အစာအိမ် ရောင်ခြင်း၊ ပျို့အန်ခြင်းနဲ့ မူးမော်ခြင်းတွေကို ဖြစ်စေနိုင်တာကြောင့် မစားသုံးဘဲလည်း မနေသင့်ပါဘူး။
ဝိတ်လျှော့နေသူတွေအတွက်ရော ကျန်းမာရေးလိုက်စားသူတွေအတွက်ပါ အကောင်းဆုံးကတော့ ညနေစာကို အချိန်ခပ်စောစော စားသောက်ခြင်းပဲ ဖြစ်ပါတယ်။ ဒါမှသာ အစာအိမ်ရဲ့အစာခြေစနစ်ဟာလည်း ကောင်းမွန်စွာ လည်ပတ်နိုင်မှာဖြစ်ပြီး စားလိုက်တဲ့ အစားအစာတွေဆီက အဆီဓာတ်ကိုလည်း အိပ်ရာမဝင်ခင် အချိန်ကြားမှာ ချေဖျက်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။
Ref; www.news.com.au