လူတယောက်နဲ့တယောက် ပေါင်းသင်းဆက်ဆံရေးမှာ မျက်နှာအသွင်အပြင် လှပဖို့အရေးကြီးသလို စကားပြော လိုက်တိုင်း ခံတွင်းအနံ့ မွှေးပျံ့နေဖို့လည်း လိုပါတယ်။ ဘယ်လောက်ပဲ ဈေးကြီးတဲ့အသုံးအဆောင်တွေ ဝတ်ဆင်ထားပါစေ၊ ဘယ်လောက်ပဲ ရုပ်ရည်ရူပကာ ချောမောလှပနေပါစေ၊ စကားပြောလိုက်တိုင်း ခံတွင်းအနံ့ဆိုး ထွက်နေရင် တဖက်လူလည်း စိတ်အနှောင့်အယှက်ဖြစ်စေလို ကိုယ်တိုင်လည်း ယုံကြည်မှုပျောက်ဆုံးစေပါတယ်။
ခံတွင်းအနံ့ဆိုးထွက်တယ်ဆိုတိုင်းလည်း အလွယ်တကူစိတ်ဓာတ်ကျပြီး လူတောမတိုးဖြစ်နေစရာ မလိုပါဘူး။ ကမ္ဘာပေါ်မှာရှိတဲ့ လူဦးရေ ၅ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်းထိဟာ ခံတွင်းအနံ့ဆိုးထွက်ခြင်း ပြဿနာကို ခံစားနေရပါတယ်။
တခါတလေ အနံ့ပြင်းတဲ့ အစားအစာတွေ စားထားမိလို့လည်း အနံ့ဆိုးတွေ ထွက်တတ်တာကြောင့် သက်သာ ပျောက်ကင်းစေမယ့်နည်းလမ်းတွေ သိထားဖို့လိုပါတယ်။ လက်ထဲမှာ အလွယ်တကူစားနိုင်မယ့် ပီကေ မရှိခဲ့ရင် တခြားဘယ်လို နည်းလမ်းတွေနဲ့ ၅ မိနစ်အတွင်း သက်သာပျောက်ကင်းအောင် လုပ်နိုင်လဲဆိုတာ လေ့လာကြည့်ရအောင်။
အရင်ဆုံး ခံတွင်းအနံ့ဆိုးထွက်တာကို တားဆီးနိုင်တဲ့ နည်းလမ်းတွေ မပြောခင် ဘာကြောင့် ခံတွင်းအနံ့ဆိုးထွက်ရလဲဆိုတဲ့ အကြောင်းရင်းကို ရှင်းပြချင်ပါတယ်။ အဓိက အကြောင်းရင်းကတော့ သွားနဲ့ခံတွင်းကို သေချာ ဂရုမစိုက်ခြင်းက စပါတယ်။ အစားအသောက်တွေ စားပြီးတဲ့အခါ သေချာပလုတ် မကျင်းတာ၊ သွားသေချာ မတိုက်တာတွေကြောင့် အစားဟောင်းတွေက ပုပ်ဆွေးသွားပြီး ခံတွင်းအနံ့ဆိုးတွေ ထွက်လာတာပါ။
နောက်ထပ် အကြောင်းရင်းကတော့ အစားအသောက်ပုံစံနဲ့လည်း ဆိုင်ပါတယ်။ အနံ့အလွန်ပြင်းလွန်းတဲ့ ဥပမာ – ကြက်သွန်ဖြူလို ဆာလ်ဖာဓာတ်များတဲ့ အစားအစာတွေကို များများစားလေ့ရှိတာ၊ အရက်နဲ့ ဆေးလိပ်သောက်တဲ့သူတွေ၊ သွားပြဿနာရှိသူတွေ၊ ခံတွင်းပို းဝင်နေသူတွေ၊ သွားကြွေလွှာပျက်စီးနေသူတွေနဲ့ စိတ်ဖိစီးမှုများ တတ်သူတွေမှာ ခံတွင်းအနံ့ဆိုး ထွက်တဲ့ ပြဿနာတွေရှိတတ်ပါတယ်။
ခံတွင်းအနံ့ဆိုးထွက်ခြင်း အကြောင်းရင်းကို သိရှိသွားပြီဆိုရင် သွားနဲ့ခံတွင်း သန့်ရှင်းအောင် ဂရုစိုက်ရမှာဖြစ်သလို အရေးပေါ်ဖြေရှင်းရေး နည်းလမ်းကောင်းတွေကိုလည်း ပြောပြပေးချင်ပါတယ်။
အလွယ်ဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းကတော့ ရေများများသောက်ပါ။ ခံတွင်းအနံ့ဆိုးထွက်နေတာဟာ တံတွေးတွေ၊ ဂတ်စ်တွေနဲ့ ဓာတ် ပြုပြီး အာခြောက်နေတဲ့အချိန်မှာ ပိုဖြစ်တတ်ပါတယ်။ ဒါကြောင့် ရေများများသောက်ပေးတာဟာ အနံ့ဆိုးထွက်ခြင်းကို အချိန်တိုအတွင်း သက်သာစေပါတယ်။
ပူရှိန်းအရသာရှိတဲ့ အရွက်တွေ ဝါးစားပေးပါ။ ပူစီနံလို၊ ပင်စိမ်းရွက်လို ပူရှိန်းရှိန်း အရသာထွက်တဲ့ အရွက်တွေ ဝါးစားလိုက်ရင် ပီကေဝါးလို့ ခံတွင်းရှင်းသွားသလိုပဲ ခံစားရပါတယ်။ ဒီလို ပူရှိန်းရှိန်းအရွက်တွေ အလွယ်တကူ မရခဲ့ရင် ပန်းသီး စားပေးလို့လည်း ရပါတယ်။ ပန်းသီးမှာ အောက်ဆီနဲ့ဂျင်နဲ့ ဓာတ်ပြုထားတဲ့ ပိုလီဖီနော ပါဝင်လို့ ခံတွင် းအနံ့ဆိုးခြင်းကို အလျင်အမြန် သက်သာစေပါတယ်။
နောက်ဆုံး နည်းလမ်းကတော့ အချဉ်ဓာတ်များတဲ့ သံပုရာသီး (သို့) သံပုရိုသီး တစိတ်လောက်ကို စားလိုက်တာပါ။ စီထရစ်ဓာတ်က ခံတွင်းရှင်းစေပြီး သွားကြွေလွှာပေါ်မှာ တင်ကျန်နေတဲ့ စားကြွင်းစားကျန်တွေကို သန့်စင် ဖယ်ရှား ပေးတဲ့အပြင် ခံတွင်းအနံ့ဆိုးကိုပါ သက်သာပျောက်ကင်းစေပါတယ်။
Ref: Brightside Me