Health

သတိမထားမိဘဲ ပြုလုပ်မိတတ်တဲ့ ကျန်းမာရေးဆိုင်ရာ အလေ့အကျင့် အမှားများ

ရေများများသောက်တာ ၊ လေ့ကျင့်ခန်းလုပ်တာ အစရှိတဲ့ ကျန်းမာရေးဆိုင်ရာ အလေ့အကျင့်ကောင်းတွေကို သင့်အနေနဲ့ အမြဲလိုလို ပြုလုပ်တတ်ပေမယ့် သင်သတိမထားမိဘဲ ပြုလုပ်မိတတ်တဲ့ ကျန်းမာရေးဆိုင်ရာ အလေ့အကျင့် အမှားတချို့လည်း ရှိပါတယ်။

ဒါကြောင့်မို့လို့ သင် သတိမထားမိဘဲ ပြုလုပ်မိတတ်တဲ့ ကျန်းမာရေးဆိုင်ရာ အလေ့အကျင့် အမှားများကို ကျန်းမာရေး ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ရပါတယ်။

(၁) မနက်ခင်းတွေမှာ အိပ်ရာကနေ အလွယ်တကူ နိုးထနိုင်ဖို့အတွက် နှိုးစက်ကို မကြာခဏ ဆိုသလို ပေးခြင်းဟာ အိပ်စက်မှု စက်ဝန်းကို အနှောင့်အယှက်ဖြစ်စေပြီး အိပ်ရာကနေ နိုးထပြီးနောက်ပိုင်းမှာလည်း မကြည်မလင် ဖြစ်စေတဲ့အပြင် တနေ့တာလုံးမှာ လန်းလန်းဆန်းဆန်း မဖြစ်စေတာကြောင့် နှိုးစက်ကို အကြိမ်ရေ မကြာခဏ ဆိုသလို ပေးတတ်တဲ့ အလေ့အကျင့်ကို ရှောင်ကြဉ်သင့်ပါတယ်။

(၂) လူအများစုဟာ မနက်စာ မစားခင် အိပ်ရာကနေနိုးပါပြီ ဆိုတာနဲ့ သွားတိုက်တတ်ကြပြီး ဒါဟာ မှားယွင်းတဲ့ အလေ့အကျင့်တခုဖြစ်တယ်လို့ သွားဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောဆိုထားပါတယ်။ ဘာဖြစ်လို့လဲဆိုရင်တော့ မနက်စာအဖြစ် စားသုံးလိုက်တဲ့ အစားအစာတွေဆီက အချိုတွေနဲ့ အစားအစာ အကြွင်းအကျန်တွေဟာ သွားမှ ာကပ်ငြိနေတတ်တာကြောင့် မနက်စာမစားခင် သွားတိုက်ထားတာဟာလည်း အလကား သက်သက်လို ဖြစ်သွားတာကြောင့်ပဲ ဖြစ်ပါတယ်။

(၃) တနေ့တာလုံးမှာ ဖုန်း၊ ကွန်ပျူတာ အစရှိတာတွေကို မရပ်မနား ဆိုသလို အသုံးပြုခြင်းဟာ ဆီးချိုရောဂါနဲ့ နှလုံးသွေးကြောရောဂါတွေကို ဖြစ်ပွားနိုင်ခြေ မြင့်တက်စေတယ်လို့ ၂၀၁၁ ခုနှစ်က ဟားဗတ်တက္ကသိုလ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသနစစ်တမ်းတခုမှာ ပါရှိပါတယ်။

(၄) နားကြပ်ကို မချွတ်တမ်းဆိုသလို တပ်ဆင်ပြီး သီချင်းနားထောင်ခြင်းဟာ အရွယ်မတိုင်ခင် အကြားအာရုံ ဆုံးရှုံးခြင်းရဲ့ အခြေခံကျတဲ့ အချက်တခုဖြစ်တယ်လို့ နယူးယော့ခ် ဆေးပညာတက္ကသိုလ်က နား၊ နှာခေါင်း၊ လည်ချောင်း ပါရဂူဒေါက်တာ Andrew Cheng က ဆိုပါတယ်။

(၅) နေပူထဲသွားတဲ့အခါ နေရောင်ကာခရင်မ် (Sunscreen) လိမ်းဖို့ မေ့လျော့နေတတ်ခြင်းဟာ ကျန်းမာရေးအတွက် သိပ်အရေးမကြီးတဲ့ အချက်တခု ဖြစ်တယ်လို့ သင့်အနေနဲ့ ထင်ကောင်းထင်နိုင်ပါတယ်။ နိုင်ငံလုံးဆိုင်ရာ အရေပြားကင်ဆာဖောင်ဒေးရှင်းရဲ့ စစ်တမ်းတွေအရ အရေပြားကင်ဆာအဖြစ်များတဲ့ အသက်အရွယ်အပိုင်းအခြားတွေဟာ ၂၅ နှစ်ကနေ ၂၉ နှစ်ကြားဖြစ်ပြီး ဖြစ်ပွားရခြင်းရဲ့ အဓိကအကြောင်းအရာကတော့ နေလောင်တာနေတဆင့် ဖြစ်ပွားတာဖြစ်တာကြောင့် Sunscreen လိမ်းဖို့ကို လျစ်လျှူရှုမထားသင့်ပါဘူး။

Ref : www.bustle.com

Loading