“အိမ်ထောင်ပြု ဘုရားတည်၊ ဆေးမင်ရည် စုတ်ထိုး” စတာတွေဟာ မလုပ်ခင်မှာ သေချာစဉ်းစားသင့်တဲ့ အရာတွေလု့ိ ဆိုရိုးရှိခဲ့ပါတယ်။ အခုလို တိုးတက်လာတဲ့ခေတ်ကြီးမှာ အိမ်ထောင်ပြုတဲ့ အမျိုးသမီးအများစုဟာ Postnatal Depression ဆိုတဲ့ စိတ်ကျရောဂါကို ခံစားရနိုင်ခြေ များလာပါတယ်။
အချို့သော ကံမကောင်းတဲ့ အမျိုးသမီးတွေကတော့ ကလေးရကာမှ ယောကျာ်းဖြစ်သူက အလုပ်ချည်းပဲ ဖိလုပ်ပြီး ဂရုမစိုက်တာမျိုး၊ ကိုယ်နဲ့ရွယ်တူ သူငယ်ချင်းတွေ အောင်မြင်နေချိန်၊ ပျော်ရွှင်နေချိန်မှာ ကလေးထိန်းပြီး အိမ်ထဲမှာ အချိန်ဖြုန်းရတာမျိးကို စိတ်ကုန်လာတတ်ပါတယ်။
ဒီလို PND ခံစားရတဲ့အခါ ဆေးဝါးတွေနဲ့ကုသမှုခံယူနိုင်သလို သင့်ရဲ့အလေ့အကျင့်ကို ပြောင်းရင်းနဲ့လည်း ကုသနိုင်ပါတယ်။ ဒါကြောင့် အိမ်ထောင်သည်ဘဝမှာ ပျော်ရွှင်လာစေမယ့်နည်းလမ်း ၁၀ ခုကို အောက်မှာ ဖော်ပြထားပါတယ်။
(၁) မိသားစု၊ သူငယ်ချင်းတွေနဲ့ တိုင်ပင်ပါ
တယောက်တည်း ဝမ်းနည်း၊ စိတ်ဓာတ်ကျတာမျိုးကို ခံစားမနေပါနဲ့။ သင်ခံစားနေရတာတွေကို သူငယ်ချင်း၊ ခင်ပွန်း၊ မိဘတို့ကို ပြောပြပေးပါ။ ခင်ပွန်းသည်ရဲ့ဂရုစိုက်ပေးမှုဟာ ဒီလိုကျန်းမာရေးပြဿနာအတွက် အထိရောက်ဆုံးနည်းလမ်း တခုလည်း ဖြစ်ပါတယ်။
(၂) အနားယူပါ
ကလေးငယ်သေးလို့၊ သူများနဲ့ စိတ်မချလို့ ဆိုပြီး တယောက်တည်း ဒုက္ခခံတာမျိုးတွေ မလုပ်ပါနဲ့။ အိပ်ရေးဝဝ မအိပ်ရတာ၊ အစားအသောက်ပျက်တာတွေကလည်း သင့်စိတ်ကို ပိုဆိုးဝါးစေပါတယ်။ ဒါကြောင့် ကလေးလည်းထိန်းရင်း ကိုယ်ပိုင် အနားယူချိန်လည်း ရှိအောင်လုပ်ပါ။
(၃) အစားအသောက် ဂရုစိုက်ပါ
ဒီလိုမျို းခံစားနေရတဲ့အချိန်မှာ အာဟာရဖြစ်စေမယ့် အစားအသောက်မျိုးကို ရွေးချယ်စားသုံးပေးပါ။ သင့်ကို အာဟာရ ဖြစ်စေပြီး နို့ထွက်ကောင်းစေမယ့် အစားအစာမျိုး စားသုံးသင့်ပါတယ်။
(၄) စိတ်ပျော်စေမယ့် အရာတွေ လုပ်ပါ
သင်ကြိုက်တဲ့ ကိုရီးယားကားကြည့်တာမျိုး၊ စာအုပ်ဖတ် သီချင်းနားထောင်တာမျိုးလည်း လုပ်သင့်ပါတယ်။ ကလေး မွေးပြီးချိန်မှာ မိဘတွေနဲ့ အတူနေရင်တော့ သင်အထီးမကျန်တော့ပါဘူး။
(၅) အပြင်ထွက်ပါ
တယောက်တည်း အိမ်တွင်းပုန်း၊ ကလေးထိန်းပြီး ယောကျ်ားပြန်အလာကို မျှော်မနေပါနဲ့။ အပြင်လေးဘာလေးထွက်ပြီး သူငယ်ချင်း၊ ဆွေမျိုးတွေနဲ့ တွေ့တာမျိုး လုပ်ကြည့်ပါ။
(၆) ကိုယ့်လို အဖြစ်တူတဲ့ သူတွေနဲ့ တွေ့ကြည့်ပါ။
ကလေးအမေတွေထဲမှာ သင့်လိုမျိုး ခံစားရတဲ့သူတွေ ရှိကောင်းရှိနိုင်ပါတယ်။ လူမှုကွန်ရက်ကနေဖြစ်ဖြစ်၊ အသိထဲကဖြစ်ဖြစ်တွေ့ပြီး စကားစမြည်ပြောကြည့်တဲ့အခါ သင်ခံစားနေရတာတွေ အနည်းငယ်လျော့ပါးသွားမှာပါ။
(၇) အကူအညီကို ယူပါ
တချို့သော အမျိုးသမီးတွေ ရှိပါတယ်။ မဟုတ်တဲ့ မာနတွေကြောင့် ယောကျ်ားဘက်က ဆွေမျိုးတွေကို အားမကိုးချင်တာမျိုး၊ မဖြစ်မနေအချိန်မျိုးမှာတောင် ကိုယ့်ဘာသာကိုယ် တယောက်တည်း ရုန်းမယ်ဆိုတဲ့ အတွေးမျိုးကို ထုတ်ပစ်လိုက်ပါ။ တကယ်လု့ိ ကလေးထိန်း လိုအပ်နေတယ်ဆိုရင် ငှားရမ်းပြီး ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ အချိန်ပေးသင့်ပါတယ်။
(၈) အပြစ်တင်တာတွေ ရပ်ပါ
Postnatal Depression ဖြစ်နေတဲ့အခါ သင့်ကိုယ်သင် အပြစ်တင်တာမျိုး၊ ခင်ပွန်းဖြစ်သူကို အပြစ်တင်တာမျိုးတွေ မလုပ်ပါနဲ့။ ဒီလိုမကောင်းတဲ့ အတွေးတွေဟာ အချိန်တခုရောက်လာတဲ့အခါ ပျောက်ကွယ်သွားမယ်ဆိုတာကို သတိရပါ။
Ref ; www.motherandbaby.co.uk