ခန္ဓာကိုယ်ဟာ နူးညံ့ပြီး ထူးဆန်းတဲ့ အရာပါ။ ကျန်းမာရေးနဲ့ ပတ်သက်ပြီး သင် ဂရုစိုက်သင့်တာတွေကိုလည်း နည်းလမ်းပေါင်းစုံနဲ့ အသိပေးလေ့ ရှိပါတယ်။ ဒီတခါ ဖော်ပြချင်တဲ့ အချက်တွေကတော့ သင် ကျန်းမာရေး ဂရုစိုက်ဖို့ အချိန်တန်ပြီလို့ ခန္ဓာကိုယ်က သတိပေးနေတဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။
(၁) နှုတ်ခမ်းခြောက်ခြင်း
နှုတ်ခမ်းခြောက်တာဟာ ဗီတာမင် B, ဗီတာမင် A နဲ့ ဗီတာမင် E တို့ လျော့နည်းတာကြောင့် ဖြစ်ပါတယ်။ သင့်ရဲ့ အစာချေစနစ်မှာ လိုအပ်ချက်တွေ ရှိနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် သင်အသုံးပြုနေတဲ့ အလှကုန်ပစ္စည်း၊ သင်စားသောက်နေတဲ့ အစားအစာ၊ သင်သောက်သုံးနေတဲ့ ဆေးဝါးတွေနဲ့ ဓာတ်မတည့်တာကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။
(၂) လက်သည်း ကျိုးခြင်း
လက်သည်းကျိုးတာ ပဲ့တာနဲ့ လက်သည်းတွေ အဝါရောင်သန်းလာတာတွေ ဖြစ်လာပြီဆိုရင် သင့်ခန္ဓာကိုယ်ဟာ ဗီတာမင်၊ ကယ်လ်ဆီယံနဲ့ သံဓာတ်တွေ အားနည်းနေတာ သေချာပါပြီ။
ဒါ့အပြင် လက်သည်းပါးခြင်းနဲ့ လက်သည်းအရောင် ဖျော့တော့ခြင်းတွေဟာ သင်သွေးအားနည်းနေတယ်ဆိုတာကို ပြောပြနေပါတယ်။ လက်သည်းက အဝါရောင်ကို တဖြည်းဖြည်းပြောင်းလဲလာတယ်ဆိုရင် သင့်ရဲ့ အသည်း၊ အစာအိမ် စတာတွေ အားနည်းလာပါတယ်။
(၃) အသားအရေ ခြောက်ခြင်း
အထူးသဖြင့် လက်ဖဝါးခြောက်ခြင်းဟာ ရာသီဥတုအေးတဲ့ နေရာတွေမှာ အဖြစ်များ ပါတယ်။ ဒီလိုဖြစ်တဲ့အခါ Lotion လိမ်းခြင်း၊ ရေများများသောက်ခြင်းဖြင့် သက်သာနိုင်ပါတယ်။ ဒါပေမဲ့ ဒီလို ဂရုစိုက်နေတဲ့ကြားက မသက်သာလာဘူးဆိုရင် သင်ဟာ ဆီးချို သို့မဟုတ် လည်ပင်းအကြိတ်နဲ့ ပတ်သက်တဲ့ ရောဂါတမျိုးမျိုး ဖြစ်ပွားနေလို့ ဖြစ်ပါတယ်။
(၄) ဆံပင်ကျွတ်ခြင်း
ပုံမှန်လူတွေဟာ တနေ့မှာ ဆံပင် အချောင်းရေ ၁၀၀ ခန့် ကျွတ်ပါတယ်။ ဒါဟာ သိပ်ပြီး ထူးဆန်းတဲ့ ကိစ္စမဟုတ်တဲ့အပြင် ကျွတ်သွားတဲ့ ဆံပင်တွေဟာလည်း ၂ လအတွင်း ပြန်ထွက်တာဖြစ်လို့ စိတ်ပူစရာ သိပ်တော့ မရှိပါဘူး။ ဒါပေမဲ့ သာမန်ထက်ပိုပြီး ကျွတ်လာရင်တော့ ဖြစ်နိုင်ချေရှိတဲ့ ရောဂါတွေ အများကြီး ရှိပါတယ်။ လည်ပင်းနဲ့ ပတ်သက်တဲ့ ရောဂါ၊ ခန္ဓာကိုယ် အတွင်းပိုင်းနဲ့ ပတ်သက်တဲ့ ရောဂါများ စသဖြင့် ရောဂါတွေ အမျိုးမျိုးရှိလို့ ဆရာဝန်နဲ့ ပြပြီး ကုသမှု ခံယူသင့်ပါတယ်။
Ref ; Birghtside