Health

ဝက်ခြံကနေတဆင့် သိနိုင်တဲ့ သင့်ကျန်းမာရေး အခြေအနေ

Want create site? Find Free WordPress Themes and plugins.

မျက်နှာမှာ ဖြစ်တတ်တဲ့ ဝက်ခြံတွေဟာ ပြင်ပလေထု ညစ်ညမ်းမှု၊ မိမိအသုံးပြုနေတဲ့အလှကုန်ပစ္စည်းတွေနဲ့ ဓာတ်မတည့်မှုကြောင့် ဖြစ်နိုင်သလို ဟော်မုန်း အပြောင်းအလဲကြောင့်လည်း ဖြစ်ပေါ်နိုင်ပါတယ်။

မျက်နှာအစိတ်အပိုင်း နေရာအနှံ့ဆိုသလိုမှာ ဝက်ခြံတွေ ပေါက်တတ်ပေမယ့် တနေရာထဲမှာ မကြာခဏ ဆိုသလို ဝက်ခြံတွေဖြစ်ပေါ်နေပြီဆိုရင် ဒါဟာ သင့်ရဲ့ကျန်းမာရေးအခြေအနေကိုပါ ညွှန်ပြနေတာပဲ ဖြစ်ပါတယ်။

(၁) နဖူးပေါ်က ဝက်ခြံ

နဖူးမှာ မကြာခဏ ဆိုသလို ဝက်ခြံဖြစ်ပေါ်တတ်တယ်ဆိုရင် ဒါဟာ အစာခြေစနစ်မှာ ကျန်းမာရေးပြဿနာတခုခုကြောင့် ဖြစ်ပေါ်နိုင်သလို စိတ်ဖိစီးမှုများသူတွေနဲ့ အိပ်စက်ချိန်မမှန်သူတွေမှာ ဖြစ်ပေါ်လေ့ရှိပါတယ်။ မိမိအသုံးပြုနေတဲ့ Hair product တွေနဲ့ ဓာတ်မတည့်တဲ့အခါမျိုးတွေမှာလည်း နဖူးမှာ ဝက်ခြံတွေဖြစ်ပေါ်တတ်ပြီး အသည်းကျန်းမာရေး ပြဿနာကြောင့်လည်း ဖြစ်ပေါ်တတ်ပါတယ်။

(၂) ပါးပေါ်က ဝက်ခြံ

ပါးပြင်ပေါ်မှာ ဝက်ခြံတွေ မကြာခဏပေါက်ခြင်းဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာနဲ့ဆက်စပ်နေပြီး ခန္ဓာကိုယ်မှာ သကြားဓာတ်လွန်ကဲနေတဲ့ အခါမျိုးမှာလည်း ဖြစ်ပေါ်တတ်တာကြောင့် ဒီလိုလူတွေအနေနဲ့ အချိုလျှော့စားပြီး ရေများများသောက်သုံးသင့်ပါတယ်။ ပါးပြင်နဲ့ တိုက်ရိုက်ထိတွေ့ရတဲ့ ဖုန်း၊ မိတ်ကပ်လိမ်းဘရပ်ရှ်နဲ့ ခေါင်းအုံးစွပ်တွေကို သတိထားပြီး မကြာခဏဆိုသလို သန့်ရှင်းရေး ပြုလုပ်သင့်ပါတယ်။

(၃) T-zone တဝိုက်က ဝက်ခြံ

မျက်ခုံးနှစ်ခုကြား၊ နှာခေါင်းနဲ့ မေးစေ့တလျှောက်မှာ ဝက်ခြံတွေ မကြာခဏဖြစ်ပေါ်နေပြီဆိုရင်တော့ အငန်ဓာတ်ကဲတဲ့ အစားအစာတွေနဲ့ အဆီပါဝင်မှုများတဲ့ အစားအစာတွေ စားသုံးမှုများခြင်းကြောင့် ဖြစ်ပေါ်တာပဲဖြစ်ပြီး နှလုံးကျန်းမာရေးပြဿနာနဲ့ သွေးပေါင်ချိန်ဖိအား ပြဿနတွေကြောင့်လည်း ဖြစ်ပါတယ်။

(၄) မေးစေ့တလျှောက်က ဝက်ခြံ

မေးစေ့တလျှောက်မှာ ဝက်ခြံတွေ မကြာခဏဖြစ်ပေါ်တာဟာဆိုရင် ဟော်မုန်း Level ပုံမှန် မဟုတ်ခြင်းကြောင့်ပဲ ဖြစ်ပြီး အမျိုးသမီးတွေအနေနဲ့ လစဉ် ရာသီစက်ဝန်းမှာ ဖြစ်ပေါ်တတ်ပါတယ်။ ဟော်မုန်းထုတ်လွှတ်မှု မမှန်ကန်ခြင်းကြောင့် ဖြစ်ပေါ်တတ်တာဖြစ်ပြီး Androgen ဟော်မုန်းထုတ်လွှတ်မှု များပြားတဲ့အခါမျိုးမှာလည်း ဖြစ်ပေါ်တတ်ပါတယ်။

Ref : www.rd.com

Did you find apk for android? You can find new Free Android Games and apps.
Loading