Health

ညဖက်အိပ်ပျော်အောင် ပြုလုပ်ပေးမယ့် ရိုးရှင်းတဲ့ နည်းလမ်းများ

Want create site? Find Free WordPress Themes and plugins.

မနက်ရုံးတက်စရာ ကျောင်းတက်စရာတွေ ရှိနေပေမယ့် အိပ်မရတာကို အားလုံးကြုံဖူးကြမယ် ထင်ပါတယ်။ လူက အိပ်ချင်နေပေမယ့် မျက်စိကြောင်ပြီး အိပ်မရတာမျိုး၊ စိတ်ညစ်စရာတွေ များပြီး အိပ်မရတာမျိုးတွေ ဖြစ်လာပြီဆိုရင်တော့ အခုပြောပြမယ့် ရိုးရှင်းတဲ့ နည်းလမ်းလေးတွေကို ကျင့်သုံးကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

(၁) အိပ်တဲ့ ပုံစံမှန်ပါစေ

အိပ်တော့မယ်ဆုံးဖြတ်ပြီး အိပ်ရာဝင်တော့မယ်ဆိုရင် အရင်ဆုံး အကြံပေးချင်တာက ကိုယ်လက်သန့်စင်ဖို့ပါ။ ကိုယ်လက်မျက်နှာသန့်စင်ပြီးတဲ့ နောက်မှာ သန့်ပြန့်တဲ့ အိပ်ရာမှာ အိပ်ဖို့ အကြံပေးချင်ပါတယ်။ အိပ်ရာထဲကို ရောက်တာနဲ့ သင့်ရဲ့ ဖုန်းကို့ထပ်ဖွင့်မကြည့်ပါနဲ့တော့။

ပြီးရင် ပက်လက်လန်ပြီး အိပ်ကြည့်ပါ။ အိပ်စက်ခြင်းဆိုင်ရာ သုသေတနပညာရှင်တွေရဲ့ ပြောကြားချက်အရ ပက်လက်အိပ်တာဟာ အကောင်းဆုံး အိပ်စက်နည်း ဖြစ်ပြီး ဝမ်းလျားမှောက်အိပ်ခြင်းဟာ သင့်ကျန်းမာရေးကို ထိခိုက်စေပါတယ်။

(၂) အိပ်ရာအဟောင်းတွေကို ပြောင်းပါ

ကျွမ်းကျင်ပညာရှင်တွေရဲ့ ပြောကြားချက်အရ (၇)နှစ်ထက် သက်တမ်းပိုကြာတဲ့ မွေ့ယာတွေဟာ သင့်ရဲ့ ခန္ဓာကိုယ်ကို ကောင်းကောင်းအထောက်အပံ့ မပေးနိုင်တော့ဘူးလို့ သိရပါတယ်။ ခန္ဓာကိုယ်တည်ဆောက်မှုကို လိုက်ပြီး သက်သာ အေးဆေးစွာ အိပ်နိုင်ဖို့ ထုတ်ထားတဲ့ မွေ့ယာတွေ ပေါ်ထွက်နေပြီ ဖြစ်တာကြောင့် သင့်ရဲ့ ငွေကြေးအခြေအနေကို လိုက်ပြီးအချိန်ကြာကြာအသုံးပြုခဲ့တဲ့ အိပ်ယာတွေကို လဲပစ်ဖို့ အကြံပေးချင်ပါတယ်။

(၃) ကိုယ်တိုင်လုပ်လို့ ရတဲ့ အိပ်ဆေးကို သောက်ပါ

ကိုယ်တိုင်လုပ်လို့ ရတဲ့ အိပ်ဆေးဆိုတာ အညိုရောင် သကြားနဲ့ ဆားကို ပြောတာပါ။ အိမ်တိုင်းမှာ အလွယ်တကူရနိုင်တဲ့ အညိုရောင် သကြားကို ဆားနဲ့ ရောပြီး သင့်ရဲ့ လျှာအောက် (လျှာခင်ပေါ်) အနည်းငယ်တင်ထားလိုက်ပါ။ ဒီနည်းလမ်း ဟာ သင့်ရဲ့ အိပ်စက်ခြင်းပြဿနာကို ဖြေရှင်းပေးပါလိမ့်မယ်။

(၄) စာရေးပါ

သင်က စာမှ မရေးတတ်တာလို့ စောဒက တက်စရာရှိပါတယ်။ စာရေးတတ်ဖို့ မလိုအပ်ပါဘူး။ သင်အိပ်ခါနီးမှာ သင့်စိတ်ထဲရှိတဲ့ စိတ်ညစ်စရာအကြောင်းအရာတွေကို ခဏမေ့ထားပြီး အကောင်းမြင်တဲ့ ဖက်ကနေ စာရေးကြည့်ပါ။ သင့်စာကို သင်တယောက်တည်း ဖတ်မှာ ဖြစ်တဲ့ အတွက် သင့်စိတ်ထဲရှိတာကိုသာ ရေးလိုက်ပါ။

(၅) တရားထိုင်ပါ

တရားထိုင်တယ်ဆိုတာ ဗုဒ္ဓဘာသာ တခုတည်းအတွက်ပဲ မဟုတ်ပါဘူး။ ဘယ် ဘာသာဝင်မဆို ထိုင်လို့ ရပါတယ်။ ဒီနေရာမှာ တရားထိုင်တယ်ဆိုတာ စိတ်ကို တည်ငြိမ်အောင် လုပ်တဲ့ လေ့ကျင့်ခန်းတခုလို့ပဲ မှတ်ယူထား စေချင်ပါတယ်။ သင့်အိပ်ယာပေါ်မှာ သင့် လွတ်လွတ်လပ်လပ် ပြုလုပ်လို့ ရတဲ့ အရာလည်း ဖြစ်ပါတယ်။

နေရာတနေရာမှာ ငြိမ်ငြိမ်လေးထိုင်ပြီး သင့်စိတ်ထဲ ဖြစ်နေတာတွေကို လိုက်ကြည့်နေဖို့ပါပဲ။ အကောင်းဆုံးကတော့ ပက်လက်လန်အိပ်ပြီး ဗိုက်ပေါ်လက်ကို ဖွဖွတင်ထားပါ။ အသက်ရှုသွင်းလိုက်တိုင်း သင့်ဗိုက်ပူလာတာ၊ပြန်ထုတ်လိုက်တိုင်း သင့်ဗိုက်ချပ်သွားတာကို လက်ကနေတဆင့် ခံစားမိပါလိမ့်မယ့်။ အဲ့ဒီ ခံစားချက်လေးကို လိုက်စောင့်ကြည့်နေရင်း တဖြည်းဖြည်း သင်အိပ်ပျော်သွားပါလိမ့်မယ်။

Ref;healthcare.com

Did you find apk for android? You can find new Free Android Games and apps.
Loading