သုတေသနလေ့လာချက်တွေအရ မိမိသွေးအမျိုးအစားအလိုက် အစားအစာတွေကို ချင့်ချိန်စားသုံးခြင်းဟာ ကျန်းမာရေးကို ပိုမိုအထောက်အကူပြုနိုင်တဲ့အပြင် စားလိုက်တဲ့အစားအစာတွေဟာ သွေးအမျိုးအစားပေါ်မူတည်ပြီး ဓာတ်ပြုမှုတွေ ပြောင်းလဲနိုင်တာကြောင့် အာဟာရဓာတ်တွေ ပိုမိုစုပ်ယူနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် မိမိမှာ ရောဂါတခုခု (ဥပမာ-သွေးတိုး၊ ဆီးချို၊ နှလုံး) ရှိနေတယ်ဆိုရင်တော့ သွေးအမျိုးအစားအလိုက် စားရမယ့် အစားအစာတွေကို ပြန်လည်ချင့်ချိန်သင့်ပါတယ်။ အခုဖော်ပြပေးမှာကတော့ အာဟာရပညာရှင်တွေ သွေးအမျိုးအစား တွေကို ခြုံငုံပြီး သုတေသနပြုလုပ်ထားတဲ့ စားသောက်မှုပုံစံတွေပဲ ဖြစ်ပါတယ်။
(၁) အိုသွေးအမျိုးအစား
ပရိုတင်းဓာတ်ပါဝင်တဲ့ အသား၊ ငါးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို ပိုမိုစားသုံးသင့်ပြီး ပဲအမျိုးမျိုးနဲ့ နို့ထွက်ပစ္စည်း တွေကိုလည်း စားသုံးပေးသင့်ပါတယ်။ အိုသွေးပိုင်ရှင်အများစုဟာ အစာအိမ်နဲ့ သွေးပေါင်ချိန်ကျန်းမာရေးပြဿနာတွေ မကြာခဏဖြစ်ပေါ်တတ်တာကြောင့် တခြားသောဖြည့်စွက်စာတွေကိုလည်း စားသုံးပေးသင့်ပါတယ်။
(၂) အေသွေးအမျိုးအစား
အေသွေးပိုင်ရှင်အမျိုးအစားတွေကတော့ အသား၊ငါးတွေကို လျှော့စားသင့်ပြီး ဟင်းသီးဟင်းရွက်၊ ဂျုံ၊ ပြောင်း နဲ့ အစေ့အဆန်တွေကို ပိုမိုစားသုံးပေးသင့်ပါတယ်။ အေသွေးပိုင်ရှင်တွေဟာ ခန္ဓာကိုယ်ရဲ့ခုခံအားစနစ် အားနည်းတဲ့ သဘာဝရှိတာကြောင့် အစားအစာတွေကို ဂရုပြုစားသုံးပေးသင့်ပါတယ်။
(၃) ဘီသွေးအမျိုးအစား
ဘီသွေးပိုင်ရှင်တွေအနေနဲ့ကတော့ အစိမ်းရောင်ရှိတဲ့ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေ၊ ဥအမျိုးမျိုးနဲ့ နို့ထွက်ပစ္စည်းတွေကို ပိုမိုစားသုံးသင့်ပြီး ပြောင်း၊မြေပဲ ၊ နှမ်းနဲ့ တခြားသောအစေ့အဆန်တွေကိုတော့ ချင့်ချိန်စားသုံး သင့်ပါတယ်။
(၄) အေဘီသွေးအမျိုးအစား
အေဘီသွေးပိုင်ရှင်တွေအနေနဲ့ကတော့ ကော်ဖီ၊ လက်ဖက်ရည်အစရှိတဲ့ ကဖင်းဓာတ်ပါဝင်တဲ့ အစားအစာတွေနဲ့ ကြာရှည်ခံအောင်ပြုလုပ်ထားတဲ့ အသင့်စားအစားတွေကို သတိထားရှောင်ကြဉ်သင့်ပါတယ်။ အေဘီသွေးပိုင်ရှင်တွေဟာ အစာအိမ်ထဲက အက်ဆစ်ဓာတ်အားနည်းတာကြောင့် အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေနဲ့ လတ်ဆတ်တဲ့ ပင်လယ်စာတွေကို ပိုမိုစားသုံးပေးသင့်ပါတယ်။
Ref. www.webmd.com