Health

ဝက်ခြံတွေဖြစ်ပေါ်နေချိန်မှာ ရှောင်ကြဉ်သင့်တဲ့ အချက် ၅ ချက်

Want create site? Find Free WordPress Themes and plugins.

မျက်နှာအသားအရေမှာ ဝက်ခြံတွေဖြစ်ပေါ်ရတဲ့ အကြောင်းရင်းများစွာရှိပြီး အဖြစ်များတာတွေကတော့ ဟော်မုန်းပမာဏ မညီမျှတဲ့အခါမျိုးတွေနဲ့ ပြင်ပလေထုညစ်ညမ်းမှုတွေ ၊ အသုံးပြုတဲ့ cosmetics တွေနဲ့ မတည့်တဲ့အခါမျိုးတွေမှာ အများဆုံး ဖြစ်ပေါ်လေ့ရှိပါတယ်။

ဒီလိုမျိုး ဝက်ခြံတွေ ဖြစ်ပေါ်တဲ့အခါ နောက်ထပ် ထပ်မံမဖြစ်ပေါ်ဖို့နဲ့ ရှိပြီးသားတွေ ပျောက်ကင်းသက်သာသွားစေဖို့အတွက် ရှောင်ကြဉ်သင့်တဲ့ အချက်တွေရှိတာကြောင့် ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

(၁) ခေါင်းအုံးစွပ်တွေ သန့်ရှင်းမှုအားနည်းခြင်း

တညတာလုံး မျက်နှာအသားအရေနဲ့ ကပ်ကာ အိပ်စက်ရတဲ့ ခေါင်းအုံးစွပ်တွေဟာ ဝက်ခြံတွေဖြစ်ပေါ်စေတဲ့ အဓိက အကြောင်းရင်းတွေထဲမှာ ပါဝင်တာကြောင့် ခေါင်းအုံးစွပ်တွေကို တရက်ခြားတခါဆိုသလို ပုံမှန်လဲလှယ်ပေးသင့်ပါတယ်။

(၂) မိတ်ကပ်ထူထူလိမ်းခြင်း

ဝက်ခြံတွေပေါက်နေချိန်မှာ မိတ်ကပ်ထူထူလိမ်းခြင်းဟာ ရှိပြီးသားဝက်ခြံတွေကို ပိုမိုဆိုးရွားလာစေတဲ့အပြင့် ထပ်မံဖြစ်ပေါ် ဖို့ကိုလည်း တွန်းအားပေးရာရောက်ပါတယ်။ မိတ်ကပ်ထူထူကြောင့် မျက်နှာပေါ်က ချွေးပေါက်လေးတွေပိတ်ပြီး ပြင်ပက အဆီနဲ့ ညစ်ညမ်းမှုတွေနဲ့ ပေါင်းစပ်ကာ ဝက်ခြံတွေကို ပိုမိုဆိုးရွားလာစေနိုင်တာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။

(၃) အချိုများတဲ့ အစားအစာတွေစားခြင်း

လေ့လာချက်တွေအရ အချိုများတဲ့ အစားအစာတွေမှာ ပါဝင်တဲ့ glycemic ဓာတ်ဟာ ဝက်ခြံတွေ နီမြန်းရောင်ရမ်းခြင်းကို အားပေးတယ်လို့ ဆိုပါတယ်။ အချိုများလွန်းတဲ့ အစားအစာတွေ စားသောက်ခြင်းဟာ ဝက်ခြံတွေ ဖြစ်ပေါ်လာရခြင်းနဲ့ တိုက်ရိုက်ဆက်စပ်နေတာကြောင့် ဝက်ခြံဖြစ်ပေါ်နေချိန်မှာ စားသုံးခြင်းကို သတိထားရှောင်ကြဉ်သင့်ပါတယ်။

(၄) မျက်နှာအလွန်အကျွံသစ်ခြင်းနဲ့ ချေးချွတ်ခြင်း

ဝက်ခြံတွေ ဖြစ်ပေါ်နေချိန်မှာ မျက်နှာကို မကြာခဏသစ်ခြင်းနဲ့ ချေးချွတ်ခြင်းတို့ဟာ မျက်နှာအသားအရေပေါ်က အပေါ်ယံအရေပြားလွှာကို ခြောက်သွေ့စေပြီး ဝက်ခြံတွေကို ပိုမိုဖြစ်ပေါ်လာနိုင်စေတာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။

(၅) ရေသောက်နည်းခြင်း

အသားအရေဟာ ရေဓာတ်ကို ဝက်ခြံတွေ ဖြစ်ပေါ်မှသာမဟုတ်ဘဲ အမြဲလိုလို လိုအပ်နေတတ်ပါတယ်။ အထူးသဖြင့် ဝက်ခြံတွေ ဖြစ်ပေါ်နေချိန်မှာ ရေဓာတ်အလုံအလောက်ပြည့်ဝအောင် သတိပြုသောက်သုံးသင့်ပါတယ်။

Ref. www.bustle.com

Did you find apk for android? You can find new Free Android Games and apps.
Loading