မျက်နှာနဲ့ တခြားခန္ဓာကိုယ်အနှံ့မှာ တွေ့ရတတ်တဲ့ အသားပိုစလေးတွေအကြောင်း သင်ဘယ်လောက်သိထားလဲ။ သေချာတာကတော့ မိန်းကလေးတွေရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဒီလိုအသားစလေးတွေရှိနေပြီဆိုရင် ပင်ကိုယ် အလှမှေးမှိန်သွားမှာ အသေအချာပါပဲ။
ဒီလိုအသားပိုစလေးတွေကို အင်္ဂလိပ်လို Acrochordon လို့ခေါ်ပြီး ကိုယ် ပေါ်မှာကပ်နေတဲ့ အသားစလေးတွေလို့ သတ်မှတ်ပါတယ်။
အသားပိုတွေကို အများဆုံးတွေ့ရတတ်တာကတော့ ချိုင်းကြားနဲ့ လည်ပင်းဖြစ်ပြီး ကိုယ်ပေါ်မှာ အသားအရစ် များတဲ့နေရာမျိုးတွေမှာ အဖြစ်များပါတယ်။ များသောအားဖြင့် အဝလွန်တဲ့သူတွေမှာ အသားတွေ အထစ်ထစ် ဖြစ်နေလို့ အသားပိုစတွေ ပိုတွေ့ရလေ့ရှိပါတယ်။
နောက်ထပ်မငြင်းပယ်နိုင်တဲ့အချက်က ဆီးချိုရောဂါခံစားနေရ သူတွေမှာလည်း တွေ့ရတယ်ဆိုတဲ့အချက်ပါ။
မနာကျင်တဲ့ အခြေအနေမလို့ ဆိုးရွားတယ်လို မသတ်မှတ်ပေမယ့်လည်း ကိုယ်ပေါ်မှာ အသားပိုစတွေ ဖြစ်လာတာ စိတ်အနှောင့်အယှက်ဖြစ်စရာပါပဲ။ အနည်းအကျဉ်းက ကြီးကြီးမားမား ပြဿနာမဟုတ်ပေမယ့် များများစားစား ရှိလာပြီဆိုရင် ယုံကြည်မှုတွေပျောက်ဆုံးပြီး လူတောမတိုးရဲတဲ့အထိ ဖြစ်သွားနိုင်လို့ ပေါ့ပေါ့ဆဆထားရမယ့် အကြောင်းအရာတခုတော့ မဟုတ်ပါဘူး။
အသားပိုစတွေဖြစ်လာပြီဆိုရင် ပျောက်ကင်းအောင် ကုသနိုင်မယ့် နည်းလမ်းတွေရှိပါတယ်။ အကောင်းဆုံးက တော့ ကျွမ်းကျင်တဲ့ဆရာဝန်နဲ့ တိုင်ပင်ပြီး ဖြတ်လိုက်တာပဲဖြစ်ဖြစ်၊ အပူပေးကုနည်းပဲဖြစ်ဖြစ်၊ အေးခဲလိုက်တာပဲ ဖြစ်ဖြစ် ပျောက်ကင်းအောင် ကုသနိုင်တယ်လို့ ဆိုပါတယ်။
နည်းနည်းပါးပါး စဖြစ်ခါစမို့ အိမ်မှာပဲ အိမ်တွင်းကု ထုံးနည်းနဲ့ ကုချင်တယ်ဆိုလည်း နည်းလမ်းရှိပါတယ်။
အိမ်မှာပဲ အိမ်တွင်းကုထုံးနဲ့ ကုချင်တယ်ဆိုရင် လိုအပ်တဲ့ပစ္စည်းက ရိုးရှင်းပါတယ်။ ရှာလကာရည်ပဲ လိုအပ်ပါ တယ်။ အိမ်တွင်းကုထုံးဖြစ်လို့ ဘယ်လိုပဲ စိတ်ချရတယ်ဆိုဦးတော့ တခုခုထူးခြားလာတယ်ဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံး သွားရောက်ပြသဖို့ အကြံပေးချင်ပါတယ်။
လူတယောက်နဲ့တယောက် ကိုယ်ခန္ဓာက တုံ့ပြန်ပုံခြင်းမတူ တာမို့ ထွက်လာတဲ့ရလဒ်တွေကွဲလွဲနိုင်လို့ပါ။
အရင်ဆုံး အသားပိုစတွေထွက်နေတဲ့နေရာတဝိုက်ကို သေချာသန့်စင်ပြီး ခြောက်သွေ့အောင်ထားပါ။ ရှာလကာရည် ရိုးရိုးထက် ပန်သီးရှာလကာရည်က ပိုအစွမ်းထက်တာမို့ apple cider vinegar အရည်ကို ဂွမ်းလေးနဲ့စွတ် ပြီး ၁၅ မိနစ်လောက် ထားပေးပါ။
ဒီနည်းလမ်းက လွယ်ကူတယ်ဆိုပေမယ့် တနေ့ကို တစ်ကြိမ်နဲ့ မလုံလောက်ပါ ဘူး။ အနည်းဆုံး ၂ ကြိမ်၊ ၃ ကြိမ်လောက် လုပ်ပေးပါ။
ဒီနည်းလမ်းအတိုင်း နေ့စဉ်ပုံမှန်လုပ်ပေးမယ်ဆိုရင် အသားပိုစတွေ တဖြည်းဖြည်း မဲခြောက်လာပြီး ကြွေကြ သွားပါလိမ့်မယ်။
တခုသတိထားရမှာက ပန်းသီးရှာလကာရည်က အပြင်းစားဖြစ်တာကြောင့် နူးညံ့ပြီး အထိအခိုက်မခံတဲ့ ခန္ဓာကိုယ်ပေါ်က နေရာတွေဆို မသုံးဖို့ သတိပေးချင်ပါတယ်။
Ref: BetterMe Tips