Health

မနက်စောစော အိပ်ရာ မထနိုင်တာဟာ မျိုးရိုးဗီဇနဲ့ ဆိုင်ကြောင်း လေ့လာတွေ့ရှိ

Want create site? Find Free WordPress Themes and plugins.

မနက်စောစော အိပ်ရာထတယ် ဆိုတာဟာ ပုံမှန်ထနေကျ လူတွေအနေနဲ့တော့ ခက်ခက်ခဲခဲ မဟုတ်ပေမယ့် တချို့သူတွေအတွက်တော့ ခက်ခဲတဲ့ အကျင့်တခုပါ။

မနက်စောစော အိပ်ရာမထသူတွေကို အပျင်းကြီးသူတွေလို့ ထင်မှတ်တတ်ကြပေမယ့် ဒီလို စောစော မထနိုင်ခြင်းဟာ မျိုးရိုးဗီဇနဲ့ သက်ဆိုင်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ ဒီလို မျိုးရိုးဗီဇအရ ကွာခြားမှုတွေကြောင်း စောစော အိပ်ရာထနိုင်တဲ့သူနဲ့ မထနိုင်တဲ့သူတွေဆိုပြီး ကွဲပြားခြားနားသွားတာ ဖြစ်ပါတယ်။

ဒီသုတေသနလေ့လာချက်ကို အတည်ပြုဖို့အတွက် လေ့လာသူတွေဟာ လူပေါင်း ၉၀၀၀၀ ခန့်ရဲ့ DNA တွေကို စစ်ဆေးကာ ပြုလုပ်ခဲ့ကြပါတယ်။ အသက်ကြီးပိုင်း ရောက်လာသူတွေဟာ မနက်စောစော ထနိုင်ကြပြီး အများအားဖြင့် အသက် ၃၀ အောက် လူငယ်တွေကတော့ မနက်စောစော အိပ်ရာမထနိုင်ကြဘူးလို့လည်း လေ့လာချက်တွေအရ သိရပါတယ်။

မနက်စောစော အိပ်ရာထနိုင်သူတွေနဲ့ မထနိုင်သူတွေကို အဓိက ကွဲပြားခြားနားစေတာကတော့ “CRY1” လို့ ခေါ်တဲ့ ဗီဇကြောင့်ဖြစ်ပြီး ဒီ Gene ဟာ အိပ်ရေး မဝတဲ့အခါ ဖြစ်တတ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေနဲ့ ဆက်စပ်မှု ရှိ၊ မရှိ ဆိုတာကတော့ မသိနိုင်သေးပါဘူး။

“မနက်စောစော ထနိုင်ခြင်း၊ မထနိုင်ခြင်းဟာ မျိုးရိုးဗီဇနဲ့လည်း သက်ဆိုင်သလို မိမိအိပ်စက်တဲ့ ပတ်ဝန်းကျင် အနေအထားနဲ့လည်း ဆက်စပ်နေပါတယ်။ ဆူဆူညံညံ အသံတွေ၊ မီးအလင်းရောင် အလွန်အကျွံရှိတဲ့ နေရာတွေနဲ့ စိတ်ဖိစီးမှုတွေ များခြင်းကြောင့် ညအိပ်မပျော်တဲ့အခါ မနက်စောစော မထနိုင်တာမျိုးတွေကတော့ သာမန်ဖြစ်စဉ်တွေသာ ဖြစ်ပါတယ်” လို့ အိပ်စက်ခြင်းဆိုင်ရာ သုတေသီ ဒေါက်တာ Ikramuddin ကဆိုပါတယ်။

မနက်စောစောအိပ်ရာထခြင်းဟာ ကျန်းမာရေးကို ပိုမိုကောင်းမွန်စေပြီး အသက်ရှည်ရှည်နေထိုင်ရတဲ့အပြင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကနေလည်း ကာကွယ်ရာရောက်တယ်လို့ ဆေးပညာရှင်တွေက ဆိုကြပါတယ်။

မနက်စောစော အိပ်ရာထနိုင်ဖို့အတွက် အလေ့အကျင့်တခု အနေနဲ့ ပုံမှန်ပြုလုပ်ပေးသင့်သလို အိပ်ရာ မဝင်ခင်မှာလည်း အိပ်စက်မှုကို အနှောင့်အယှက် ဖြစ်စေနိုင်တဲ့ ကဖင်းဓာတ်ပါဝင်တဲ့ အရည်တွေ သောက်သုံးတာမျိုးနဲ့ စမတ်ဖုန်းတွေ ကြာကြာသုံးတတ်တဲ့ အလေ့အကျင့်တွေကိုပါ စွန့်လွှတ်ရမှာ ဖြစ်ပါတယ်။

Ref : www.ahchealthenews.com

Did you find apk for android? You can find new Free Android Games and apps.
Loading