နေ့စဉ်ရုန်းကန် လှုပ်ရှားနေရတဲ့ လူနေမှုဘဝမှာ အမြဲတမ်းပျော်ပျော်ရွှင်ရွှင် ဖြစ်နေဖို့ဆိုတာဟာ ထင်သလောက် မလွယ်ကူတဲ့ ကိစ္စတခုပါ။ ဒါပေမဲ့ တချို့သူတွေကတော့ သူတို့ကို ကြည့်လိုက်ရင် အမြဲတက်တက်ကြွကြွနဲ့ ပျော်ပျော်ရွှင်ရွှင်နေကြတာကို တွေ့ဖူးကြမှာပါ။ အခုဖော်ပြပေးမှာကတော့ ဒီလိုအမြဲတမ်း တက်ကြွပျော်ရွှင်နေတတ်သူတွေ ပြုလုပ်လေ့ရှိတဲ့ နေ့စဉ် အမူအကျင့်တွေပဲ ဖြစ်ပါတယ်။
(၁) အမြဲတက်ကြွ ပျော်ရွှင်နေဖို့အတွက် ကျန်းမာရေးက အင်မတန် အရေးကြီးပါတယ်။ နေ့တနေ့ရဲ့ အရေးအကြီးဆုံး ဖြစ်တဲ့ မနက်စာကို ပြည့်ပြည့်ဝဝ လုံလုံလောက်လောက် စားသုံးပေးခြင်းဟာ တနေ့တာမှာ တက်ကြွပျော်ရွှင်နေစေဖို့ အထောက်အကူဖြစ်စေပါတယ်။
(၂) လုပ်ငန်းခွင်မှာ ဖုန်းတွေ ၊ကွန်ပျူတာတွေနဲ့ အမြဲလိုလို ရှုပ်ယှက်ခတ်နေတတ်ပြီး တခါတရံမှာ စိတ်ရှုပ်ထွေးပြီး စိတ်ဖိစီးမှု ဖြစ်လာတာမျိုး ကြုံဖူးကြမှာပါ။ စတမ်းဖို့ဒ် တက္ကသိုလ်ရဲ့ လေ့လာချက်အရ အမြဲတက်ကြွ ပျော်ရွှင်နေသူတွေဟာ တနေ့တာမှာ မိနစ် ၂၀ ခန့်ကို သဘာဝတရားကြီးနဲ့ ထိတွေ့ွှပြီး အချိန်ပေးတတ်ကြသူတွေ ဖြစ်ပါတယ်။ လေကောင်းလေသန့် ထွက်ရှုတာ၊ ဖုန်းတွေ၊ ကွန်ပျူတာတွေ မကြည့်ဘဲ ခဏလောက် အနားယူတာမျိုးတွေ ပြုလုပ်တတ်ကြပါတယ်။
(၃) ခန္ဓာကိုယ်မှာ ရေဓာတ်ခမ်းခြောက်လာတဲ့ အခါမျိုးမှာဆိုရင် စိတ်ဖိစီးမှုနဲ့ စိတ်ရှုပ်ထွေးမှုတွေကို ခံစားရတတ်တာကြောင့် တနေ့တာမှာ ရေများများသောက်သုံးပေးခြင်းကလည်း တက်ကြွရွှင်လန်းနေစေဖို့ အကူအညီဖြစ်စေပါတယ်။
(၄) စိတ်ပညာရှင်တွေရဲ့ အဆိုအရ တနေ့တာမှာ “me time”လို့ခေါ်တဲ့ မိမိအတွက် ကိုယ်ပိုင်အချိန်တခုကို ထားရှိပေးခြင်းဟာ အမြဲပျော်ရွင်နေစေဖို့အတွက် အထောက်အပံ့ဖြစ်စေနိုင်တယ်လို့ဆိုပါတယ်။ မိမိရဲ့ကိုယ်ပိုင် အချိန်တွေမှာ မိမိဝါသနာပါရာ တခုခုကို ပြုလုပ်ပေးခြင်းက စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာအတွက်ပါ အထောက်အပံ့ဖြစ်စေမှာ ဖြစ်ပါတယ်။
(၅) နယ်သာလန်နိုင်ငံက Philips သုတေသနဌာနရဲ့ လေ့လာချက်အရဆိုရင်တော့ သီချင်းနားထောင်ခြင်းဟာလည်း တက်ကြွပျော်ရွှင်နေသူတွေ ပြုလုပ်လေ့ရှိတဲ့ နေ့စဉ်အမူအကျင့်တွေထဲက တခုဖြစ်ပြီး သီချင်းနားထောင်ခြင်းဟာ အာရုံစူးစိုက်မှုနဲ့ စိတ်ခံစားမှုအပေါ် သက်ရောက်စေတယ်လို့ သိရပါတယ်။
Ref : www.sidetrend.com