ရာသီအကူးအပြောင်းကြောင့်ပဲဖြစ်ဖြစ်၊ ပင်ပန်းနွမ်းနယ်နေလို့ပဲဖြစ်ဖြစ် ဖျားတော့မယ်လို့ ခံစားရတဲ့အခါ ကြီးကြီးမားမား ဖျားနာမှုတွေမဖြစ်ခင် အခုဖော်ပြပေးမယ့် နည်းလမ်းတွေကို ကြိုတင်ပြုလုပ်ခြင်းအားဖြင့် ကာကွယ်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။
(၁) သာမန်ဖျားနာကိုက်ခဲခြင်းမျိုးတွေအတွက် ကြိုတင်ကာကွယ်ပေးနိုင်တဲ့ အကောင်းဆုံးနည်းလမ်းကတော့ အရည်များများသောက်ခြင်းပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ် ရေဓာတ်ခမ်းခြောက်တဲ့အခါမျိုးမှာလည်း နေမကောင်းဖြစ်ချင်သလို ခံစားရတတ်တာကြောင့် ကဖင်းဓာတ်ပါတဲ့အရည်တွေကို ရှောင်ကြဉ်ပြီး ရေနဲ့ လတ်ဆတ်တဲ့ အသီးဖျော်ရည်တွေကို သောက်သုံးပေးနိုင်ပါတယ်။
(၂) သဘာဝလက်ဖက်ရည်ကြမ်း(ဥပမာ- ပျားရည်၊ဂျင်းအနည်းငယ်နဲ့ ရေနွေးတို့ကို ရောစပ်ထားတဲ့ လက်ဖက်ရည်ကြမ်း) နဲ့ ပူပူနွေးနွေးစွပ်ပြုတ်တွေ သောက်သုံးခြင်းဟာ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်းနဲ့ ကိုယ်လက်နာကျင်ကိုက်ခဲခြင်းတွေကို သက်သာစေနိုင်တာကြောင့် သောက်သုံးပေးသင့်ပါတယ်။
(၃) ကိုယ်လက်နာကျင်ကိုက်ခဲပြီး နေမကောင်းဖြစ်တော့မယ်လို့ ခံစားရတဲ့အခါ ရေခပ်နွေးနွေးထဲကို ဆားအနည်းငယ် ထည့်ပြီး ရေချိုးပေးခြင်းက ကိုယ်လက်နာကျင်ကိုက်ခဲခြင်းတွေကို သက်သာစေတဲ့အပြင် လန်းဆန်းမှုကို ခံစားရစေ မှာဖြစ်ပါတယ်။
(၄) နေမကောင်းဖြစ်တော့မယ်လို့ ခံစားရတဲ့အခါ မဖြစ်မနေပြုလုပ်ပေးသင့်တာကတော့ ပြည့်ပြည့်ဝဝ အနားယူ အိပ်စက်ခြင်းပဲ ဖြစ်ပါတယ်။ သင်ဟာ ပုံမှန်လေ့ကျင့်ခန်းပြုလုပ်နေသူတဦးဆိုရင်လည်း လေ့ကျင့်ခန်းတွေကို ရပ်နားထားသင့်တဲ့အပြင် လုပ်လက်စ လုပ်ငန်းတွေကို ခေတ္တရပ်နားကာ အိပ်စက်ချိန်အလုံအလောက်နဲ့ ပြည့်ပြည့်ဝဝ အနားယူသင့်ပါတယ်။
(၅) ကိုက်ခဲနာကျင်မှုတွေကို သက်သာပျောက်ကင်းစေတဲ့ ဆေးဝါးတွေ ကြိုတင်သောက်သုံးခြင်းကလည်း ဖျားနာမှု ကြီးကြီးမားမားတွေ မဖြစ်ပေါ်စေဖို့ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ အကိုက်အခဲပျောက်ဆေးတွေကို ကလေးငယ်တွေကို တိုက်ကျွေးမယ်ဆိုရင်တော့ ဆရာဝန်ညွှန်ကြားချက်နဲ့သာ တိုက်ကျွေးသင့်ပါတယ်။
Ref. www.bustle.com