လူတိုင်းမှာ ကြောက်စိတ်ဟာ တယောက်တမျိုး မတူညီကြပေမယ့် အများအားဖြင့်တော့ ရှိတတ်ကြတာပဲ ဖြစ်ပါတယ်။ ကြောက်စိတ်လွန်ရောဂါ (Phobias) ဆိုတာကတော့ သာမန်လို့ထင်ရတဲ့ တစုံတခုကို လွန်လွန်ကဲကဲ ကြောက်ရွံ့တာမျိုးပဲ ဖြစ်ပါတယ်။
လူအများစုအတွက် ပုံမှန်လို့ထင်ရပေမယ့် မိမိအတွက်တော့ ဆောက်တည်ရာမရအောင် ကြောက်ရွံ့တတ်တဲ့ အဖြစ်များလှတဲ့ ကြောက်စိတ်လွန်ရောဂါ (Phobias) တွေကို ကျန်းမာရေးဗဟုသုတအနေနဲ့ ပြန်လည်မျှဝေပေး လိုက်ရပါတယ်။
(၁) Glossophobia
ဒါကတော့ လူအများရှေ့ထွက်ပြီး စကားပြောရမှာမျိုးကို ကြောက်တဲ့ Phobia ပဲဖြစ်ပါတယ်။ လူအများရှေ့ စကားထွက် ပြောရမယ်ဆိုရင် ခြေဖျားလက်ဖျားတွေအေးစက်ကာ နှလုံးခုန်မြန်လာပြီး ချွေးစေးတွေပြန်တဲ့အထိ ဖြစ်တတ်ကြတာမျိုးပဲ ဖြစ်ပါတယ်။
(၂) Claustrophobia
ပိတ်လှောင်ခံရတာမျိုးကို ကြောက်တဲ့ Phobia ပဲဖြစ်ပြီး အများအားဖြင့်တော့ ဓာတ်လှေကားမစီးရဲတာမျိုးနဲ့ အလုံပိတ်ထားတဲ့ နေရာမျိုးတွေမှာ မနေရဲတာမျိုးပဲ ဖြစ်ပါတယ်။
(၃) Acrophobia
အမြင့်ကြောက်တဲ့ ကြောက်စိတ်လွန်ရောဂါပဲဖြစ်ပြီး ဒီ Phobia ရှိသူတွေဟာ အမြင့်တွေပေါ်ရောက်သွားတဲ့အခါ ခေါင်းမူးလာတာ၊ ချွေးစေးတွေပြန်လာပြီး ရင်တုန်လာတာမျိုးတွေကို ခံစားရသူတွေပဲ ဖြစ်ပါတယ်။
(၄) Hemophobia
ဒါကတော့ သွေးထွက်သံယိုတွေမြင်တာနဲ့ ခေါင်းချာချာလည်မူးပြီး တချို့ဆို မေ့မြောသွားတဲ့အထိပါ ဖြစ်တတ်တဲ့ ကြောက်စိတ်လွန်ရောဂါပဲ ဖြစ်ပါတယ်။
(၅) Trypophobia
သေးငယ်တဲ့ အပေါက်လေးတွေကို ကြောက်တဲ့ Phobia ပဲဖြစ်ပြီး ဒီ Phobia ဟာဆိုရင်လည်း အဖြစ်များတဲ့ ရောဂါတမျိုးပဲဖြစ်ပါတယ်။
(၆) Nomophobia
အခုနောက်ပိုင်းမှာ အဖြစ်များလာတဲ့ Phobia တမျိုးပဲဖြစ်ပြီး ဒါကတော့ မိမိရဲ့ စမတ်ဖုန်းကို မျက်စိအောက်ကနေ အပျောက်မခံနိုင်ကြသူတွေမှာ ဖြစ်လေ့ရှိတဲ့ Phobia ပဲဖြစ်ပါတယ်။
(၇) Triskaidekaphobia
အနောက်တိုင်းလူမျိုးအများစုမှာ ဖြစ်လေ့ရှိကြတဲ့ Phobia ပဲဖြစ်ပြီး Friday 13 ကိုကြောက်တဲ့ Phobia ပဲဖြစ်ပါတယ်။ Friday13 ဟာ ကံဆိုးမိုးမှောင်မှုတွေကို ကျရောက်စေနိုင်တယ်လို့ အနောက်တိုင်းသားတွေက ယုံကြည်ကြပါတယ်။
Ref. www.wonderlist.com