လိမ္မော်သီး စားပြီးတဲ့အခါ အလွယ်တကူ လွှင့်ပစ်လေ့ရှိကြတဲ့ လိမ္မော်ခွံမှာ အသားအရေ အလှအပအတွက် အကျိုးကျေးဇူးများတဲ့ အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ ဒါကြောင့်မို့လို့ ပျိုမေတွေအတွက် အကုန်အကျသက်သာပြီး အသားအရေကို အကျိုးရှိစေမယ့် လိမ္မော်ခွံရဲ့ အသုံးဝင်ပုံနည်းလမ်းတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
(၁) လိမ္မော်ခံွံဟာ အသားအရေကို ကြည်လင်ညက်ညောစေတဲ့ သဘာဝပစ္စည်းတမျိုးဖြစ်တာကြောင့် အသားအရောင် မညီညာသူတွေနဲ့ မျက်နှာအသားအရေ အဆီပြန်သူတွေအနေနဲ့ လိမ္မော်ခွံအမှုန့်(ဒါမှမဟုတ်) လိမ္မော်ခံွံကို ကြိတ်ချေထားတဲ့ အနှစ်ကို Face Mask အဖြစ် အသုံးပြုနိုင်ပါတယ်။
(၂) လိမ္မော်ခွံမှာ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့ Anti-bacteria ပါဝင်တာကြောင့် ဝက်ခြံတွေကို ထိထိရောက်ရောက် သက်သာစေနိုင်ပါတယ်။ လိမ္မော်ခွံအမှုန့် ဒါမှမဟုတ် ကြိတ်ချေထားတဲ့ လိမ္မော်ခွံအနှစ် ၊ ပျားရည်နဲ့ နနွင်းတို့ကို ရောစပ်ကာ Face Mask အဖြစ် အသုံးပြုပြီး ၁၅ မိနစ်ခန့်ကြာရင်ရေနဲ့ သေချာစွာ ပြန်လည်ဆေးကြောပေးခြင်းအားဖြင့် ဝက်ခြံတွေကို သက်သာစေပါတယ်။
(၃) အသားအရေ ချောမွေ့ကြည်လင်ချင်သူတွေအနေနဲ့တော့ လိမ္မော်ခွံအမှုန့်နဲ့ သံပရာရည့်တို့ကို ရောစပ်ကာ မျက်နှာပေါင်းတင်နိုင်ပါတယ်။
(၄) လိမ္မော်ခွံဟာ ဆဲလ်အသေတွေကို ဖယ်ရှားပေးနိုင်ပြီး အသားအရေကို ကြည်လင်စေတာကြောင့် Scrub အနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။ ကြိတ်ချေထားတဲ့ လိမ္မော်ခွံအနှစ် ၊ သကြား ၊ အုန်းဆီနဲ့ပျားရည်အနည်းငယ်တို့ကို ရောစပ်ကာ Body Scrub အဖြစ် အသုံးပြုနိုင်ပါတယ်။
(၅) နှုတ်ခမ်းသားတွေခြောက်သွေ့ အက်ကွဲနေတာမျိုးအတွက် လိမ္မော်ခွံအမှုန့် ၊ သကြားအနည်းငယ် ၊ သံလွင်ဆီ (ဒါမှမဟုတ်) အုန်းဆီစစ်စစ်တို့နဲ့ ရာစပ်ကာ Lip Balm အဖြစ်လည်း အသုံးပြုနိုင်ပါတယ်။
ဆက်စပ် သတင်းလင့်ခ် – သင်သတိမထားမိတဲ့ လိမ္မော်ခွံရဲ့ အသုံးဝင်ပုံများ
Ref: www.ba-bamail.com