အသက်အရွယ် ရလာပြီဆိုတာနဲ့ အဓိက သိသာတာက မျက်လုံးတွေပါပဲ။ သင့်မျက်လုံး တဝိုက်မှာ အရေးကြောင်းတွေ တွေ့နေရပြီ ဆိုတာနဲ့ သင်ဘယ်လောက် ပင်ပန်းပြီး အရွယ်ကျနေပြီလဲဆိုတာ ခန့်မှန်းလို့ရပါတယ်။ ဒါကြောင့် ငယ်ရွယ်နုပျိုမှုကို ဆက်လက် ထိန်းထားဖို့အတွက် အရေးကြောင်းတွေ မဖြစ်စေနိုင်တဲ့ နည်းလမ်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်။
(၁) ဆဲလ်သေတွေ ဖယ်ရှားပါ
ငယ်ရွယ်နုပျိုမှုကို ဖော်ဆောင်ဖို့အတွက် ကျန်းမာလှပတဲ့ အသားအရေကို ရစေနိုင်တဲ့ အလွယ်ကူဆုံးနည်းလမ်းက Exfoliate လုပ်ခြင်း (ဆဲလ်သေတွေ ဖယ်ရှားခြင်း) ဖြစ်တယ်လို့ Jonna Vergas Skincare ရဲ့ Founder ဖြစ်သူက ဆိုပါတယ်။ တပတ်ကို နှစ်ကြိမ်လောက် ဆဲလ်သေဖယ်ရှားတဲ့ Scrub မျိုး လုပ်ပေးမယ်ဆိုရင် Skincare တွေက အသားထဲ အလွယ်တကူ စိမ့်ဝင်နိုင်တာကြောင့် ပိုပြီးသိသာတဲ့ အကျိုးဆက်ကို ရစေနိုင်ပါတယ်။
(၂) ညင်သာစွာ ထိတွေ့ပါ
မျက်နှာဟာ ခန္ဓာကိုယ်ရဲ့ ကျန်တဲ့ အစိတ်အပိုင်းတွေထက် ပိုပြီးနူးညံ့တာကြောင့် ညင်သာစွာ ထိတွေ့သင့်ပါတယ်။ မျက်လုံးနားတဝိုက်ကို Skincare လိမ်းတဲ့အခါ လက်ချောင်းလေးတွေနဲ့ အတွင်းဘက်ကနေ အပြင်ဘက်ကို ပုတ်ပြီး လိမ်းပေးပါ။ အရေပြားကို ဖိဆွဲတာမျိုး မလုပ်မိအောင် သတိပြုပါ။
(၃) အေးမြနေပါစေ
မျက်နှာသစ်တဲ့အခါ ရေပူနဲ့ မသစ်ပါနဲ့။ ရေပူက မျက်နှာကို ခြောက်သွေ့စေပြီး အစိုဓာတ်တွေလျော့ပါးစေသလို ယားယံတာမျိုးလည်း ဖြစ်တတ်ပါတယ်။ အလှကုန်ပစ္စည်းတွေကို အေးတဲ့နေရာမှာ သိမ်းထားပေးပါ။ ဒီလိုလုပ်ခြင်းအားဖြင့် ပစ္စည်းတွေ ကြာရှည်ခံသလို အာနိသင် လျော့ပါးသွားတာမျိုးလည်း မရှိတော့ပါဘူး။
(၄) ဟင်းသီးဟင်းရွက် စားသုံးပါ
ဖက်တီးအက်ဆစ်ပြည့်ဝတဲ့ အစေ့အဆံတွေ၊ ဥနဲ့ ထောပတ်သီးတွေ စားသုံးသင့်သလို အင်တီအောက်ဆီးဒင့်ဓာတ်တွေ ကြွယ်ဝစွာပါဝင်တဲ့ အသီးအနှံမျိုးစုံကိုလည်း စားသုံးပေးသင့်ပါတယ်။ အရောင်စုံ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်နဲ့အတူ တနေ့ကို အနည်းဆုံးရေ ၈ ခွက် သောက်သုံးပေးသင့်ပါတယ်။ ဒါ့အပြင် ဝိုင်နီကလည်း အသားအရေကို အထောက်အကူပြုတာကြောင့် သောက်သုံးပေးပါ။
(၅) ညဘက် အိပ်ရာဝင်ချိန်မှာ ဂရုစိုက်ပါ
အသက်အရွယ် ရလာတာနဲ့ အိပ်ခါနီးမှာ Anti-aging Cream မဖြစ်မနေ သုံးပါ။ သင့်အရေပြားကို အစိုဓာတ်ပြည့်ဝစေပြီး အရေးကြောင်း လျော့ပါးစေတဲ့ အလှကုန်ပစ္စည်းတခု ရွေးချယ်ပြီး သုံးပေးသင့်ပါတယ်။
(၆) Eye-cream သုံးပါ
မျက်လုံးကိုပဲ အထူးသီးသန့် ဂရုစိုက်ချင်သူတွေကတော့ Retinoids, Peptides, Hydrating Agents စတာတွေပါဝင်တဲ့ ခရင်မ်မျိုး သုံးပါ။ ဒါ့အပြင် မျက်လုံးတဝိုက်ဖြစ်တာကြောင့် အပျော့စား Skincare မျိုးကို ရွေးချယ်ပါလို့ Doctor Fusco က အကြံပြုထားပါတယ်။
(၇) ကာကွယ်ပါ
ကမ်းခြေသွားမှ Sunscreen သုံးတာမျိုး လုပ်မယ့်အစား ပုံမှန်သုံးပေးသင့်ပါတယ်။ နေသိပ်မပူတဲ့နေ့တွေမှာ SPF 15 ပါတာ သုံးပြီး နေပူတဲ့နေ့တွေမှာတော့ SPF 30 ပါတာ သုံးပါ။ ဒါ့အပြင် နေပူထဲ ထွက်မယ်ဆိုရင် နေကာမျက်မှန် တပ်ခြင်းအားဖြင့် မျက်စိကို ထိတွေ့တဲ့ UV တွေကို ကာကွယ်ပေးနိုင်သလို အရေးကြောင်းဖြစ်လာမှာကိုလည်း ကာကွယ်ပေးပါတယ်။
(၈) အိပ်ရေး ဝပါစေ
တနေ့ကို ၈ နာရီကနေ ၁၀ နာရီထိ အိပ်ရေးဝဝ အိပ်စက်မယ်ဆိုရင် မျက်လုံး အရေးကြောင်းဖြစ်ခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် သက်သောင့်သက်သာ အိပ်စက်နိုင်ဖို့အတွက် ပိုးသားလိုမျိုး နူးညံံံ့တဲ့ ခေါင်းအုံးမျိုးကို ရွေးချယ်ပါ။
Ref ; www.everydayhealth.com