သင့်ကိုယ်ခန္ဒာကိုယ်ဟာ သင်သတိမထားမိတဲ့ ဒီလိုအချက်တွေကို လုပ်ဆောင်ပေးနေပါတယ်။ ဒါကြောင့်ဘာတွေလုပ်ဆောင်နေသလဲဆိုတာ သိရအောင် ဗဟုသုတအနေနဲ့ ပြန်လည်ဝေမျှပေးလိုက်ပါတယ်။
– ပထမဆုံးအနေနဲ့ သင့်ရဲ့နှာခေါင်းက အနံ့ပေါင်း ၅၀၀၀၀လောက်ကို မှတ်မိပြီး ခွဲခြားနိုင်ပါတယ်။
– အရွယ်ရောက်ပြီးသားလူတယောက်ကို အက်တမ်ပေါင်း ၇၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀ နဲ့ပြုလုပ်ထားပါတယ်တဲ့။
– အရွယ်ရောက်ပြီးသူတယောက်ထက် ကလေးငယ်မှာ အရိုးပေါင်း ၆၀ ပိုပါပါတယ်။
– အရွယ်ရောက်ပြီး သူတယောက်ဟာသူ့ဘဝတလျှောက်လုံးမှာ ရေကူးကန်၂ကန်လောက်ဖြည့်လို့ရတဲ့ တံတွေးပမာဏကို ထုတ်လွှတ်ပါတယ်။
– လူတွေရဲ့ကြွက်သားတွေထဲမှာ အသန်မာဆုံးက မေးရိုးကြွက်သားဖြစ်ပါတယ်။
– ချွေးကအနံ့ံမရှိပါဘူး။ အရေပြားမှာကပ်နေတဲ့ဘက်တီးရီးယားတွေကသာ အနံ့ဆိုးတွေထုတ်လွှတ်တာဖြစ်ပါတယ်။
– ခန္ဓာကိုယ်အမွှေးအမျှင်ထူခြင်းဟာ ဉာဏ်ရည်မြင့်မားခြင်းနဲ့ ဆက်စပ်မှု ရှိပါတယ်တဲ့။
– ဘယ်တော့မှ ကြီးထွားမလာတာကတော့ နားရွက်နဲ့နားပဲဖြစ်ပါတယ်။
– လူတွေရဲ့ လက်ဗွေရာတွေ တခုနဲ့တခု မတူကြသလိုဘဲ လျှာကဗွေရာတွေကလည်း တခုနဲ့ တခုမတူကြပါဘူး။
– အိပ်ရာနိုးလာတဲ့အချိန်မှာ လူတွေရဲ့ဦးနှောက်ကနေ မီးသီးငယ်လေးတခုကို ထွန်းလို့ရနိုင်တဲ့ပမာဏရှိတဲ့ လျှပ်စစ်စွမ်းအင်ကို ထုတ်ပေးပါတယ်။
– လူတွေရဲ့အရိုးဟာ သံထက်တောင် သန်မာပါတယ်။
– မျက်လုံးပြာပြာနဲ့သူတွေက အရက်ကို သူများထက်ပိုသောက်နိုင်ပါတယ်။
– လူတွေရဲ့မျက်လုံးက မတူညီတဲ့အရောင် ၁၀ သန်းလောက်ကို ခွဲခြားနိုင်ပါတယ်။
– နိုးနေတဲ့အချိန် ၁၀ ရာခိုင်နှုန်းလောက်က မျက်လုံးပိတ်ခြင်း၊ မျက်တောင်ခတ်ခြင်းတို့နဲ့ အချိန်ကုန်လေ့ရှိပါတယ်။
– လူတွေရဲ့မျက်လုံးသာ ဒီဂျစ်တယ်ကင်မရာတလုံးဖြစ်မယ်ဆိုရင် သူ့မှာ ၅၇၆ megapixels ရှိပါတယ်။
– ခန္ဓာကိုယ်မှာရှိတဲ့ဘက်တီးရီးယားစုစုပေါင်းအလေးချိန်က ၄ပေါင်ရှိပါတယ်။
– ဂီတက သင့်ရဲ့နှလုံးခုန်နှုန်းကိုပြောင်းလဲပေးပြီး သီချင်းနဲ့ တသားတည်းဖြစ်စေပါတယ်။
– ဦးနှောက်က ခန္ဓာကိုယ်ရဲ့ အောက်ဆီဂျင်နဲ့ သွေး ၂၀ ရာခိုင်နှုန်းလောက်အသုံးပြုရပါတယ်။
– အရိုးတွေက ရေဓာတ် ၃၁ ရာခိုင်နှုန်းနဲ့ ဖွဲ့စည်းထားပါတယ်။
– ကမ္ဘာပေါ်မှာရှိသမျှသူတွေထက် သင့်ပါးစပ်ကဘက်တီးရီးယားပမာဏက ပိုများပါတယ်။
– အိပ်ရာအောက်က ဖုန်မှုန့်တွေက တနည်းအားဖြင့် သင့်အရေပြားရဲ့ဆဲလ်အသေတွေပဲဖြစ်ပါတယ်။
– ညတိုင်းအိပ်ချိန်ဟာ ၇ နာရီထက်နည်းနေတယ်ဆိုရင် သင့်ရဲ့လူ့သက်တမ်းလျော့ကျစေနိုင်ပါတယ်။
– နှလုံးဟာ ကိုယ်ထဲကထုတ်လိုက်တယ်ဆိုရင်တောင် ဆက်လက်ခုန်နေနိုင်ပါတယ်။
– အသက် ၄၀ မရောက်ခင်အထိ ဦးနှောက်က ဆက်လက်ဖွံ့ဖြိုးနေပါတယ်။
– လူသားတွေရဲ့နှလုံးက အများစုထင်နေသလို ဘယ်ဘက်မှာရှိတာမဟုတ်ဘဲ အလယ်မှာရှိနေတာပဲဖြစ်ပါတယ်။
– အမွှေးအမျှင်ရိတ်ခြင်းနဲ့ ဖယ်ရှားခြင်းဟာ သင့်အမွှေးတွေကိုထူလာစေတယ်ဆိုတဲ့ သေချာတဲ့သိပ္ပံနည်းကျဆန်းစစ်ချက်မရှိသေးပါဘူးတဲ့။
– အစာအိမ်ကအက်ဆစ်ဓာတ်ဟာ သင့်အရေပြားကိုအပေါက်ကြီးတခုဖြစ်အောင် လုပ်နိုင်စွမ်းရှိပါတယ်။
– အောက်ဆီဂျင်မရှိဘဲအဆုတ်က ၅ မိနစ်အထိသာနေနိုင်ပါတယ်။
– လိင်မှုကိစ္စက တမိနစ်မှာ ၃.၆ ကယ်လိုရီလောင်ကျွမ်းစေပါတယ်။
– အမျိုးသမီးတို့ရဲ့ လိင်အင်္ဂါကြွက်သားဟာ ကလေးမွေးပြီး ၆ လအကြာမှ ပုံမှန်အရွယ်ပြန်ရောက်ပါတယ်။
– ခန္ဓာကိုယ်ပိန်ခြင်းဝခြင်းဟာ အဆီဆဲလ်တွေ ကြီးလာခြင်း၊ သေးလာခြင်းသာဖြစ်ပါတယ်။
ကဲ ဒါဆိုရင် လူသားတွေရဲ့ ကိုယ်ခန္ဓာအကြောင်းတစေ့တစောင်းသိလောက်ပြီထင်ပါတယ်။ ဒါ့အပြင်ကျန်းမာရေးနဲ့ဆိုင်တဲ့ ဗဟုသုတတွေလည်း အနည်းငယ်တီးခေါက်မိမယ်လို့ မျှော်လင့်မိပါတယ်။
www.factslides.com