Health

နှိုးစက်ပေးပြီး ပြန်လည်အိပ်စက်ခြင်းရဲ့ ကျန်းမာရေး အကျိုးများ

Want create site? Find Free WordPress Themes and plugins.

လူအများစုဟာ ညအိပ်ရာဝင်တော့မယ်ဆိုရင် မနက်ခင်းမှာထနိုင်ဖို့အတွက် နှိုးစက်ပေးထားတတ်ကြပြီး နှိုးစက်မြည်ချိန်မှာတော့ အိပ်ရာကနေ မထသေးဘဲ ပြန်လည်အိပ်စက်တတ်ကြပါတယ်။ သုတေသနလေ့လာချက်တွေအရတော့ နှိုးစက်ပေးပြီး ပြန်လည်အိပ်စက်ခြင်းဟာ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို ထိခိုက်စေနိုင်တယ်လို့ဆိုပါတယ်။

ဒါကြောင့်မလို့ မနက်ခင်းမှာ နှိုးစက်ပေးပြီး ပြန်ပြန်အိပ်တတ်သူတွေအနေနဲ့ သတိပြုဆင်ခြင်နိုင်အောင်လို့ နှိုးစက်ပေးပြီး ပြန်လည်အိပ်စက်ခြင်းရဲ့ ကျန်းမာရေးအပေါ် သက်ရောက်မှုတွေကို ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

(၁) စက်မြည်ချိန်မှာ မထသေးဘဲ တရေးလောက်ပြန်မှေးတာဟာ ဇိမ်ကျတယ်လို့ ထင်မှတ်တတ်ကြပေမယ့် တကယ်တော့ အိပ်စက်ခြင်းစက်ဝန်း (sleep cycle) ကို အနှောင့်အယှက်ဖြစ်စေတတ်ပါတယ်။ နိုးလိုက်၊ အိပ်လိုက် ပြုလုပ်ခြင်းကြောင့် ဦးနှောက်ဟာ ရှုပ်ထွေးသွားပြီး အိပ်ရာကနိုးတဲ့အခါ ခေါင်းမကြည်လင်တာနဲ့ ခေါင်းအုံ၊ ခေါင်းကိုက်တာတွေကို ခံစားရစေ နိုင်ပါတယ်။

(၂) ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာသုတေသနလေ့လာချက်တွေအရ နှိုးစက်ပေးပြီး နာရီဝက်ခန့်ပြန်လည်အိပ်စက် တတ်ခြင်းဟာ ဦးနှောက်ကိုပင်ပန်းစေပြီး ရေရှည်မှာ စိတ်ကျရောဂါအပါအဝင် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာတွေကို ခံစားရစေနိုင်တယ်လို့ ဆိုပါတယ်။

စက်မမြည်ခင် အိပ်ရာကနေကြိုနိုးလာတာဟာ ကျန်းမာရေးအတွက် ပြဿနာမရှိပေမယ့် စက်မြည်ပြီး ပြန်လည်အိပ်စက် ခြင်းကတော့ ခန္ဓာကိုယ်ကျန်းမာရေးအတွက်ရော စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်ပါ ဆိုးကျိုးတွေကိုသာ သက်ရောက်စေနိုင်ပါတယ်။

(၃) အိပ်စက်ဖို့နဲ့ ထဖို့ကို ဦးနှောက်ဟာ ချက်ချင်းဆိုသလို ပြုလုပ်နိုင်တာမဟုတ်ဘဲ အချိန်အတိုင်းအတာတခု ရယူပြီး ပြုလုပ်ရတာဖြစ်ပါတယ်။ စက်ပေးပြီး ပြန်အိပ်ခြင်းဟာ ချက်ချင်းအိပ်၊ ချက်ချင်းထဆိုသလို ပြုလုပ်ရတာဖြစ်တာကြောင့် ဦးနှောက်ကိုရော ခန္ဓာကိုယ်ကိုပါ ပင်ပန်းနွမ်းနယ်စေပြီး ရှုပ်ထွေးစေပါတယ်။

(၄) အိပ်ရာထချိန်မှန်ကန်စေဖို့ဆိုတာဟာ အလေ့အကျင့်တခုအနေနဲ့ ပြုလုပ်ပေးမယ်ဆိုရင် ခန္ဓာကိုယ်ရဲ့သဘာဝအတိုင်း အိပ်ချိန်နိုးချိန်ဟာ မှန်ကန်နေမှာပဲဖြစ်ပါတယ်။

စက်မြည်သံဟာ ဦးနှောက်ကို ရုတ်တရက်ဆိုသလို လိုက်သလိုဖြစ်တဲ့အပြင် စက်မြည်ပြီး ပြန်အိပ်ခြင်းဟာလည်း ဦးနှောက်ကိုထိခိုက်စေနိုင်တာကြောင့် စက်မလိုဘဲ အိပ်ရာထတဲ့အကျင့်နဲ့ စက်မြည်ပြီး ချက်ချင်းအိပ်ရာကနေ ထတတ်တဲ့အလေ့အကျင့်တို့ကို ကြိုးစားပြုလုပ်သင့်ပါတယ်။

Ref. thethirty.byrdie.com

Did you find apk for android? You can find new Free Android Games and apps.
Loading