ကမ္ဘာ့နိုင်ငံအသီးသီးမှာ မတူညီတဲ့ ယဉ်ကျေးမှုဓလေ့ ထုံးစံတွေ ရှိကြပြီး ကျန်းမာရေးနဲ့ ပတ်သက်ပြီးလည်း တနိုင်ငံနဲ့ တနိုင်ငံ မတူညီတဲ့ ကျန်းမာရေး အလေ့အကျင့်ကောင်းတွေ ရှိပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံအသီးသီးက စိတ်ဝင်စားစရာ ကျန်းမာရေး လျှို့ဝှက်ချက်တွေကို ပြန်လည်မျှဝေပေးလိုက်ရပါတယ်။
(၁) Green tea သောက်သုံးခြင်း (တရုတ်)
တရုတ်လူမျိုးတွေဟာ လက်ဖက်စိမ်း Green tea ရေနွေးကြမ်းကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀၀ လောက်ကတည်းက စတင်သောက်သုံးခဲ့ကြတာဖြစ်ပြီး Green tea ရေနွေးကြမ်း နေ့စဉ်သောက်သုံးပေးခြင်းဟာ နှလုံးရောဂါ၊ ကင်ဆာရောဂါနဲ့ သွေးပေါင်ချိန် မညီမျှခြင်းစတဲ့ ကျန်းမာရေးပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။
(၂) တရားထိုင်ခြင်း (အိန္ဒိယ)
အိန္ဒိယလူမျိုးတွေဟာ တရားထိုင်ခြင်းကနေ စိတ်ကျန်းမာရေးအတွက်ရော ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်ပါ အထောက်အကူဖြစ်စေတယ် ဆိုတာကို ယုံကြည်လက်ခံကြပြီး အခုနောက်ပိုင်းမှာဆိုရင်တော့ ကမ္ဘာတဝှမ်းလုံးက လက်ခံထားကြပါတယ်။
(၃) ပဲငပိ စားသုံးခြင်း (ဂျပန်)
ဂျပန်လူမျိုး အမျိုးသမီးတွေဟာ ကမ္ဘာမှာ ရင်သားကင်ဆာ ဖြစ်ပွားမှု အလျော့နည်းဆုံးသူတွေပဲ ဖြစ်ကြပြီး အဲဒီအတွက် လျှို့ဝှက်ချက်ကတော့ ပဲငပိကို နေ့စဉ်အစားအစာတွေထဲမှာ မပါမဖြစ် စားသုံးကြလို့ပဲ ဖြစ်ပါတယ်။
(၄) အစပ် စားသုံးခြင်း (ထိုင်း)
ထိုင်းအစားအစာတွေ အများစုဟာ ပူပူစပ်စပ် အရသာရှိတဲ့ အစားအစာတွေပဲ ဖြစ်တာကို သတိထားမိကြမှာပါ။ အစပ်ပါတဲ့ အစားအစာတွေစားသုံးခြင်းဟာ ဆီးချို၊ နှလုံးသွေးကြောကျဉ်းဆိုင်ရာ ရောဂါတွေနဲ့ ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်ပါတယ်။
(၅) ဝိုင်နီ သောက်သုံးခြင်း (အီတလီ)
သုတေသနလေ့လာချက်တွေအရ အီတလီလူမျိုးတွေဟာ အသက်ရှည်ကြပြီး သူတို့ရဲ့လျှို့ဝှက်ချက်ကတော့ ဝိုင်နီကို ဟင်းလျာတွေထဲမှာ ထည့်သွင်းချက်ပြုတ်ခြင်းနဲ့ သောက်သုံးခြင်းတွေကြောင့်ပဲ ဖြစ်ပါတယ်။
(၆) သံလွင်ဆီ စားသုံးခြင်း (ဂရိ)
ဂရိလူမျိုးတွေရဲ့ ကျန်းမာနုပျိုခြင်းဆိုင်ရာ လျှို့ဝှက်ချက်ကတော့ သံလွင်ဆီကို ဟင်းလျာချက်ပြုတ်တဲ့အခါ ဟင်းချက်ဆီ အဖြစ် အသုံးပြုကြတာဖြစ်ပြီး သံလွင်ဆီဟာ ကင်ဆာရောဂါနဲ့ နှလုံးရောဂါဖြစ်ပွားနိုင်ခြေတို့ကို လျော့ကျစေပါတယ်။
(၇) စက်ဘီးစီးခြင်း (နယ်သာလန်)
နှလုံးကျန်းမာရေးဆိုင်ရာ လေ့လာချက်တွေအရ တနေ့မှာ မိုင် ၂၀ ခန့် စက်ဘီးစီးပေးခြင်းဟာ နှလုံးရောဂါဖြစ်ပွားနိုင်ခြေကို ၅၀ ရာခိုင်နှုန်းခန့် ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ နယ်သာလန်နိုင်ငံမှာတော့ စက်ဘီးစီးခြင်းဟာ အဓိကအသုံးပြု ကြတဲ့ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတခုပဲ ဖြစ်ပါတယ်။
Ref : www.prima.co.uk