လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ကြက်ဥဟာ အမျိုးသမီးတွေ အသားအရေ အလှအပအတွက် အသုံးပြုလေ့ရှိကြတဲ့ သဘာဝပစ္စည်းတမျိုးဖြစ်ပြီး ကြက်ဥအကာဟာ အသားအရေ အမျိုးအစား အမျိုးမျိုးအတွက် အသုံးတည့်ပါတယ်။ ဒါကြောင့်မို့လို့ မျက်နှာအသားအရေအတွက် ကြက်ဥအကာရဲ့ အသုံးဝင်တဲ့နည်းလမ်းတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
(၁) အရေပြား လျော့တွဲတာကို သက်သာစေတယ်
ကြက်ဥအကာကို သံလွင်ဆီ အနည်းငယ်နဲ့ရောစပ်ပြီး မျက်နှာအသားအရေပေါ် လိမ်းပေးမယ်ဆိုရင်တော့ အရေပြားလျော့တွဲတာတွေနဲ့ အရေးကြောင်းတွေကို သက်သာစေမှာပါ။ ကြက်ဥအကာဟာ collagen ထုတ်လုပ်မှုကို အားကောင်းစေပြီး သံလွင်ဆီကတော့ အသားအရေကို ပြန်လည်တင်းရင်းစေနိုင်တာကြောင့် တပတ်မှာ ၂ ကြိမ်ခန့် ပြုလုပ်ပေးသင့်ပါတယ်။
(၂) ဝက်ခြံတွေကို ပျောက်ကင်းစေတယ်
ကြက်ဥအကာကို သံပုရာရည် နှစ်စက်ခန့်နဲ့ ပျားရည် လက်ဖက်ရည်ဇွန်း တဇွန်းတို့ ရောစပ်ကာ ဝက်ခြံရှိတဲ့ မျက်နှာ အသားအရေပေါ်ကို ပေါင်းတင်ပေးခြင်းအားဖြင့် ဝက်ခြံတွေနဲ့ ဝက်ခြံကြောင့် ကျန်ခဲ့တဲ့ အမာရွတ်တွေကို သက်သာပျောက်ကင်းစေ ပါတယ်။
(၃) မျက်လုံးအောက်က အရေးအကြောင်းတွေကို သက်သာစေတယ်
အသက်အရွယ်ရလာတာနဲ့အမျှ ဖြစ်ပေါ်လာတတ်တဲ့ မျက်လုံးတဝိုက်က အရေးအကြောင်းတွေကို သက်သာစေဖို့အတွက် ကြက်ဥအကာကို လိမ်းပေးပြီး နာရီဝက်ခန့်အကြာမှ ရေအေးအေးလေးနဲ့ ဆေးကြောပေးနိုင်ပါတယ်။
(၄) ဆားဝက်ခြံတွေကို ပျောက်ကင်းစေတယ်
နှာခေါင်းပေါ်က ဆားဝက်ခြံတွေအတွက် ကြက်ဥအကာကို ဆားဝက်ခြံရှိတဲ့ ခေါင်းတဝိုက်မှာလိမ်းပေးပြီး သန့်စင်တဲ့ တစ်ရှူးနဲ့ ကပ်ပေးပါ။ ဆက်ပြီးတင်းလာပြီဆိုရင်တော့ ခွာချလိုက်ပြီး ရေအေးအေးလေးနဲ့ ဆေးကြောပေးရုံနဲ့ ဆားဝက်ခြံတွေကို ပျောက်ကင်းလာစေပါတယ်။
(၅) ရေဓာတ်ကို ဖြည့်တင်းပေးနိုင်တယ်
အသားအရေ ခြောက်သွေ့သူတွေအတွက် ကြက်ဥအကာကို ဒိန်ချဉ် လက်ဖက်ရည်ဇွန်း တဇွန်းနဲ့ ရောစပ်ကာ ပေါင်းတင်ပေးခြင်းအားဖြင့် မျက်နှာအသားအရေကို စိုပြည်ကြည်လင်လာစေပါတယ်။
Ref : www.standardmedia.co.ke